HomeBanking & Financeအေမရိကန္ႏိုင္ငံကို ေဝဖန္ျပစ္တင္လိုက္သည့္ Huawei ဥကၠဌ။

အေမရိကန္ႏိုင္ငံကို ေဝဖန္ျပစ္တင္လိုက္သည့္ Huawei ဥကၠဌ။

- Advertisement -

Huawei ကုမၸဏီရဲ႕ဥကၠဌျဖစ္သူ Eric Xu က ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္၌ ကုမၸဏီရဲ႕တစ္ႏွစ္စာ ဝင္ေငြေလ်ာ့က်ခဲ့ျခင္းအတြက္ အေမရိကန္ႏိုင္ငံကို ျပစ္တင္ေဝဖန္ခဲ့ေၾကာင္း သိရိွရပါတယ္။ အေမရိကန္ႏိုင္ငံသည္ ၿပီးခဲ့သည့္ႏွစ္အတြင္းက တရုတ္နဲ႔ပတ္သက္ဆက္စပ္ေနသည့္ လုပ္ငန္းမ်ားကို စီးပြားေရးအရ ပိတ္ဆို႔မႈမ်ား ျပဳလုပ္ခဲ့ၿပီး တရုတ္ႏိုင္ငံနဲ႔ ကုန္သြယ္ေရးစစ္ပဲြမ်ား ဆင္ႏဲႊခဲ့ပါတယ္။

အေမရိကန္ရဲ႕လုပ္ရပ္ေၾကာင့္ တရုတ္ႏိုင္ငံရဲ႕ စီးပြားေရးလုပ္ငန္းအမ်ားအျပားအေပၚ အက်ိဳးသက္ေရာက္မႈရိွခဲ့ၿပီး Huawei ကုမၸဏီမွာမူ အဆိုပါရိုက္ခတ္မႈဒဏ္ကို အဆိုးရြားဆံုး  ခံခဲ့ရသည္ဟုဆိုႏိုင္ပါတယ္။ Google Play Store ဝန္ေဆာင္မႈမ်ားကို Huawei ဖုန္းမ်ား၌ အသံုးျပဳႏိုင္ျခင္းမရွိေတာ့သည့္အျပင္ နာမည္ႀကီးဖုန္းကုမၸဏီအေနျဖင့္ 5G ဝန္ေဆာင္မႈအတြက္ပါ အခက္အခဲမ်ားနဲ႔ ရင္ဆိုင္ခဲ့ရျခင္းျဖစ္ပါတယ္။

Huawei သည္ ၿပီးခဲ့သည့္ႏွစ္က ေဒၚလာ (၁၂၃) ဘီလီယမ္ ဝင္ေငြရရွိခ့ဲၿပီး အသားတင္အျမတ္ေငြ ေဒၚလာ ၉ ဘီလီယမ္အထိ ရရွိခ့ဲကာ ၂၀၁၇ ခုႏွစ္နဲ႕ ၂၀၁၈ ခုႏွစ္တို႕နဲ႕ယွဥ္လွ်င္ ဝင္ေငြရာခိုင္ႏႈန္းနည္းပါးခ့ဲေၾကာင္း  ေဖာ္ျပခ့ဲပါတယ္။  Huawei ကုမၸဏီရဲ႕ အလွည့္က်ဥကၠဌျဖစ္သူ Eric Xu က “ေဒၚလာ (၁၃၅) ဘီလီယမ္အျဖစ္ ကြ်န္ေတာ္တို႔ ပစ္မွတ္ထားခဲ့တဲ့ ဝင္ေငြပမာဏကို မရရွိခဲ့ဘဲ ေဒၚလာ (၁၂) ဘီလီယမ္ေလာက္ ကြ်န္ေတာ္တို႔ ဆံုးရံႈးလိုက္ရပါတယ္။ ဒါေတြအားလံုးက အေမရိကန္ျပည္ေထာင္စုက ကြ်န္ေတာ္တို႔ကို စီးပြားေရးပိတ္ဆို႔ခဲ့တဲ့ အက်ိဳးရလဒ္ပါပဲ။” ဟု ေျပာၾကားခဲ့ပါတယ္။

- Advertisement -

ထပ္မံ၍လည္း Xu က “ကြ်န္ေတာ္တို႔ကို ကုန္ၾကမ္းေထာက္ပံ့ေပးေနတဲ့ ပတ္ဝန္းက်င္က စိန္ေခၚမႈေတြကိုလည္း ကြ်န္ေတာ္တို႔ ေျဖရွင္းခဲ့ရၿပီး ကုန္ပစၥည္းေတြကိုလည္း ဝယ္ယူသူေတြအတြက္ ေရတုိေရရွည္ စီစဥ္ေပးခဲ့ရသလို သုေတသနဲ႔ဖံြ႕ၿဖိဳးတိုးတက္မႈအပိုင္း၊ ရင္းႏီွးျမွဳပ္ႏံွမႈအပိုင္းေတြမွာလည္း တုိးတက္ေအာင္  ေဆာင္ရြက္ခဲ့ရပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။

- Advertisement -

ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္သည္ Huawei ကုမၸဏီအတြက္ ခက္ခဲၾကမ္းတမ္းသည့္ စိန္ေခၚမႈမ်ားနဲ႔ ရင္ဆိုင္ခဲ့ရသည့္ႏွစ္ျဖစ္ၿပီး ကုမၸဏီရဲ႕ 5G ကြန္ရက္စနစ္ အစျပဳသည္ကို အေမရိကန္ဘက္မွ ပိတ္ဆို႔ခဲ့ျခင္းမွစ၍ ကုမၸဏီကိုနာမည္ပ်က္စာရင္းသြင္းျခင္းနဲ႔ အျခားေသာပိတ္ပင္ျခင္းမ်ားကိုလည္း ျပဳလုပ္ခဲ့ပါတယ္။ ဝါရွင္တန္ဖက္မွလည္း Huawei ကုမၸဏီအေနျဖင့္ သူတို႔ရဲ႕ နည္းပညာမ်ားကို အသံုးခ်ၿပီး သူလွ်ိဳလုပ္ရန္ႀကိဳးပမ္းခဲ့သည္ဟု စြပ္စဲြခဲ့ေပမယ့္ ကုမၸဏီဘက္ကမူ အဆိုပါစြပ္စဲြခ်က္မ်ားကို ျငင္းဆန္ခဲ့ပါတယ္။

လက္ရွိအခ်ိန္၌လည္း ကမာၻတစ္ဝွမ္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈအႏၱရာယ္ေၾကာင့္ စီးပြားေရးက်ဆင္းမႈမ်ားနဲ႔ ရင္ဆိုင္ေနရရာ ကိုရိုနာဗိုင္းရပ္စ္က Huawei ကုမၸဏီအေပၚမည္မွ်အက်ိဳးသက္ေရာက္မႈရွိမည္ဆိုျခင္းကို ရွင္းရွင္းလင္းလင္းမသိရွိႏိုင္ေသးေၾကာင္း Eric Xu ကဆိုပါတယ္။

<Zawgyi Version>

 

Huawei ကုမ္ပဏီရဲ့ဥက္ကဌဖြစ်သူ Eric Xu က ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၌ ကုမ္ပဏီရဲ့တစ်နှစ်စာ ဝင်ငွေလျော့ကျခဲ့ခြင်းအတွက် အမေရိကန်နိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်နဲ့ပတ်သက်ဆက်စပ်နေသည့် လုပ်ငန်းများကို စီးပွားရေးအရ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲများ ဆင်နွှဲခဲ့ပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်ကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းအများအပြားအပေါ် အကျိုးသက်ရောက်မှုရှိခဲ့ပြီး Huawei ကုမ္ပဏီမှာမူ အဆိုပါရိုက်ခတ်မှုဒဏ်ကို အဆိုးရွားဆုံး  ခံခဲ့ရသည်ဟုဆိုနိုင်ပါတယ်။ Google Play Store ဝန်ဆောင်မှုများကို Huawei ဖုန်းများ၌ အသုံးပြုနိုင်ခြင်းမရှိတော့သည့်အပြင် နာမည်ကြီးဖုန်းကုမ္ပဏီအနေဖြင့် 5G ဝန်ဆောင်မှုအတွက်ပါ အခက်အခဲများနဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။

Huawei သည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ (၁၂၃) ဘီလီယမ် ဝင်ငွေရရှိခဲ့ပြီး အသားတင်အမြတ်ငွေ ဒေါ်လာ ၉ ဘီလီယမ်အထိ ရရှိခဲ့ကာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တို့နဲ့ယှဉ်လျှင် ဝင်ငွေရာခိုင်နှုန်းနည်းပါးခဲ့ကြောင်း  ဖော်ပြခဲ့ပါတယ်။  Huawei ကုမ္ပဏီရဲ့ အလှည့်ကျဥက္ကဌဖြစ်သူ Eric Xu က “ဒေါ်လာ (၁၃၅) ဘီလီယမ်အဖြစ် ကျွန်တော်တို့ ပစ်မှတ်ထားခဲ့တဲ့ ဝင်ငွေပမာဏကို မရရှိခဲ့ဘဲ ဒေါ်လာ (၁၂) ဘီလီယမ်လောက် ကျွန်တော်တို့ ဆုံးရှုံးလိုက်ရပါတယ်။ ဒါတွေအားလုံးက အမေရိကန်ပြည်ထောင်စုက ကျွန်တော်တို့ကို စီးပွားရေးပိတ်ဆို့ခဲ့တဲ့ အကျိုးရလဒ်ပါပဲ။” ဟု ပြောကြားခဲ့ပါတယ်။

ထပ်မံ၍လည်း Xu က “ကျွန်တော်တို့ကို ကုန်ကြမ်းထောက်ပံ့ပေးနေတဲ့ ပတ်ဝန်းကျင်က စိန်ခေါ်မှုတွေကိုလည်း ကျွန်တော်တို့ ဖြေရှင်းခဲ့ရပြီး ကုန်ပစ္စည်းတွေကိုလည်း ဝယ်ယူသူတွေအတွက် ရေတိုရေရှည် စီစဉ်ပေးခဲ့ရသလို သုတေသနဲ့ဖွံ့ဖြိုးတိုးတက်မှုအပိုင်း၊ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာလည်း တိုးတက်အောင်  ဆောင်ရွက်ခဲ့ရပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -

ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်သည် Huawei ကုမ္ပဏီအတွက် ခက်ခဲကြမ်းတမ်းသည့် စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ခဲ့ရသည့်နှစ်ဖြစ်ပြီး ကုမ္ပဏီရဲ့ 5G ကွန်ရက်စနစ် အစပြုသည်ကို အမေရိကန်ဘက်မှ ပိတ်ဆို့ခဲ့ခြင်းမှစ၍ ကုမ္ပဏီကိုနာမည်ပျက်စာရင်းသွင်းခြင်းနဲ့ အခြားသောပိတ်ပင်ခြင်းများကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဝါရှင်တန်ဖက်မှလည်း Huawei ကုမ္ပဏီအနေဖြင့် သူတို့ရဲ့ နည်းပညာများကို အသုံးချပြီး သူလျှိုလုပ်ရန်ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခဲ့ပေမယ့် ကုမ္ပဏီဘက်ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပါတယ်။

လက်ရှိအချိန်၌လည်း ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကြောင့် စီးပွားရေးကျဆင်းမှုများနဲ့ ရင်ဆိုင်နေရရာ ကိုရိုနာဗိုင်းရပ်စ်က Huawei ကုမ္ပဏီအပေါ်မည်မျှအကျိုးသက်ရောက်မှုရှိမည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်းမသိရှိနိုင်သေးကြောင်း Eric Xu ကဆိုပါတယ်။

<Unicode Version>

 

Source ~ CNBC

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 + one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...