HomeTechကပ်ရောဂါကိုတိုက်ထုတ်နေတဲ့ကာလအတွင်း ဆေးရုံတွေကိုသတိပေးလိုက်တဲ့ Microsoft

ကပ်ရောဂါကိုတိုက်ထုတ်နေတဲ့ကာလအတွင်း ဆေးရုံတွေကိုသတိပေးလိုက်တဲ့ Microsoft

- Advertisement -




- Advertisement -


- Advertisement -




<Zawgyi Version>

 

၂၁ ရာစုမှာတော့ ကုမ္ပဏီတော်တော်များများက နေ့စဉ်လုပ်ငန်းသုံး အချက်အလက်တွေကို  စာရွက်ပေါ်မှာ  ရေးမှတ်ထားတာထက် အင်တာနက်ကနေတဆင့် အသုံးပြုရတဲ့ ကုမ္ပဏီအကောင့်ထဲမှာပဲ ထိန်းသိမ်းထားတတ်ကြပါတယ်။ ဒါဟာ ကုမ္ပဏီတွေအတွက်  ရှင်းလင်းသေချာတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်သလို  အရေးကြီးတဲ့ အချက်အလက်တွေကို ခိုးယူတတ်တဲ့ မသမာသူတွေအတွက်  အခွင့်အရေးကောင်းတစ်ခုလည်း  ဖြစ်လာပါတယ်။

ကုမ္ပဏီအများစုကတော့ Virtual Private Networks (VPNs) ကို အသုံးပြုကြပါတယ်။ VPNs ဆိုတာက အသုံးပြုသူတစ်ဦးက သူ့ရဲ့ကွန်ပြူတာကနေ ပို့လိုက်တဲ့အချက်အလက်တွေကို ကုမ္ပဏီနဲ့မသက်ဆိုင်တဲ့ တခြားသူတွေ ဝင်ကြည့်လို့မရအောင် လုံခြုံစွာစီမံခန့်ခွဲပေးတာပဲဖြစ်ပါတယ်။

အခုလိုမျိုးကပ်ရောဂါပျံ့နှံ့နေတဲ့ကာလအတွင်းမှာ ပထမအရေးပါဆုံးသောလူသားက ရောဂါကူးစက်ခံရတဲ့လူနာဖြစ်ပြီး ဒုတိယအရေးပါဆုံးသောလူသားတွေကတော့ ကျန်းမာရေးဝန်ထမ်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် Microsoft ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဆေးပညာအချက်အလက်တွေကို သိမ်းဆည်းရာမှာ အထူးသတိထားသင့်ကြောင်း အသိပေးခဲ့ပါတယ်။

- Advertisement -

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကုမ္ပဏီအများစုဟာ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကုမ္ပဏီဝန်ထမ်းတွေကို  အိမ်ကနေ VPNနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်စေတာက အွန်လိုင်းကနေ ကုမ္ပဏီတွေရဲ့အချက်အလက်တွေကို ခိုးယူပြီး ပြိုင်ဘက်ကုမ္ပဏီတွေကို  ရောင်းစားတတ်တဲ့ မသမာသူတွေအတွက် အခွင့်အလမ်းတစ်ခု  ဖြစ်လာပါတယ်။

ဖေဖော်ဝါရီလအဆုံးမှာတော့ ကမ္ဘာ့အနောက်ပိုင်းဒေသတွေက ကျန်းမာရေးဝန်ထမ်းတွေဟာ နိုင်ငံအတွင်း Coronavirus ကူးစက်ခံရသူ နည်းပါးစေဖို့ အစွမ်းကုန်ကြိုးပမ်းနေတဲ့အချိန်မှာ ကမ္ဘာ့အနှံ့ခရီးသွား  ဝန်ဆောင်မှုလုပ်ငန်း Marriot က ဧည့်သည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေဖြစ်တဲ့ နာမည်၊ မွေးနေ့၊  ဆက်သွယ်ရမယ့် ဖုန်းနံပါတ် (သို့) အီးမေးလ်လိပ်စာတွေကို မသမာသူတွေက ဝင်ရောက်မွှေနှောက်သွားတာကို  သတိထားမိခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကတင်ထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ အိမ်မှာနေရင်း VPN ကိုအသုံးပြုပြီး အလုပ်လုပ်နေတဲ့  ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ကုမ္ပဏီရဲ့ လျှို့ဝှက်ထိန်းသိမ်းထားရမယ့် အချက်အလက်တွေကို  မပေါက်ကြားစေဖို့အတွက် အထူးဂရုစိုက်ဖို့လည်း Microsoft ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အကြံပြုထားပါတယ်။

ဒါ့အပြင် Microsoft ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကုမ္ပဏီဥက္ကဌတွေအနေနဲ့ ကုမ္ပဏီရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို လုံခြုံစွာထားသိုတတ်တဲ့ အချက်အလက် လုံခြုံရေးအဖွဲ့ဝင် ဝန်းထမ်းတွေကိုသာ  ကိုင်တွယ်စေသင့်ကြောင်းလည်း အကြံပြုထားပါသေးတယ်။

<Unicode Version>

 

Source ~ Cnet

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...