HomeTechFacebook ကို တီထွင်ခဲ့သူ Mark Zuckerberg နဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ထိပ်သီးဒီမိုကရေစီဝါဒီများ။

Facebook ကို တီထွင်ခဲ့သူ Mark Zuckerberg နဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ထိပ်သီးဒီမိုကရေစီဝါဒီများ။

- Advertisement -

လွန်ခဲ့တဲ့နှစ်အချို့က ညစာစားပွဲတစ်ခုကို အမေရိကန်သမ္မတဟောင်း Barak Obama နဲ့ Facebook  တီထွင်သူ Mark Zuckerberg တို့တက်ရောက်ခဲ့ပါတယ်။ ထိုပွဲမှာတော့ ထိပ်သီးဒီမိုကရေစီဝါဒီတစ်ဦးဖြစ်တဲ့ Nancy Pelosi က စင်ပေါ်တက်ပြီး Facebook ရဲ့ COO ဖြစ်သူ Sheryl Sandberg ရဲ့ အမျိုးသမီးတွေကို ကူညီအားပေးခဲ့တဲ့ လှုပ်ရှားမှုတွေအပေါ် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်မှာတော့ Nancy Pelosi က Facebook ဟာ “အမေရိကန်လူမျိုးတွေကို ဘယ်ကရမှန်းမသိတဲ့ပိုက်ဆံတွေနဲ့ လမ်းမှားပို့နေတယ်” ဆိုပြီး အပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါတယ်။ New York Times နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယသမ္မတဟောင်း Joe Biden ကလည်း သူ့အနေနဲ့ Facebook ကို အားပေးထောက်ခံခဲ့ခြင်းမရှိကြောင်း၊ Mark Zuckerberg ဟာလည်း တကယ့်ကို ပြဿနာကောင်ဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့ပါသေးတယ်။

Mark Zuckerberg ဟာ ဘယ်အချိန်ကနေစပြီး ဒီမိုကရေဒီဝါဒီတွေရဲ့ အမြင်စောင်းခြင်းကို ခံရတာလဲဆိုတော့ အချို့သော Facebook အသုံးပြုသူတွေဟာ မှားယွင်းပြီးမသေချာတဲ့သတင်းတွေကို Facebook မှာ  ရေးသားဖြန့်ကျက်ခဲ့ခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံရေးကိုသိတတ်နားမလည်တဲ့ သာမန်လူတန်းစားတွေဟာလည်း ဘုမသိဘမသိနဲ့ အဆိုပါသတင်းမှားဖြန့်သူတွေကနေတဆင့် ပြန်လည်မျှဝေကြရင်း ကမ္ဘာတစ်ခုလုံးပျံ့နှံ့သွားပြီး ဖြေရှင်းရခက်တဲ့ ရှုပ်ထွေးမှုတွေဖြစ်လာပါတော့တယ်။

Facebook အနေနဲ့လည်း သတင်းအမှားတွေကို ဖျက်ပစ်တာမျိုးတွေလုပ်ပေမယ့် အသုံးပြုသူများပြားတာကြောင့် အဆိုးရွားဆုံးဖြစ်ရပ်တွေထဲက တစ်ခုဖြစ်တဲ့ သတင်းမှားဖြန့်တဲ့လုပ်ရပ်ကို တားဆီးဖို့ခက်ခဲနေတာပဲဖြစ်ပါတယ်။ Facebook ကုမ္ပဏီဟာလည်း နိုင်ငံရေးသမားတွေကြားညှပ်နေတယ်လို့ပဲ ဆိုရပါမယ်။

- Advertisement -

ဒါဆိုရင် Nancy Pelosi က ဘာကြောင့်များ Facebook ကို အထက်မှာဖော်ပြထားသလိုမျိုး အပြစ်တင်ပြောဆိုရတာလဲဆိုတာကို ကြည့်ရအောင်ပါ။ Facebook အဖွဲ့ဟာ Mrs. Pelosi  နဲ့ပတ်သက်ပြီး မမှန်မကန်ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို ဖျက်ပစ်ပေးဖို့ငြင်းဆိုခြင်းအားဖြင့် သူမရဲ့  ဒေါသကို အထွတ်အထိပ်သို့ ရောက်ရှိအောင် ဆွလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ Mrs. Pelosi ဘက်မှ ရပ်တည်ပေးသူ Mrs. Clinton ဟာလည်း Pelosi ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်တဲ့ Facebook ရဲ့လုပ်ရပ်ဟာ ကျားမရေးရာခွဲခြားဆက်ဆံတဲ့သဘော သက်ရောက်တယ်လို့ ဆိုပါတယ်။

Facebook ပဲ့ကိုင်ရှင် Mark Zuckerberg ကတော့ အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီး ဘာမှဖြေကြားခြင်းမရှိပါဘူး။

- Advertisement -

<Unicode Version>

 

 






- Advertisement -



<Zawgyi Version>

Source ~ CNN News

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

six − 1 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...