HomeSportဆန်ချိုနဲ့လျှို့ဝှက်သဘောတူညီမှုရခဲ့ပြီဆိုသည့် ယူနိုက်တက်အသင်း။
ဆန်ချိုနဲ့လျှို့ဝှက်သဘောတူညီမှုရခဲ့ပြီဆိုသည့် ယူနိုက်တက်အသင်း။
- Advertisement -
- Advertisement -
<Zawgyi Version>
- Advertisement -
ယူနိုက်တက်အသင်းသည် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံကစားသမားတစ်ဦးဖြစ်သူ ဆန်ချိုကို ခေါ်ယူရန်အတွက် လျှို့ဝှက်သဘောတူညီမှုရခဲ့ပြီဟု သတင်းများထွက်ပေါ်နေပါတယ်။ အသက် (၂၀) အရွယ် အဆိုပါအင်္ဂလန်တောင်ပံကစားသမားလေးသည် လက်ရှိဘောလုံးရာသီ၌ ဒေါ့မွန်အသင်းအတွက် လိဂ်ပွဲ (၂၃) ပွဲကစား (၁၄) ဂိုးသွင်း၊ (၁၆) ဂိုး ဖန်တီးမှုပြုလုပ်ပေးထားပြီး အကောင်းဆုံးခြေစွမ်းများနဲ့ တောက်ပနေသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
ပြီးခဲ့သည့်ဆောင်းရာသီအပြောင်းအရွှေ့တည်းက ဆန်ချိုကိုခေါ်ယူရန် ယူနိုက်တက်အသင်းက အသည်းအသန် ကြိုးစားခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူးအသင်းတို့ကလည်း ဆန်ချိုကိုခေါ်ယူရန်အတွက် စိတ်ဝင်စားလျက်ရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းကသာ ဆန်ချိုကိုခေါ်ယူရန်အတွက် ပိုမိုရေပန်းစားလျက်ရှိပြီး လက်ရှိအချိန်၌မူ ဗြိတိန်အခြေစိုက်သတင်းစာတစ်စောင်ဖြစ်သည့် Independent ရဲ့ဖော်ပြချက်အရ ဆန်ချိိုအနေနဲ့ အသင်းဟောင်း မန်စီးတီးကို ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒမရှိဘဲ မန်စီးတီးအသင်းရဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရန်အတွက် ပုဂ္ဂိိုလ်ရေးအရ လျှို့ဝှက်သဘောတူညီမှုရရှိထားပြီဟု  ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ရေရာမှုမရှိသေးခြင်းကြောင့် ဆန်ချိုကိုခေါ်ယူရန် ကိစ္စ၌ အနှောင့်အယှက်များရှိလာနိုင်ပါတယ်။ ဒေါ့မွန်အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်သူ  ဝေါ့ဇ်ကီကလည်း ဆန်ချိုရဲ့ဆုံးဖြတ်ချက်အပေါ် လေးစားမှုထားရှိမည်ဖြစ်ကြောင်း၊ ဒါပေမယ့်  စျေးပေါပေါနဲ့  ရောင်းချသွားမည်မဟုတ်ကြောင်း ပြောကြားထားပါတယ်။ ဆန်ချိုနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက လာမယ့် (၂၀၂၂) ခုနှစ်၌ ကုန်ဆုံးမည်ဖြစ်ပြီး ဒေါ့မွန်အသင်းအနေနဲ့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၂၀) ရရှိပါက လက်လွှတ်ခံသွားမည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
<Unicode Version>
Source ~ Sportsmole
#HM(1209Soshwe)
- Advertisement -
#soshwesport
#Soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
19 + seven =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...