HomeOtherကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ ဝိုင္းဝန္းကူညီခဲ့သည့္ အလွအပနဲ႔ဖက္ရွင္ေလာကမွ နာမည္ႀကီးကုမၸဏီမ်ား။

ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ ဝိုင္းဝန္းကူညီခဲ့သည့္ အလွအပနဲ႔ဖက္ရွင္ေလာကမွ နာမည္ႀကီးကုမၸဏီမ်ား။

- Advertisement -

တရုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွအစျပဳခဲ့သည့္ ကိုရိုနာဗိုင္းရပ္စ္သည္ လက္ရွိအခ်ိန္၌ ကမာၻအႏံွ႔ကူးစက္ပ်ံ႕ႏံွ႔လ်က္ရွိၿပီး ႏိုင္ငံေပါင္းစံုကလည္း အဆိုပါကပ္ေရာဂါႀကီးကို ထိန္းခ်ဳပ္ႏုိင္ရန္အတြက္ လိုအပ္သည့္ လုပ္ငန္းေဆာင္တာအားလံုးကို ႀကိဳးစားလုပ္ေဆာင္လ်က္ရွိပါတယ္။ ခ်မ္းသာၾကြယ္ဝသူမ်ားကလည္း သူတုိ႔ရဲ႕စည္းစိမ္ဥစၥာမ်ားထဲမွ အခ်ိဳ႕ကို ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ အငတ္ေဘးနဲ႔ ရင္ဆိုင္ေနရသူမ်ားအတြက္ လွဴဒါန္းေနၾကၿပီး အလွအပနဲ႔ဖက္ရွင္ေလာကမွ နာမည္ႀကီးကုမၸဏီမ်ားကလည္း ကိုရိုနာဗုိင္းရပ္စ္တုိက္ဖ်က္ေရးအတြက္ ဝိုင္းဝန္းပါဝင္လွဴဒါန္းခဲ့ၾကပါတယ္။

 

- Advertisement -

Beiersdorf

- Advertisement -

နာမည္ေက်ာ္ Nivea၊ Coppertone နဲ႔ အျခားေသာအသားအရည္ထိန္းသိမ္းျခင္းဆိုင္ရာ ကုန္ပစၥည္းအမွတ္တံဆိပ္မ်ားကို ပိုင္ဆိုင္သည့္ Beiersdorf က ကိုရိုနာဗိုင္းရပ္စ္ကို  ေရွ႕တန္းမွတိုက္ပဲြဝင္ေနသည့္ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ အသားအရည္ထိန္းသိမ္းသည့္ပစၥည္းမ်ားနဲ႔ လက္သန္႔ေဆးရည္မ်ားကို လွဴဒါန္းသြားမည္ဟု မၾကာခင္က ေၾကညာခဲ့ပါတယ္။

- Advertisement -

 

Michael Kors

Michael Kors ကလည္း နယူးေယာ့ခ္ၿမိဳ႕ရွိ NYU Langone Health နဲ႔ NewYork- Presbyterian ေဆးရံုကို ေဒၚလာ (၂) သန္းလွဴဒါန္းသြားမည္ဟုသိရပါတယ္။ ဒါ့အျပင္ God’ Love We Deliver နဲ႔ the CFDA’sA Common Thread အဖဲြ႕အစည္းတို႔ကိုလည္း အဆုိပါ Brand က ေထာက္ပံ့လွဴဒါန္းေပးသြားမည္ျဖစ္ပါတယ္။

 

Mango

နာမည္ေက်ာ္ဖက္ရွင္လက္လီအေရာင္းကိုယ္စားလွယ္ Brand တစ္ခုျဖစ္သည့္ Mango ကလည္း စပိန္က်န္းမာေရးဝန္ႀကီးဌာနကို Face Mask (1209၂) သန္းလွဴဒါန္းခဲ့ၿပီး အဆိုပါ Mask မ်ားကိုစပိန္ႏိုင္ငံတြင္းရွိ ေဆးရံုမ်ားကို ျဖန္႔ေဝေပးသြားမည္ဟုသိရပါတယ္။

 

Chanel

ရုိက္တာသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အဆုိပါ ျပင္သစ္အေျခစိုက္ဖက္ရွင္ Brand သည္ ကုန္ၾကမ္းပစၥည္းျပတ္ေတာက္မႈေၾကာင့္ ကုန္ပစၥည္းမ်ားဆက္လက္မထုတ္လုပ္ႏုိင္ေပမယ့္ Face Masks မ်ားနဲ႔ ေဆးဝါးဆိုင္ရာ အေထာက္အကူျပဳကိရိယာမ်ားကို စတင္ထုတ္လုပ္ေတာ့မည္ျဖစ္ပါတယ္။

 

Burberry

Burberry ကလည္း က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ႏွာေခါင္းစည္း အေရအတြက္ (၁၀၀,၀၀၀) အထိ လွဴဒါန္းသြားမည္ျဖစ္ၿပီး ၿဗိတိန္မွလူနာမ်ားအတြက္ ေယာ့ခ္ရိႈင္းယားေဒသရွိ ကုတ္အကၤ်ီစက္ရံု၌ ခဲြစိတ္ခန္းသံုးဝတ္စံုမ်ား၊ ႏွာေခါင္းစည္းမ်ားထုတ္လုပ္ေပးသြားမည္ျဖစ္ပါတယ္။ ဒါ့အျပင္ Burberry အေနျဖင့္ ကိုရိုနာဗုိင္းရပ္စ္ကာကြယ္ေဆးထုတ္လုပ္ေရးအတြက္ သုေတသနလုပ္ငန္းမ်ားအတြက္လည္း ရန္ပံုေငြမ်ားေထာက္ပံ့ေပးထားပါတယ္။

 

Unilever

TRESemme နဲ႔ AXE တုိ႔ကဲ့သို႔ Brand မ်ားကိုပိုင္ဆိုင္သည့္ အဆိုပါကုမၸဏီကလည္း “United for America” အစီအစဥ္ကို စတင္ခဲ့ၿပီး အေမရိကေျမေပၚရွိ ကုန္ထုတ္လုပ္မႈမ်ား၊ ဝန္ေဆာင္မႈမ်ားအတြက္ ေဒၚလာသန္း (၂၀)၊ ကမာၻတစ္ဝွမ္းရွိ ကယ္ဆယ္ေရးလုပ္ငန္းမ်ားအတြက္ ေဒၚလာသန္း (၄၅၀) လွဴဒါန္းထားပါတယ္။

 

Gucci

ၿပီးခဲ့သည့္မတ္လ (၂၆) ရက္ေန႔၌ ကမာၻေက်ာ္ Brand တစ္ခုျဖစ္သည့္ Gucci ကလည္း ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးလုပ္ငန္းမ်ားအတြက္ ယူရို (၂) သန္း လွဴဒါန္းသြားမည္ဟုေၾကညာခဲ့ပါတယ္။ အဆုိပါကုမၸဏီသည္ အီတလီႏိုင္ငံအေျခစိုက္ ကုမၸဏီတစ္ခုျဖစ္ၿပီး မတူညီသည့္ အျခားေသာအလွဴႏွစ္ခုကို   ျပဳလုပ္ခဲ့သလို Intesa Sanpaolo နဲ႔ လက္တဲြ၍လည္း ကိုရိုနာဗိုင္းရပ္စက္တိုက္ဖ်က္ေရးလုပ္ငန္းမ်ား၌ ပါဝင္လွဴဒါန္းလ်က္ရွိပါတယ္။

 

Nike

WWD ရဲ႕ ေဖာ္ျပခ်က္အရ အဆိုပါနာမည္ႀကီး Nike ကုမၸဏီသည္ သူတုိ႔ရဲ႕ဝန္ထမ္းမ်ားေနထိုင္ၿပီး အလုပ္လုပ္ေနေသာေဒသမ်ားသို႔ ေဒၚလာ (၁၅) သန္းနဲ႔အထက္ လွဴဒါန္းခဲ့ေၾကာင္းသိရွိရပါတယ္။

 

GAP

GAP ၊ Old Navy နဲ႔ Banana Republic တို႔ကဲ့သို႔ Brand မ်ားကို ပိုင္ဆိုင္သည့္ အဆိုပါကုမၸဏီႀကီးကလည္း ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ မရွိမျဖစ္လိုအပ္သည့္ တစ္ကိုယ္ရည္အကာအကြယ္ပစၥည္း (PPE) မ်ားကို ကယ္လီဖိုးနီးယားေဒသရွိ ေဆးရံုမ်ားသို႔ လွဴဒါန္းေပးသြားမည္ဟု သိရွိရပါတယ္။ ဒါေပမယ့္ အဆိုပါကုမၸဏီမွ စက္ရံုဝန္ထမ္းမ်ားသည္လည္း က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ႏွာေခါင္းစည္းမ်ား၊ ဝတ္ရံုမ်ားနဲ႔ ဝတ္စံုမ်ားကို ခ်ဳပ္လုပ္ေပးသြားမည္ဟုလည္း သတင္းမ်ားကေဖာ္ျပေနၾကပါတယ္။

<Zawgyi Version>

 

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှအစပြုခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိအချိန်၌ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့လျက်ရှိပြီး နိုင်ငံပေါင်းစုံကလည်း အဆိုပါကပ်ရောဂါကြီးကို ထိန်းချုပ်နိုင်ရန်အတွက် လိုအပ်သည့် လုပ်ငန်းဆောင်တာအားလုံးကို ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ ချမ်းသာကြွယ်ဝသူများကလည်း သူတို့ရဲ့စည်းစိမ်ဥစ္စာများထဲမှ အချို့ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်နေရသူများအတွက် လှူဒါန်းနေကြပြီး အလှအပနဲ့ဖက်ရှင်လောကမှ နာမည်ကြီးကုမ္ပဏီများကလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဝိုင်းဝန်းပါဝင်လှူဒါန်းခဲ့ကြပါတယ်။

 

Beiersdorf

နာမည်ကျော် Nivea၊ Coppertone နဲ့ အခြားသောအသားအရည်ထိန်းသိမ်းခြင်းဆိုင်ရာ ကုန်ပစ္စည်းအမှတ်တံဆိပ်များကို ပိုင်ဆိုင်သည့် Beiersdorf က ကိုရိုနာဗိုင်းရပ်စ်ကို  ရှေ့တန်းမှတိုက်ပွဲဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် အသားအရည်ထိန်းသိမ်းသည့်ပစ္စည်းများနဲ့ လက်သန့်ဆေးရည်များကို လှူဒါန်းသွားမည်ဟု မကြာခင်က ကြေညာခဲ့ပါတယ်။

 

Michael Kors

Michael Kors ကလည်း နယူးယော့ခ်မြို့ရှိ NYU Langone Health နဲ့ NewYork- Presbyterian ဆေးရုံကို ဒေါ်လာ (၂) သန်းလှူဒါန်းသွားမည်ဟုသိရပါတယ်။ ဒါ့အပြင် God’ Love We Deliver နဲ့ the CFDA’sA Common Thread အဖွဲ့အစည်းတို့ကိုလည်း အဆိုပါ Brand က ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ပါတယ်။

 

Mango

နာမည်ကျော်ဖက်ရှင်လက်လီအရောင်းကိုယ်စားလှယ် Brand တစ်ခုဖြစ်သည့် Mango ကလည်း စပိန်ကျန်းမာရေးဝန်ကြီးဌာနကို Face Mask (၂) သန်းလှူဒါန်းခဲ့ပြီး အဆိုပါ Mask များကိုစပိန်နိုင်ငံတွင်းရှိ ဆေးရုံများကို ဖြန့်ဝေပေးသွားမည်ဟုသိရပါတယ်။

 

Chanel

ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရ အဆိုပါ ပြင်သစ်အခြေစိုက်ဖက်ရှင် Brand သည် ကုန်ကြမ်းပစ္စည်းပြတ်တောက်မှုကြောင့် ကုန်ပစ္စည်းများဆက်လက်မထုတ်လုပ်နိုင်ပေမယ့် Face Masks များနဲ့ ဆေးဝါးဆိုင်ရာ အထောက်အကူပြုကိရိယာများကို စတင်ထုတ်လုပ်တော့မည်ဖြစ်ပါတယ်။

 

Burberry

Burberry ကလည်း ကျန်းမာရေးဝန်ထမ်းများအတွက် နှာခေါင်းစည်း အရေအတွက် (၁၀၀,၀၀၀) အထိ လှူဒါန်းသွားမည်ဖြစ်ပြီး ဗြိတိန်မှလူနာများအတွက် ယော့ခ်ရှိုင်းယားဒေသရှိ ကုတ်အင်္ကျီစက်ရုံ၌ ခွဲစိတ်ခန်းသုံးဝတ်စုံများ၊ နှာခေါင်းစည်းများထုတ်လုပ်ပေးသွားမည်ဖြစ်ပါတယ်။ ဒါ့အပြင် Burberry အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် သုတေသနလုပ်ငန်းများအတွက်လည်း ရန်ပုံငွေများထောက်ပံ့ပေးထားပါတယ်။

 

Unilever

TRESemme နဲ့ AXE တို့ကဲ့သို့ Brand များကိုပိုင်ဆိုင်သည့် အဆိုပါကုမ္ပဏီကလည်း “United for America” အစီအစဉ်ကို စတင်ခဲ့ပြီး အမေရိကမြေပေါ်ရှိ ကုန်ထုတ်လုပ်မှုများ၊ ဝန်ဆောင်မှုများအတွက် ဒေါ်လာသန်း (၂၀)၊ ကမ္ဘာတစ်ဝှမ်းရှိ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဒေါ်လာသန်း (၄၅၀) လှူဒါန်းထားပါတယ်။

 

Gucci

ပြီးခဲ့သည့်မတ်လ (၂၆) ရက်နေ့၌ ကမ္ဘာကျော် Brand တစ်ခုဖြစ်သည့် Gucci ကလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ယူရို (၂) သန်း လှူဒါန်းသွားမည်ဟုကြေညာခဲ့ပါတယ်။ အဆိုပါကုမ္ပဏီသည် အီတလီနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး မတူညီသည့် အခြားသောအလှူနှစ်ခုကို   ပြုလုပ်ခဲ့သလို Intesa Sanpaolo နဲ့ လက်တွဲ၍လည်း ကိုရိုနာဗိုင်းရပ်စက်တိုက်ဖျက်ရေးလုပ်ငန်းများ၌ ပါဝင်လှူဒါန်းလျက်ရှိပါတယ်။

 

Nike

WWD ရဲ့ ဖော်ပြချက်အရ အဆိုပါနာမည်ကြီး Nike ကုမ္ပဏီသည် သူတို့ရဲ့ဝန်ထမ်းများနေထိုင်ပြီး အလုပ်လုပ်နေသောဒေသများသို့ ဒေါ်လာ (၁၅) သန်းနဲ့အထက် လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။

 

GAP

GAP ၊ Old Navy နဲ့ Banana Republic တို့ကဲ့သို့ Brand များကို ပိုင်ဆိုင်သည့် အဆိုပါကုမ္ပဏီကြီးကလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် တစ်ကိုယ်ရည်အကာအကွယ်ပစ္စည်း (PPE) များကို ကယ်လီဖိုးနီးယားဒေသရှိ ဆေးရုံများသို့ လှူဒါန်းပေးသွားမည်ဟု သိရှိရပါတယ်။ ဒါပေမယ့် အဆိုပါကုမ္ပဏီမှ စက်ရုံဝန်ထမ်းများသည်လည်း ကျန်းမာရေးဝန်ထမ်းများအတွက် နှာခေါင်းစည်းများ၊ ဝတ်ရုံများနဲ့ ဝတ်စုံများကို ချုပ်လုပ်ပေးသွားမည်ဟုလည်း သတင်းများကဖော်ပြနေကြပါတယ်။

<Unicode Version>

 

Source ~ Teenvogue

#HM(Soshwe)

#soshwehealthandbeauty

#oshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read