HomeBanking & Financeအမေရိကန်ဒေါ်လာ (၆၉) ဘီလျံကို အမြန်ဆုံးပြန်ဆပ်ရတော့မည့် အာရှကုမ္ပဏီများ။
အမေရိကန်ဒေါ်လာ (၆၉) ဘီလျံကို အမြန်ဆုံးပြန်ဆပ်ရတော့မည့် အာရှကုမ္ပဏီများ။
- Advertisement -
JPMorgan ရဲ့ အာရှကြွေးမြီဈေးကွက်ဆိုင်ရာ အကြီးအကဲဖြစ်သူ Amy Tan ကလည်း “ကုမ္ပဏီတွေက သူတို့ရဲ့ငွေကြေးစီမံခန့်ခွဲမှုတွေအတွက် ဘဏ်ချေးငွေတွေ၊ ပြည်တွင်းငွေကြေးဈေးကွက်တွေအပါအအဝင် မတူညီတဲ့ဘဏ္ဍာရေးစနစ်တွေကို စောင့်ကြည့်နေပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
- Advertisement -
ပြီးခဲ့သည့်နှစ်ပတ်က အမေရိကန်ချေးငွေဈေးကွက်အတွင်း စံချိန်တင်ဒေါ်လာ ဘီလျံ (၂၂၀) အထိရှိခဲ့ပေမယ့် အာရှ၌ ဒေါ်လာ (၂.၅၇) ဘီိလျံသာရှိခဲ့ကြောင်း Refinitiv ရဲ့အချက်အလက်များက ဖော်ပြခဲ့ပါတယ်။ Nomura ရဲ့ အာရှဈေးကွက်အကြီးအကဲဖြစ်သူ Alister Moss က လည်း အမေရိကန်နဲ့ ဥရောပရှိဗဟိုဘဏ်များက   ဈေးကွက်အတွင်း ယုံကြည်မှုပိုမိုရရှိစေရန် ချေးငွေများပိုမိုချပေးထားပေမယ့် အာရှနိုင်ငံများ၌ ယခုကဲ့သို့မရှိခြင်းကြောင့် အာရှဈေးကွက်ကနှေးကွေးနေရဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
- Advertisement -
<Zawgyi Version>
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် စီးပွားရေးပြိုလဲမှုများနဲ့ ရင်ဆိုင်နေရပေမယ့် အာရှပစိတ်ဖိတ်ဒေသမှ ကုမ္ပဏီများသည် ဘဏ္ဍာရေးနှစ်ရဲ့ ဒုတိယပတ်ကာလအတွင်း၌ အမေရိကန်ဒေါ်လာ (၆၉.၃) ဘီလျံကို အမြန်ဆုံး ပြန်လည်ဆပ်ရတော့မည်ဖြစ်ပါတယ်။ အဆိုပါပမာဏသည် ပြီးခဲ့သည့်နှစ်က ပေးဆပ်ခဲ့ရသည့် ဒေါ်လာ (၇၁.၄) ဘီလျံထက် အနည်းငယ်သာလျော့နည်းသည့်ပမာဏဖြစ်ပြီး ဂျပန်နဲ့တရုတ်အပါအဝင် အာရှဒေသတွင်း ပေးဆပ်ရမည့် ဒုတိယမြောက်အများဆုံးကြွေးမြီပမာဏလည်းဖြစ်ပါတယ်။
အချက်အလက်များရဲ့ဖော်ပြချက်အရ နာမည်ကျော် Soft Bank Group သည် လာမယ့်ဧပြီလ (၁၈) ရက်နေ့၌ ဒေါ်လာ (၂.၄၈) ဘီလျံတန်ဖိုးရှိ သဘောတူညီမှု စာချုပ်တစ်ရပ်ကို ချုပ်ဆိုရန် ပြင်ဆင်ထားပြီး အဆိုပါစာချုပ်ဖြင့် ဒေါ်လာ (၄၁) ဘီလျံတန်ကြေးရှိ ငွေချေးစာချုပ်များကို ပြန်လည်ဝယ်ယူကာ ကြွေးမြီများပြန်ဆပ်ရန်ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ အာရှရဲ့ကြွေးမြီစျေးကွက်သည် ငွေကြေးပိုင်းဆိုင်ရာအရ ကောင်းမွန်စွာလည်ပတ်နေခြင်းကြောင့် အမြန်ဆုံးပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ပြီး နာမည်ကျော်ကော်ပိုရေးရှင်းများအနေဖြင့် အဆိုပါကြွေးမြီကို ပြန်လည်ပေးဆပ်နိုင်ပေမယ့် အခြားသောအသေးစားလုပ်ငန်းများမှာမူ ပြဿနာများနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူများကဆိုပါတယ်။
JPMorgan ရဲ့ အာရှကြွေးမြီစျေးကွက်ဆိုင်ရာ အကြီးအကဲဖြစ်သူ Amy Tan ကလည်း “ကုမ္ပဏီတွေက သူတို့ရဲ့ငွေကြေးစီမံခန့်ခွဲမှုတွေအတွက် ဘဏ်ချေးငွေတွေ၊ ပြည်တွင်းငွေကြေးစျေးကွက်တွေအပါအအဝင် မတူညီတဲ့ဘဏ္ဍာရေးစနစ်တွေကို စောင့်ကြည့်နေပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့်နှစ်ပတ်က အမေရိကန်ချေးငွေစျေးကွက်အတွင်း စံချိန်တင်ဒေါ်လာ ဘီလျံ (၂၂၀) အထိရှိခဲ့ပေမယ့် အာရှ၌ ဒေါ်လာ (၂.၅၇) ဘီိလျံသာရှိခဲ့ကြောင်း Refinitiv ရဲ့အချက်အလက်များက ဖော်ပြခဲ့ပါတယ်။ Nomura ရဲ့ အာရှစျေးကွက်အကြီးအကဲဖြစ်သူ Alister Moss က လည်း အမေရိကန်နဲ့ ဥရောပရှိဗဟိုဘဏ်များက   စျေးကွက်အတွင်း ယုံကြည်မှုပိုမိုရရှိစေရန် ချေးငွေများပိုမိုချပေးထားပေမယ့် အာရှနိုင်ငံများ၌ ယခုကဲ့သို့မရှိခြင်းကြောင့် အာရှစျေးကွက်ကနှေးကွေးနေရဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
<Unicode Version>
- Advertisement -
Source ~ Businesstimes
#HM(Soshwe)
#soshwebankingandfinance
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
4 × three =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...