HomeOtherေက်ာင္းသားမ်ားရဲ႕ စိတ္က်န္းမာေရးဆိုင္ရာလိုအပ္ခ်က္မ်ားအတြက္ ကူညီေထာက္ပ့ံေပးသြားမည့္ အိႏိၵယ။

ေက်ာင္းသားမ်ားရဲ႕ စိတ္က်န္းမာေရးဆိုင္ရာလိုအပ္ခ်က္မ်ားအတြက္ ကူညီေထာက္ပ့ံေပးသြားမည့္ အိႏိၵယ။

- Advertisement -

လက္ရွိအခ်ိန္၌ ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈအႏၱရာယ္ေၾကာင့္ ကမာၻတစ္ဝွမ္းမွလူသားအားလံုးသည္ အေရးႀကီးကိစၥမရွိဘဲ အျပင္မထြက္ရန္ ညႊန္ၾကားခံထားရၿပီး အိႏိၵယႏိုင္ငံမွ တကၠသိုလ္ေထာက္ပံ့ေၾကးဆိုင္ရာေကာ္မရွင္ (UGC) ကလည္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္  ေက်ာင္းမ်ားပိတ္ထားခ်ိန္၌ ေက်ာင္းသားမ်ားရဲ႕စိတ္ပိုင္းဆိုင္ရာနဲ႔ လူမႈေရးဆိုင္ရာ ျပႆနာမ်ားကို ေျဖရွင္းေပးႏိုင္သည့္ ဖုန္းလိုင္းမ်ားေဖာ္ေဆာင္ေပးရန္ ညႊန္ၾကားခဲ့ပါတယ္။

UGC ရဲ႕အတြင္းေရးမွဴးတစ္ဦးျဖစ္သူ Rajnish Jain က “ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ Lockdown ျဖစ္ေနတဲ့ကာလအတြင္း ေက်ာင္းသားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာနဲ႔လူမႈေရးဆိုင္ရာ ျပႆနာေတြကို ေျဖရွင္းေပးႏိုင္ဖုိ႔ လိုအပ္ပါတယ္။” ဟု တာဝန္ရွိသူမ်ားထံ စာေရးသားေတာင္းဆိုခဲ့ပါတယ္။ ဒါ့အျပင္ အဆုိပါစာအတြင္း၌ “ကိုရိုနာဗုိင္းရပ္စ္ကာလအတြင္း ေက်ာင္းသားမ်ားရဲ႕ ေလ့လာမႈမ်ားအတြက္ စိတ္ဖိစီးမႈမ်ားနဲ႔ အျခားေသာစိုးရိမ္ထိတ္လန္႔မႈမ်ားကို ေရွာင္ၾကဥ္ႏိုင္ရန္အတြက္ တကၠသိုလ္ေကာလိပ္မ်ားအေနျဖင့္ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးအတြက္ အေထာက္အကူျပဳႏုိင္သည့္ ဖုန္းလိုင္းမ်ားကို ထားရွိေပးသင့္ၿပီး ဒါေတြကိုလည္း တာဝန္ရွိသူေတြက ပံုမွန္ေစာင့္ၾကည့္အုပ္ခ်ဳပ္သင့္ပါတယ္။” ဟု ထည့္သြင္းေရးသားခဲ့ပါေသးတယ္။

ကိုရိုနာဗုိင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ရန္အတြက္ အိႏၵိယႏိုင္ငံကို (၂၁) ရက္ၾကာ Lockdown ခ်သြားမွာျဖစ္ၿပီး အဆိုပါကာလအတြင္း၌ စိတ္က်န္းမာေရးဆိုင္ရာ ျ​ပႆနာတစ္စံုတစ္ရာနဲ႔ ရင္ဆိုင္လာရပါက အခေၾကးေငြေပးစရာမလိုသည့္ ဖုန္းနံပါတ္တစ္ခုကိုလည္း ျပည္ေထာင္စုက်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာေပးထားပါတယ္။ ျပည္ေထာင္စုဝန္ႀကီးတစ္ဦးျဖစ္သူ Ramesh Pokhriyal Nishank ကလည္း ဧၿပီလ (၁၄) ရက္ေန႔ေနာက္ပိုင္းမွသာ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္သင့္၊ မသင့္ကို ဆံုးျဖတ္ေပးသြားမည္ဟု   ေျပာၾကားခဲ့ပါတယ္။ အိႏၵိယႏုိင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္းက (၄,၂၈၁) ေယာက္ရွိၿပီး ေသဆံုးသူဦးေရ (၁၁၁) ေယာက္ရွိကာ ျပန္လည္ေကာင္းမြန္လာသူ (၃၁၉) ေယာက္ရွိေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှလူသားအားလုံးသည် အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ရန် ညွှန်ကြားခံထားရပြီး အိန္ဒိယနိုင်ငံမှ တက္ကသိုလ်ထောက်ပံ့ကြေးဆိုင်ရာကော်မရှင် (UGC) ကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်  ကျောင်းများပိတ်ထားချိန်၌ ကျောင်းသားများရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် ဖုန်းလိုင်းများဖော်ဆောင်ပေးရန် ညွှန်ကြားခဲ့ပါတယ်။

UGC ရဲ့အတွင်းရေးမှူးတစ်ဦးဖြစ်သူ Rajnish Jain က “ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ဖြစ်နေတဲ့ကာလအတွင်း ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ လိုအပ်ပါတယ်။” ဟု တာဝန်ရှိသူများထံ စာရေးသားတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါစာအတွင်း၌ “ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကျောင်းသားများရဲ့ လေ့လာမှုများအတွက် စိတ်ဖိစီးမှုများနဲ့ အခြားသောစိုးရိမ်ထိတ်လန့်မှုများကို ရှောင်ကြဉ်နိုင်ရန်အတွက် တက္ကသိုလ်ကောလိပ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သည့် ဖုန်းလိုင်းများကို ထားရှိပေးသင့်ပြီး ဒါတွေကိုလည်း တာဝန်ရှိသူတွေက ပုံမှန်စောင့်ကြည့်အုပ်ချုပ်သင့်ပါတယ်။” ဟု ထည့်သွင်းရေးသားခဲ့ပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံကို (၂၁) ရက်ကြာ Lockdown ချသွားမှာဖြစ်ပြီး အဆိုပါကာလအတွင်း၌ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာနဲ့ ရင်ဆိုင်လာရပါက အခကြေးငွေပေးစရာမလိုသည့် ဖုန်းနံပါတ်တစ်ခုကိုလည်း ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပေးထားပါတယ်။ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သူ Ramesh Pokhriyal Nishank ကလည်း ဧပြီလ (1209၁၄) ရက်နေ့နောက်ပိုင်းမှသာ ကျောင်းများပြန်လည်ဖွင့်လှစ်ရန်သင့်၊ မသင့်ကို ဆုံးဖြတ်ပေးသွားမည်ဟု   ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်းက (၄,၂၈၁) ယောက်ရှိပြီး သေဆုံးသူဦးရေ (၁၁၁) ယောက်ရှိကာ ပြန်လည်ကောင်းမွန်လာသူ (၃၁၉) ယောက်ရှိကြောင်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ Indiatoday

#HM(1209Soshwe)

- Advertisement -

#soshweeducation

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

16 + thirteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...