Breaking News

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ ဝယ်ယူလိုသူတွေရဲ့ သိလိုတဲ့အရာတွေကို ပြောပြပေးတဲ့အခါမှာ အိမ်ခြံမြေအကျိုးဆောင်အနေနဲ့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

၁။ ရောင်းချတာထက် သတင်းအချက်အလက် မျှဝေပေးတာမျိုး ပြုလုပ်ပါ။

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ရောင်းချနိုင်ဖို့က အဓိကကျတာတော့ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အိမ်ခြံမြေဝယ်ယူလိုသူတွေကို အိမ်ခြံမြေရောင်းချနိုင်ဖို့ထက် ၄င်းတို့လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေပေးခြင်းအားဖြင့် ဝယ်ယူလိုသူနဲ့ အကျိုးဆောင်တွေကြားမှာ ခိုင်မြဲတဲ့ဆက်သွယ်မှုမျိုး ဖြစ်ပေါ်လာအောင် တည်ဆောက်သင့်ပါတယ်။

 

၂။ ဝယ်ယူလိုသူရဲ့ လိုအပ်ချက်ကို နားလည်သဘောပေါက်အောင် ကြိုးစားပါ။

ဝယ်ယူလိုသူတွေရဲ့ လိုအပ်ချက်တွေဟာ တစ်ကွဲတစ်ပြားစီ ဖြစ်နေတတ်ပါတယ်။ လက်ရှိမှာ ရေပန်းစားနေတဲ့အရာကို အမြဲလေ့လာနေပြီး နိုင်ငံခြားက ဝယ်ယူလိုသူရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့အချက်အလက်မျိုးကို ရှာဖွေထားဖို့ လိုအပ်ပါတယ်။

 

၃။ ဝယ်သူတွေကို အလိုက်သင့်ဆက်ဆံပါ။

အချိန်ကွာခြားမှုကို အလေးထားတဲ့အနေနဲ့ အိမ်ခြံမြေအကျိုးဆောင်တွေဟာ ဝယ်ယူသူတွေ သိလိုပြီးမေးမြန်းထားတာကို တတ်နိုင်သမျှ လျင်မြန်စွာ ဖြေပေးသင့်ပါတယ်။ ပြည်တွင်းက ဝယ်ယူသူတွေကတော့ မြန်မာနိုင်ငံမှာ အများဆုံးအသုံးပြုကြတဲ့ လူမှုကွန်ရက်ဆက်သွယ်ရေး App တွေဖြစ်တဲ့ Line ၊ Viber နဲ့ WeChat တို့ကို အသုံးပြုပေမယ့် နိုင်ငံခြားကဝယ်ယူသူတွေကတော့ ဖော်ပြထားတဲ့ လူမှုကွန်ရက်ဆက်သွယ်ရေး Application တွေကို မရင်းနှီးတာမျိုး ဖြစ်တတ်တာကြောင့် အိမ်ခြံမြေအကျိုးဆောင်အနေနဲ့ နိုင်ငံခြားဝယ်ယူသူတွေအသုံပြုဖို့ အဆင်ပြေမယ့် ဆက်သွယ်ရေး App ကိုသာ အသုံးပြုသင့်ပါတယ်။

 

၄။ ထူးချွန်တဲ့ အိမ်ခြံမြေအကျိုးဆောင်ဖြစ်ကြောင်း အသိပေးထားပါ။

နိုင်ငံခြားဝယ်ယူသူတွေအနေနဲ့ မိမိကိုရွေးချယ်ဖို့အတွက် အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အသိအမှတ်ပြုထားတဲ့ဆုတွေ၊ ထူးချွန်လက်မှတ်တွေကို ဖော်ပြထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နိုင်ငံခြားဝယ်ယူသူတွေက ကိုယ့်နဲ့လက်တွဲလုပ်ဆောင်ဖို့ကို ဦးစားပေးစဉ်းစားမှာ ဖြစ်ပါတယ်။

<Unicode Version>

 

 

အိမ္ျခံေျမအက်ိဳးေဆာင္ေတြအေနနဲ႔ ႏိုင္ငံတကာဝယ္ယူသူေတြနဲ႔ ဆက္ဆံရတဲ့အခါမွာ သိထားသင့္တဲ့အခ်က္မ်ား။

အိမ္ျခံေျမအက်ိဳးေဆာင္ေတြအေနနဲ႕ ႏိုင္ငံတကာဝယ္ယူသူေတြနဲ႔ ေျပာဆုိဆက္ဆံတဲ့အခါမွာ မထင္မွတ္ထားတ့ဲ အခက္အခဲေတြနဲ႕ ႀကံဳေတြ႕ႏုိင္ပါတယ္။ ျပည္တြင္းမွာ အိမ္ျခံေျမရွာေဖြေနတ့ဲ ႏိုင္ငံတကာက ဝယ္ယူလိုသူေတြအေနနဲ႕ ၄င္းတို႔ရဲ႕လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ေနရာကို ရွာေဖြေတြ႔ရွိႏိုင္ဖို႔အတြက္ ေမးခြန္းေပါင္းမ်ားစြာကို ေမးျမန္းလာႏိုင္ပါတယ္။ ဝယ္ယူလိုသူေတြရဲ႕ သိလိုတဲ့အရာေတြကို ေျပာျပေပးတဲ့အခါမွာ အိမ္ျခံေျမအက်ိဳးေဆာင္အေနနဲ႔ ေအာက္ပါအခ်က္ေတြကို သိထားသင့္ပါတယ္။

 

၁။ ေရာင္းခ်တာထက္ သတင္းအခ်က္အလက္ မွ်ေဝေပးတာမ်ိဳး ျပဳလုပ္ပါ။

အိမ္ျခံေျမအက်ိဳးေဆာင္ေတြအေနနဲ႔ ေရာင္းခ်ႏိုင္ဖို႔က အဓိကက်တာေတာ့ မွန္ပါတယ္။ ဒါေပမယ့္ ႏိုင္ငံတကာ အိမ္ျခံေျမဝယ္ယူလိုသူေတြကုိ အိမ္ျခံေျမေရာင္းခ်ႏိုင္ဖို႔ထက္ ၄င္းတို႔လိုအပ္တဲ့ အခ်က္အလက္ေတြကို ရွာေဖြေပးျခင္းအားျဖင့္ ဝယ္ယူလိုသူနဲ႔ အက်ိဳးေဆာင္ေတြၾကားမွာ ခိုင္ျမဲတဲ့ဆက္သြယ္မႈမ်ိဳး ျဖစ္ေပၚလာေအာင္ တည္ေဆာက္သင့္ပါတယ္။

 

၂။ ဝယ္ယူလိုသူရဲ႕ လိုအပ္ခ်က္ကို နားလည္သေဘာေပါက္ေအာင္ ႀကိဳးစားပါ။

ဝယ္ယူလိုသူေတြရဲ႕ လိုအပ္ခ်က္ေတြဟာ တစ္ကြဲတစ္ျပားစီ ျဖစ္ေနတတ္ပါတယ္။ လက္ရွိမွာ ေရပန္းစားေနတဲ့အရာကို အျမဲေလ့လာေနၿပီး ႏိုင္ငံျခားက ဝယ္ယူလိုသူရဲ႕ လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့အခ်က္အလက္မ်ိဳးကို ရွာေဖြထားဖို႕ လိုအပ္ပါတယ္။

 

၃။ ဝယ္သူေတြကို အလိုက္သင့္ဆက္ဆံပါ။

အခ်ိန္ကြာျခားမႈကို အေလးထားတဲ့အေနနဲ႔ အိမ္ျခံေျမအက်ိဳးေဆာင္ေတြဟာ ဝယ္ယူသူေတြ သိလိုၿပီးေမးျမန္းထားတာကို တတ္ႏိုင္သမွ် လ်င္ျမန္စြာ ေျဖေပးသင့္ပါတယ္။ ျပည္တြင္းက ဝယ္ယူသူေတြကေတာ့  ျမန္မာႏိုင္ငံမွာ အမ်ားဆံုးအသံုးျပဳၾကတဲ့ လူမႈကြန္ရက္ဆက္သြယ္ေရး App ေတြျဖစ္တဲ့ Line ၊ Viber နဲ႔ WeChat တို႔ကို အသံုးျပဳေပမယ့္ ႏိုင္ငံျခားကဝယ္ယူသူေတြကေတာ့ ေဖာ္ျပထားတဲ့ လူမႈကြန္ရက္ဆက္သြယ္ေရး Application ေတြကို မရင္းႏွီးတာမ်ိဳး ျဖစ္တတ္တာေၾကာင့္ အိမ္ျခံေျမအက်ိဳးေဆာင္အေနနဲ႔  ႏိုင္ငံျခားဝယ္ယူသူေတြအသုံျပဳဖို႕ အဆင္ေျပမယ့္ ဆက္သြယ္ေရး App ကိုသာ အသံုးျပဳသင့္ပါတယ္။

 

၄။ ထူးခၽြန္တဲ႔ အိမ္ျခံေျမအက်ိဳးေဆာင္ျဖစ္ေၾကာင္း အသိေပးထားပါ။

ႏိုင္ငံျခားဝယ္ယူသူေတြအေနနဲ႔ မိမိကိုေရြးခ်ယ္ဖို႔အတြက္ အိမ္ျခံေျမအက်ိဳးေဆာင္တစ္ေယာက္အေနနဲ႔ ကိုယ့္ရဲ႕ကၽြမ္းက်င္မႈကို အသိအမွတ္ျပဳထားတဲ့ဆုေတြ၊ ထူးခၽြန္လက္မွတ္ေတြကို ေဖာ္ျပထားဖို႕ လိုအပ္ပါတယ္။ ဒါမွလည္း ႏုိင္ငံျခားဝယ္ယူသူေတြက ကိုယ့္နဲ႔လက္တြဲလုပ္ေဆာင္ဖို႕ကို ဦးစားေပးစဥ္းစားမွာ ျဖစ္ပါတယ္။

 

#soshweproperty

#soshweforyourdailylife

#likeandshare

 

About admin

Check Also

အိမ်မှာနေရင်း အိမ်အသစ်ရှာဖွေခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူး (၃) ခု။

အိမ်အသစ်ရှာဖွေနေသူ ဒါမှမဟုတ် အိမ်ပြောင်းနေဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ အခုဆောင်းပါးလေးကို ဖတ်ရှုပေးဖို့ အကြံပေးပါရစေ။ အခုခေတ်မှာတော့ လူမှုကွန်ရက်ကို တွင်ကျယ်စွာအသုံးပြုလာကြပြီမို့ အိမ်အသစ်ရှာနေသူတွေကလည်း လူမှုကွန်ရက်ကနေပဲ မိမိနေလိုတဲ့အိမ်လေးကို အလွယ်တကူ ရှာဖွေနိုင်ပြီပဲ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro