နာမည္ေက်ာ္ႏွစ္ဦးျဖစ္သည့္ Rihanna နဲ႔ Drake တို႔ႏွစ္ဦးသည္ DJ Spade ရဲ႕ အင္စတာဂရမ္ Live Story ေအာက္၌ တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္စေနာက္ကာ ၾကည္ႏူးစရာအခိုက္အတန္႔မ်ားကို ဖန္တီးခဲ့ၾကေၾကာင္း သိရိွရပါတယ္။ ပရိသတ္မ်ားကလည္း သူတုိ႔ႏွစ္ေယာက္ရဲ႕ အျပန္အလွန္စကားမ်ားကို Screenshot ရိုက္ကာ ဆိုရွယ္မီဒီယာေပၚ၌ ျပန္လည္ျဖန္႔ေဝခဲ့ၾကပါတယ္။
Rihanna and Drake interacting in the comments of DJ Spade’s Instagram live. 👀 pic.twitter.com/Bi0EhyhPBr
— Pop Crave (@PopCrave) March 25, 2020
သူတုိ႔ႏွစ္ဦးလံုးသည္ လက္ရွိအခ်ိန္၌ တရားဝင္တဲြခုတ္ေနသူမ်ားမရွိျခင္းေၾကာင့္လည္း ပရိသတ္မ်ားအတြက္ အခ်စ္ဇာတ္လမ္းတစ္ခု ပံုေဖာ္ရန္ ကုန္ၾကမ္းရရွိသြားၿပီဟုလည္းဆုိႏိုင္ပါတယ္။ Rihanna သည္ ၿပီးခဲ့သည့္ ဇန္နဝါရီလအေစာပိုင္းက ေဆာ္ဒီဘီလ်ံနာတစ္ဦးျဖစ္သူ Hassan Jameel နဲ႔ လမ္းခဲြခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္အထိ Single အျဖစ္သာ ေနထိုင္ပါတယ္။ Rihanna နဲ႔ Drake တုိ႔ႏွစ္ဦးသည္ ၿပီးခဲ့သည့္ (၂၀၀၉) ခုႏွစ္က ေခတၱခဏတဲြခုတ္သည္ဟု သတင္းမ်ားထြက္ေပၚခဲ့ၿပီး လက္ရွိအခ်ိန္၌ သူငယ္ခ်င္းေကာင္းမ်ားကဲ့သို႔ ရင္းႏွီးသည့္ ဆက္ဆံေရးရွိေနသလို ၿပီးခဲ့သည့္ေအာက္တိုဘာလက က်င္းပခဲ့သည့္ Drake ရဲ႕ေမြးေန႔ပါတီတစ္ခု၌လည္း နာရီေပါင္းမ်ားစြာ အတူတကြအခ်ိန္ကုန္ဆံုးခဲ့ၾကပါေသးတယ္။
https://www.instagram.com/p/B-Kz2MvjYOK/?utm_source=ig_embed
ထိုကဲ့သို႔ အခ်ိန္ၾကာျမင့္စြာအတူရွိခဲ့ျခင္းက သူတုိ႔ႏွစ္ဦးၾကား ဆက္ဆံေရး ျပန္လည္အဆင္ေျပလာသည့္ လကၡဏာျဖစ္သည္ဟု နီးစပ္သူတစ္ဦးကဆိုခဲ့ၿပီး လက္ရွိအခ်ိန္၌လည္း Rihanna နဲ႔ Drake တို႔ႏွစ္ဦး ဆုိရွယ္မီဒီယာေပၚ၌ လူသိရွင္ၾကား စေနာက္က်ီစယ္ေနျခင္းေၾကာင့္ သူတုိ႔ႏွစ္ဦးျပန္လည္ေပါင္းထုပ္ရန္ ေမွ်ာ္လင့္ေနသည့္ပရိသတ္မ်ားလည္းရိွလာခဲ့ၿပီျဖစ္ပါတယ္။
<Zawgyi Version>
နာမည်ကျော်နှစ်ဦးဖြစ်သည့် Rihanna နဲ့ Drake တို့နှစ်ဦးသည် DJ Spade ရဲ့ အင်စတာဂရမ် Live Story အောက်၌ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်စနောက်ကာ ကြည်နူးစရာအခိုက်အတန့်များကို ဖန်တီးခဲ့ကြကြောင်း သိရှိရပါတယ်။ ပရိသတ်များကလည်း သူတို့နှစ်ယောက်ရဲ့ အပြန်အလှန်စကားများကို Screenshot ရိုက်ကာ ဆိုရှယ်မီဒီယာပေါ်၌ ပြန်လည်ဖြန့်ဝေခဲ့ကြပါတယ်။
Rihanna and Drake interacting in the comments of DJ Spade’s Instagram live. 👀 pic.twitter.com/Bi0EhyhPBr
— Pop Crave (@PopCrave) March 25, 2020
သူတို့နှစ်ဦးလုံးသည် လက်ရှိအချိန်၌ တရားဝင်တွဲခုတ်နေသူများမရှိခြင်းကြောင့်လည်း ပရိသတ်များအတွက် အချစ်ဇာတ်လမ်းတစ်ခု ပုံဖော်ရန် ကုန်ကြမ်းရရှိသွားပြီဟုလည်းဆိုနိုင်ပါတယ်။ Rihanna သည် ပြီးခဲ့သည့် ဇန်နဝါရီလအစောပိုင်းက ဆော်ဒီဘီလျံနာတစ်ဦးဖြစ်သူ Hassan Jameel နဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်အထိ Single အဖြစ်သာ နေထိုင်ပါတယ်။ Rihanna နဲ့ Drake တို့နှစ်ဦးသည် ပြီးခဲ့သည့် (၂၀၀၉) ခုနှစ်က ခေတ္တခဏတွဲခုတ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်၌ သူငယ်ချင်းကောင်းများကဲ့သို့ ရင်းနှီးသည့် ဆက်ဆံရေးရှိနေသလို ပြီးခဲ့သည့်အောက်တိုဘာလက ကျင်းပခဲ့သည့် Drake ရဲ့မွေးနေ့ပါတီတစ်ခု၌လည်း နာရီပေါင်းများစွာ အတူတကွအချိန်ကုန်ဆုံးခဲ့ကြပါသေးတယ်။
https://www.instagram.com/p/B-Kz2MvjYOK/?utm_source=ig_embed
ထိုကဲ့သို့ အချိန်ကြာမြင့်စွာအတူရှိခဲ့ခြင်းက သူတို့နှစ်ဦးကြား ဆက်ဆံရေး ပြန်လည်အဆင်ပြေလာသည့် လက္ခဏာဖြစ်သည်ဟု နီးစပ်သူတစ်ဦးကဆိုခဲ့ပြီး လက်ရှိအချိန်၌လည်း Rihanna နဲ့ Drake တို့နှစ်ဦး ဆိုရှယ်မီဒီယာပေါ်၌ လူသိရှင်ကြား စနောက်ကျီစယ်နေခြင်းကြောင့် သူတို့နှစ်ဦးပြန်လည်ပေါင်းထုပ်ရန် မျှော်လင့်နေသည့်ပရိသတ်များလည်းရှိလာခဲ့ပြီဖြစ်ပါတယ်။
<Unicode Version>
Source ~ Marieclaire
#HM(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare