HomeEntertainmentMulan ရဲ႕ Live- Action ဇာတ္ကား ရုံတင္ျပသမည့္ရက္ထြက္ရွိ။

Mulan ရဲ႕ Live- Action ဇာတ္ကား ရုံတင္ျပသမည့္ရက္ထြက္ရွိ။

- Advertisement -

ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ မေသခ်ာမေရရာမႈမ်ားနဲ႔ ရင္ဆိုင္ခဲ့ရသည့္ Mulan ရဲ႕ Live- Action ဇာတ္ကားသည္ လာမယ့္ ဇူလိုင္လ (၂၄) ရက္ေန႔၌ ပရိသတ္မ်ားရဲ႕ေရွ႕ေမွာက္သို႔ ေရာက္ရွိလာေတာ့မည္ဟု ဧၿပီလ (၃) ရက္ေန႔က တရားဝင္အတည္ျပဳေၾကညာခဲ့ပါတယ္။ Jungle Cruise ဇာတ္ကား ျဖန္႔ခ်ိမည့္ေန႔ရက္ကိုမူ လာမယ့္ (၂၀၂၁) ခုႏွစ္၊ ဇူလိုင္လ (၃၀) ရက္ေန႔သို႔ ေရႊ႕ဆုိင္းခဲ့ေပမယ့္ Mulan ဇာတ္ကားရဲ႕ ဒါရိုက္တာျဖစ္သူ Niki Caro ကမူ “ကြ်န္ေတာ္တို႔အတြက္ ေဘးကင္းႏုိင္ေလာက္တဲ့အခ်ိန္လို႔ယူဆရပါတယ္။ အဲ့ဒီအခ်ိန္က်ရင္ ကြ်န္ေတာ္တုိ႔ ရုပ္ရွင္ရံုထဲမွာ အတူတူထိုင္ၿပီး ထိပ္တန္းပံုျပင္တစ္ပုဒ္ရဲ႕ အေတြ႕အႀကံဳေကာင္းေတြကို ခံစားၾကတာေပါ့။ ကြ်န္ေတာ္တို႔ အဲ့ဒီေန႔က် အတူတူရွိပါမယ္။ ပိတ္ကားႀကီးေပၚမွာ Mulan ရဲ႕ သမိုင္းေၾကာင္းေတြကို ပရိသတ္ေတြဆီ မွ်ေဝေပးဖို႔ ကြ်န္ေတာ္တုိ႔ မေစာင့္ႏိုင္ေတာ့ပါဘူး။” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ၿပီးခဲ့သည့္မတ္လအလယ္ပိုင္း၌ Mulan ဇာတ္ကားကို ရံုတင္ျပသရန္ ဆုိင္းငံ့ေၾကာင္း ေၾကညာခဲ့ေပမယ့္ လက္ရွိအခ်ိန္၌ မူလစီစဥ္ထားသည့္ေန႔ရက္အတိုင္း ျပန္လည္ျပသရန္ ျပင္ဆင္ခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ (၂၀၂၀) ခုႏွစ္၊ ေမလ၌ ရံုတင္ျပသရန္ စီစဥ္ထားသည့္ Marvel ရဲ႕ Black Widow ဇာတ္ကားကို (၂၀၂၀) ခုႏွစ္၊ ႏိုဝင္ဘာလ (၆) ရက္ေန႔သုိ႔ ေရႊ႕ဆိုင္းထားရၿပီး Halle Bailey ပါဝင္သရုပ္ေဆာင္ထားသည့္ The Little Mermaid ဇာတ္ကားရိုက္ကူးေရးကိုလည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ရပ္ဆုိင္းထားရပါတယ္။

- Advertisement -

Mulan၊ Jungle Cruise နဲ႔ Black Widow ဇာတ္ကားမ်ားကို ရံုတင္ျပသရန္အတြက္ ကေမာက္ကမျဖစ္ခဲ့ရေပမယ့္ Eternal ဇာတ္ကားကို လာမယ့္ (၂၀၂၁) ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၂) ရက္ေန႔၊ Shang- Chi and the Legend of the Ten Rings ဇာတ္ကားကို (၂၀၂၁) ခုႏွစ္၊ ေမလ (၇) ရက္ေန႔၊ Thor: Love and Thunder ဇာတ္ကားကို (၂၀၂၂) ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၈) ရက္ေန႔၊ Black Panther 2 ဇာတ္ကားကို (၂၀၂၂) ခုႏွစ္၊ ေမလ (၆) ရက္ေန႔၊ Captain Marvel 2 ဇာတ္ကားကို (၂၀၂၂) ခုႏွစ္၊ ဇူလိုင္လ (၈) ရက္ေန႔တို႔၌ အသီးသီးရုံတင္ျပသထားရန္စီစဥ္ထားဆဲျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မသေချာမရေရာမှုများနဲ့ ရင်ဆိုင်ခဲ့ရသည့် Mulan ရဲ့ Live- Action ဇာတ်ကားသည် လာမယ့် ဇူလိုင်လ (၂၄) ရက်နေ့၌ ပရိသတ်များရဲ့ရှေ့မှောက်သို့ ရောက်ရှိလာတော့မည်ဟု ဧပြီလ (၃) ရက်နေ့က တရားဝင်အတည်ပြုကြေညာခဲ့ပါတယ်။ Jungle Cruise ဇာတ်ကား ဖြန့်ချိမည့်နေ့ရက်ကိုမူ လာမယ့် (၂၀၂၁) ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ပေမယ့် Mulan ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ Niki Caro ကမူ “ကျွန်တော်တို့အတွက် ဘေးကင်းနိုင်လောက်တဲ့အချိန်လို့ယူဆရပါတယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ ရုပ်ရှင်ရုံထဲမှာ အတူတူထိုင်ပြီး ထိပ်တန်းပုံပြင်တစ်ပုဒ်ရဲ့ အတွေ့အကြုံကောင်းတွေကို ခံစားကြတာပေါ့။ ကျွန်တော်တို့ အဲ့ဒီနေ့ကျ အတူတူရှိပါမယ်။ ပိတ်ကားကြီးပေါ်မှာ Mulan ရဲ့ သမိုင်းကြောင်းတွေကို ပရိသတ်တွေဆီ မျှဝေပေးဖို့ ကျွန်တော်တို့ မစောင့်နိုင်တော့ပါဘူး။” ဟု ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့သည့်မတ်လအလယ်ပိုင်း၌ Mulan ဇာတ်ကားကို ရုံတင်ပြသရန် ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပေမယ့် လက်ရှိအချိန်၌ မူလစီစဉ်ထားသည့်နေ့ရက်အတိုင်း ပြန်လည်ပြသရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် (၂၀၂၀) ခုနှစ်၊ မေလ၌ ရုံတင်ပြသရန် စီစဉ်ထားသည့် Marvel ရဲ့ Black Widow ဇာတ်ကားကို (၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့သို့ ရွှေ့ဆိုင်းထားရပြီး Halle Bailey ပါဝင်သရုပ်ဆောင်ထားသည့် The Little Mermaid ဇာတ်ကားရိုက်ကူးရေးကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရပ်ဆိုင်းထားရပါတယ်။

Mulan၊ Jungle Cruise နဲ့ Black Widow ဇာတ်ကားများကို ရုံတင်ပြသရန်အတွက် ကမောက်ကမဖြစ်ခဲ့ရပေမယ့် Eternal ဇာတ်ကားကို လာမယ့် (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ Shang- Chi and the Legend of the Ten Rings ဇာတ်ကားကို (၂၀၂၁) ခုနှစ်၊ မေလ (၇) ရက်နေ့၊ Thor: Love and Thunder ဇာတ်ကားကို (၂၀၂၂) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့၊ Black Panther 2 ဇာတ်ကားကို (၂၀၂၂) ခုနှစ်၊ မေလ (1209၆) ရက်နေ့၊ Captain Marvel 2 ဇာတ်ကားကို (၂၀၂၂) ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တို့၌ အသီးသီးရုံတင်ပြသထားရန်စီစဉ်ထားဆဲဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Teenvogue

#HM(Soshwe)

#soshweentertianment

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read