HomeHealth & Beautyလူတိုင်းသိထားသင့်သော Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း။

လူတိုင်းသိထားသင့်သော Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း။

- Advertisement -

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ခါနီးလောက်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ SARS ဆားစ်ဗိုင်းရပ်စ်နဲ့ ပုံစံတူ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ “Coronavirus”လို့ အမည်ရတဲ့ ဗိုင်းရပ်တစ်မျိုး ပျံ့နှံ့လာပြီး အဆိုပါဗိုင်းရပ်ဟာ သာမန်မဟုတ်တဲ့ အဆုတ်ရောင်ရောဂါကိုဖြစ်စေကြောင်း ဝူဟန်ဆေးဌာနက လူထုကိုအသိပေးခဲ့ပါတယ်။

ဆေးသိပ္ပံပညာရှင် Leo Poonက “ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့သိတာကတော့ ဒီဗိုင်းရပ်စ်ဟာ သာမန်မဟုတ်တဲ့ အဆုတ်ရောင်ရောဂါကိုဖြစ်စေနိုင်ပြီး ပိုးသတ်ဆေးတွေနဲ့ ကုသတဲ့အခါမှာ ထူးခြားမှုမရှိတာကို  တွေ့ရပါတယ်။”လို့ဆိုခဲ့ပါတယ်။

- Advertisement -

ဒါကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အဆိုပါအဆုတ်ရောင်ရောဂါနဲ့ ပတ်သက်ပြီး သိထားသင့်သည့်အချက်များ ဆောင်ရန်ရှောင်ရန်များကို အသိပေးဖော်ပြခဲ့ပါတယ်။

- Advertisement -

Coronavirusဆိုတာ ဘယ်လိုဗိုင်းရပ်စ်မျိုးလဲ?

- Advertisement -

Coronavirusဆိုတာဟာ ရောဂါပိုးမွှားတွေအများကြီးပါဝင်နေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး တိရစ္ဆာန်တွေကနေ   ပေါက်ဖွားလာတာဖြစ်တာကြောင့် တိရစ္ဆာန်တွေကနေတဆင့် လူတွေဆီကူးစက်တတ်ပါတယ်။

 

ရောဂါလက္ခဏာအခြေအနေတွေက ဘာတွေဖြစ်မလဲ ?

အအေးမိရောဂါနဲ့ အလားသဏ္ဍာန်တူပြီး အသက်ကြီးပြီး အသက်ငယ်သူတွေလိုမျိုး ခုခံအားနည်းတဲ့သူတွေကို ပိုပြီးကပ်လွယ်တဲ့ ရောဂါပိုးမွှားတစ်မျိုးလည်းဖြစ်ပါတယ်။ MERS နဲ့ SERS ရောဂါပိုးမွှားတွေကြောင့် ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာမျိုးတွေကိုလည်း ဖြစ်စေတတ်ပါသေးတယ်။

 

ရောဂါပျံ့နှံ့ပုံ ?

တိရစ္ဆာန်တွေကနေ ကူးစက်တတ်တဲ့ရောဂါဖြစ်တဲ့အတွက် တိရစ္ဆာန်တွေနဲ့ အထိအတွေ့များတဲ့ သူတွေကို အဆိုပါရောဂါပိုးက ပိုပြီးကပ်လွယ်ပါတယ်။ အဆိုပါရောဂါပိုးရှိထားတဲ့သူနဲ့ ထိတွေ့ဆက်ဆံမိတဲ့ သူတွေဟာလည်း အဆုတ်ရောင်ရောဂါကို ခံစားရနိုင်ပါတယ်။

 

ကုသနည်းတွေကကော ?

အခုချိန်ထိတော့ တိကျသေချာတဲ့ ကုသမှုမျိုးမရှာတွေ့သေးပေမယ့် ဆေးပညာရှင်တွေက ဆားစ်နဲ့မားစ်ရောဂါကို ကုသတဲ့နည်းလမ်းတွေ၊ ဆေးတွေကို အသုံးပြုနေရပါတယ်။ ဒါကြောင့် Coronavirus ကြောင့် အဆုတ်ရောင်ရောဂါဖြစ်နေတဲ့သူတွေဟာ နွေးထွေးတဲ့ဝန်းကျင်မှာ နေထိုင်သင့်ကြောင်း   ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။

 

ကာကွယ်နည်းတွေကကော ?

ထိရောက်တဲ့ကုသနည်း မတွေ့သေးတာကြောင့် အဆိုပါရောဂါမခံစားရအောင် ကာကွယ်ချင်ရင်တော့ ဖျားနာတဲ့သူနတွေနဲ့ ထိတွေ့ဆက်ဆံမှုကို တတ်နိုင်သမျှလျှော့ချရမှာပဲဖြစ်ပါတယ်။ အကယ်၍ ကိုယ်ကဖျားနာနေတဲ့သူဆိုရင်တော့ လူကြားထဲ မသွားသင့်ပါဘူး။ တကယ်လို့ မဖြစ်မနေ သွားဖို့လိုအပ်တဲ့အခါမျိုးတွေမှာဆိုရင်လည်း မျက်နှာဖုံးတပ်သွားသင့်တယ်လို့လည်း ဆေးပညာရှင်တွေက အကြံပြုပြောဆိုထားပါတယ်။

<Unicode Version>

 

 

လူတိုင္းသိထားသင့္ေသာ Coronavirus ေၾကာင့္ျဖစ္ပြားေသာ အဆုတ္ေရာင္ေရာဂါအေၾကာင္း။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလကုန္ခါနီးေလာက္က တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ SARS ဆားစ္ဗိုင္းရပ္စ္နဲ႔ ပံုစံတူ ဗုိင္းရပ္စ္တစ္မ်ိဳးျဖစ္တဲ့ “Coronavirus”လို႔ အမည္ရတဲ့ ဗိုင္းရပ္တစ္မ်ိဳး ပ်ံ႕ႏွံ႔လာၿပီး အဆိုပါဗိုင္းရပ္ဟာ သာမန္မဟုတ္တဲ့ အဆုတ္ေရာင္ေရာဂါကိုျဖစ္ေစေၾကာင္း ဝူဟန္ေဆးဌာနက လူထုကိုအသိေပးခဲ့ပါတယ္။

ေဆးသိပၸံပညာရွင္ Leo Poonက “ဒီဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ ကၽြန္ေတာ္တို႔သိတာကေတာ့ ဒီဗိုင္းရပ္စ္ဟာ သာမန္မဟုတ္တဲ့ အဆုတ္ေရာင္ေရာဂါကိုျဖစ္ေစႏိုင္ၿပီး ပိုးသတ္ေဆးေတြနဲ႔ ကုသတဲ့အခါမွာ ထူးျခားမႈမရွိတာကို  ေတြ႔ရပါတယ္။”လို႔ဆိုခဲ့ပါတယ္။

ဒါေၾကာင့္ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္က အဆိုပါအဆုတ္ေရာင္ေရာဂါနဲ႔ ပတ္သက္ၿပီး သိထားသင့္သည့္အခ်က္မ်ား ေဆာင္ရန္ေရွာင္ရန္မ်ားကို အသိေပးေဖာ္ျပခဲ့ပါတယ္။

Coronavirusဆိုတာ ဘယ္လိုဗိုင္းရပ္စ္မ်ိဳးလဲ?

Coronavirusဆိုတာဟာ ေရာဂါပိုးမႊားေတြအမ်ားႀကီးပါဝင္ေနတဲ့ ဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္ၿပီး တိရစာၦန္ေတြကေန   ေပါက္ဖြားလာတာျဖစ္တာေၾကာင့္ တိရစာၦန္ေတြကေနတဆင့္ လူေတြဆီကူးစက္တတ္ပါတယ္။

 

ေရာဂါလကၡဏာအေျခအေနေတြက ဘာေတြျဖစ္မလဲ ?

အေအးမိေရာဂါနဲ႔ အလားသ႑ာန္တူၿပီး အသက္ႀကီးၿပီး အသက္ငယ္သူေတြလိုမ်ိဳး ခုခံအားနည္းတဲ့သူေတြကို ပိုၿပီးကပ္လြယ္တဲ့ ေရာဂါပိုးမႊားတစ္မ်ိဳးလည္းျဖစ္ပါတယ္။ MERS နဲ႔ SERS ေရာဂါပိုးမႊားေတြေၾကာင့္ ျဖစ္တတ္တဲ့ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေဝဒနာမ်ိဳးေတြကိုလည္း ျဖစ္ေစတတ္ပါေသးတယ္။

 

ေရာဂါပ်ံ႕ႏွံ႔ပံု ?

တိရစာၦန္ေတြကေန ကူးစက္တတ္တဲ့ေရာဂါျဖစ္တဲ့အတြက္ တိရစာၦန္ေတြနဲ႔ အထိအေတြ႔မ်ားတဲ့ သူေတြကို အဆိုပါေရာဂါပိုးက ပိုၿပီးကပ္လြယ္ပါတယ္။ အဆိုပါေရာဂါပိုးရွိထားတဲ့သူနဲ႔ ထိေတြ႔ဆက္ဆံမိတဲ့ သူေတြဟာလည္း အဆုတ္ေရာင္ေရာဂါကို ခံစားရႏိုင္ပါတယ္။

 

ကုသနည္းေတြကေကာ ?

အခုခ်ိန္ထိေတာ့ တိက်ေသခ်ာတဲ့ ကုသမႈမ်ိဳးမရွာေတြ႔ေသးေပမယ့္ ေဆးပညာရွင္ေတြက ဆားစ္နဲ႔မားစ္ေရာဂါကို ကုသတဲ့နည္းလမ္းေတြ၊ ေဆးေတြကို အသံုးျပဳေနရပါတယ္။ ဒါေၾကာင့္ Coronavirus ေၾကာင့္ အဆုတ္ေရာင္ေရာဂါျဖစ္ေနတဲ့သူေတြဟာ ေႏြးေထြးတဲ့ဝန္းက်င္မွာ ေနထိုင္သင့္ေၾကာင္း   ေဆးပညာရွင္ေတြက အႀကံျပဳထားပါတယ္။

 

ကာကြယ္နည္းေတြကေကာ ?

ထိေရာက္တဲ့ကုသနည္း မေတြ႔ေသးတာေၾကာင့္ အဆိုပါေရာဂါမခံစားရေအာင္ ကာကြယ္ခ်င္ရင္ေတာ့ ဖ်ားနာတ့ဲသူနေတြနဲ႕ ထိေတြ႔ဆက္ဆံမႈကို တတ္ႏိုင္သမွ်ေလွ်ာ့ခ်ရမွာပဲျဖစ္ပါတယ္။ အကယ္၍ ကိုယ္ကဖ်ားနာေနတဲ့သူဆိုရင္ေတာ့ လူၾကားထဲ မသြားသင့္ပါဘူး။ တကယ္လို႕ မျဖစ္မေန သြားဖို႕လိုအပ္တ့ဲအခါမ်ိဳးေတြမွာဆိုရင္လည္း မ်က္ႏွာဖံုးတပ္သြားသင့္တယ္လို႔လည္း ေဆးပညာရွင္ေတြက အႀကံျပဳေျပာဆိုထားပါတယ္။

<Zawgyi Version>

Source ~ CNN News

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read