ကိုယ္တြင္းခုခံအားနည္းတဲ့ လူသားေတြရဲ႕အသက္ကို ႏႈတ္ယူေနတဲ့ ကပ္ေရာဂါဆိုးဟာ ကမာၻတစ္ဝွမ္းကို ပ်ံ႕ႏွံ႔သြားၿပီးတဲ့ေနာက္မွာေတာ့ ေဆးပညာရွင္ေတြက အဆိုပါေရာဂါဆိုးႀကီးကို တိုက္ထုတ္ႏိုင္ဖို႔အတြ က္ ျပည္သူျပည္သားေတြအေနနဲ႔ အိမ္အတြင္းမွာပဲေနျခင္းက အထိေရာက္ဆံုးေသာ ႀကိဳတင္ကာကြယ္မႈျဖစ္ေၾကာင္း အသိေပးေၾကျငာခဲ့ပါတယ္။
အဆိုပါအသိေပးေၾကျငာခ်က္ကို ျပည္သူျပည္သားေတြက ၾကားသိၿပီးတဲ့ေနာက္မွာေတာ့ စားႏွပ္ရိကၡာနဲ႔ အိမ္တြင္းအေျခခံသံုး ပစၥည္းေတြကို ေစ်းဝယ္စင္တာေတြမွာ အလုအယက္ ဝယ္ယူခဲ့ၾကပါတယ္။ ဒီလိုမ်ိဳး လူေတြအမ်ားႀကီးရွိေနတဲ့ ေစ်းဝယ္စင္တာတစ္ခုမွာ ကုန္ပစၥည္းေတြကို သြားေရာက္ဝယ္ယူျခင္းကပဲ ေရာဂါပိုးကို ပိုၿပီးပ်ံ႕ႏွ႔ံေစခဲ့ပါတယ္။
Microsoft ကုမၸဏီရဲ႕ Co-Founder တစ္ဦးျဖစ္တဲ့ Bill Gates ဟာ အေမရိကန္ျပည္ေထာင္စုက ေခါင္းေဆာင္ေတြအေနနဲ႔ COVID-19 ကို တိုက္ထုတ္ရာမွာ အသံုးဝင္မယ့္ အခ်က္အလက္တခ်ိဳ႕ကို မွ်ေဝေပးခဲ့ပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံလံုးရဲ႕ ဝင္ခြင့္ထြက္ခြင့္ေတြကို ပိတ္ပစ္လိုက္ဖို႔နဲ ႔ ႏိုင္ငံအတြင္းမွာေနထိုင္ေနတဲ့ ျပည္သူေတြကိုလည္း အျပင္ထြက္ခြင့္ပိတ္သင့္ေၾကာင္း အႀကံျပဳထားပါတယ္။ ထိေရာက္တဲ့ပိတ္ပင္တားဆီးမႈ မရွိျခင္းေၾကာင့္ ေရာဂါပ်ံ႕ပြားမႈဟာ ဆက္လက္ျဖစ္ေပၚေနမယ္ဆိုရင္ ႏိုင္ငံစီးပြားေရးကို ပိုမိုထိခိုက္ေစႏိုင္မယ္လို႔လည္း ဆိုခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စု က်န္းမာေရးဝန္ႀကီးဌာနက ေခါင္းေဆာင္ေတြဟာ ျပည္သူျပည္သားေတြကို လံုေလာက္တဲ့ က်န္းမာေရးဝန္ထမ္းေတြရဲ႕ အကူအညီနဲ႔ ထိေရာက္တဲ့ စမ္းသပ္မႈေတြျပဳလုပ္ၿပီး လိုအပ္တဲ့ က်န္းမာေရးကုသမႈေတြေပးစြမ္းႏိုင္ဖို႔ အခုထက္ပိုၿပီး ႀကိဳးပမ္းအားထုတ္သင့္ေၾကာင္း သတိေပးေျပာဆိုခဲ့ပါတယ္။
ေရာဂါေဝဒနာခံစားေနရသူေတြကို ထိေရာက္စြာကုသေပးႏိုင္ဖို႔အတြက္ အရည္အေသြးျပည့္ဝတဲ့ ကာကြယ္ေဆးေတြကို အျမန္ဆံုးေဖာ္စပ္သင့္ေၾကာင္းကိုလည္း အႀကံေပးထားပါတယ္။
The Gates Foundation က ကပ္ေရာဂါဆိုးႀကီးကို တိုက္ထုတ္ဖို႔အတြက္ က်န္းမာေရးဌာနကို ဇန္နဝါရီလအတြင္းက ေဒၚလာ ၁၀ သန္း နဲ႔ ေဖေဖာ္ဝါရီလမွာ ေဒၚလာသန္း ၁၀၀ လွဴဒါန္းခဲ့ေၾကာင္း သိရွိရပါတယ္။
<Zawgyi Version>
ကိုယ်တွင်းခုခံအားနည်းတဲ့ လူသားတွေရဲ့အသက်ကို နှုတ်ယူနေတဲ့ ကပ်ရောဂါဆိုးဟာ ကမ္ဘာတစ်ဝှမ်းကို ပျံ့နှံ့သွားပြီးတဲ့နောက်မှာတော့ ဆေးပညာရှင်တွေက အဆိုပါရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ဖို့အတွ က် ပြည်သူပြည်သားတွေအနေနဲ့ အိမ်အတွင်းမှာပဲနေခြင်းက အထိရောက်ဆုံးသော ကြိုတင်ကာကွယ်မှုဖြစ်ကြောင်း အသိပေးကြေငြာခဲ့ပါတယ်။
အဆိုပါအသိပေးကြေငြာချက်ကို ပြည်သူပြည်သားတွေက ကြားသိပြီးတဲ့နောက်မှာတော့ စားနှပ်ရိက္ခာနဲ့ အိမ်တွင်းအခြေခံသုံး ပစ္စည်းတွေကို စျေးဝယ်စင်တာတွေမှာ အလုအယက် ဝယ်ယူခဲ့ကြပါတယ်။ ဒီလိုမျိုး လူတွေအများကြီးရှိနေတဲ့ စျေးဝယ်စင်တာတစ်ခုမှာ ကုန်ပစ္စည်းတွေကို သွားရောက်ဝယ်ယူခြင်းကပဲ ရောဂါပိုးကို ပိုပြီးပျံ့နှ့ံစေခဲ့ပါတယ်။
Microsoft ကုမ္ပဏီရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Bill Gates ဟာ အမေရိကန်ပြည်ထောင်စုက ခေါင်းဆောင်တွေအနေနဲ့ COVID-19 ကို တိုက်ထုတ်ရာမှာ အသုံးဝင်မယ့် အချက်အလက်တချို့ကို မျှဝေပေးခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံလုံးရဲ့ ဝင်ခွင့်ထွက်ခွင့်တွေကို ပိတ်ပစ်လိုက်ဖို့နဲ ့ နိုင်ငံအတွင်းမှာနေထိုင်နေတဲ့ ပြည်သူတွေကိုလည်း အပြင်ထွက်ခွင့်ပိတ်သင့်ကြောင်း အကြံပြုထားပါတယ်။ ထိရောက်တဲ့ပိတ်ပင်တားဆီးမှု မရှိခြင်းကြောင့် ရောဂါပျံ့ပွားမှုဟာ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် နိုင်ငံစီးပွားရေးကို ပိုမိုထိခိုက်စေနိုင်မယ်လို့လည်း ဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ခေါင်းဆောင်တွေဟာ ပြည်သူပြည်သားတွေကို လုံလောက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ထိရောက်တဲ့ စမ်းသပ်မှုတွေပြုလုပ်ပြီး လိုအပ်တဲ့ ကျန်းမာရေးကုသမှုတွေပေးစွမ်းနိုင်ဖို့ အခုထက်ပိုပြီး ကြိုးပမ်းအားထုတ်သင့်ကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။
ရောဂါဝေဒနာခံစားနေရသူတွေကို ထိရောက်စွာကုသပေးနိုင်ဖို့အတွက် အရည်အသွေးပြည့်ဝတဲ့ ကာကွယ်ဆေးတွေကို အမြန်ဆုံးဖော်စပ်သင့်ကြောင်းကိုလည်း အကြံပေးထားပါတယ်။
The Gates Foundation က ကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်ဖို့အတွက် ကျန်းမာရေးဌာနကို ဇန်နဝါရီလအတွင်းက ဒေါ်လာ ၁၀ သန်း နဲ့ ဖေဖော်ဝါရီလမှာ ဒေါ်လာသန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။
<Unicode Version>
Source ~ Cnet
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare