နည်းပညာမြင့် အရည်သွေးပြည့်ဝတဲ့ ပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီတော်တော်များများဟာလည်း ပစ္စည်းအသစ်ကို ဈေးကွက်ထဲမှာ ဖြန့်ဝေမလား? ဒါမှမဟုတ် အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ပစ္စည်းရောင်းချမှုကို အချိန်ရွှေ့ဆိုင်းမလား? ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
<Zawgyi Version>
ကမ္ဘာတစ်ဝှမ်းမှာ လူသားတွေရဲ့အသက်ကို နေ့စဉ်နေ့တိုင်း ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် လူစုလူဝေးမပြုလုပ်စေဖို့အတွက် ဂီတပွဲတော်တွေ၊ အရောင်းပြပွဲတွေနဲ့ အိုလံပစ်အားကစားပွဲကြီးကိုပါ အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရပါတယ်။
Apple ကုမ္ပဏီဟာ iPhone အမျိုးအစားအသစ်ကို ဆောင်းဦးရာသီမှာ လူထုကို မိတ်ဆက်ပေးမယ်လို့ ဆိုထားပေမယ့် မမျှော်လင့်ထားတဲ့ ရောဂါအခြေအနေကြောင့် iPhone အသစ် မိတ်ဆက်ပွဲကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။
ရောဂါပိုးစတင်ပျံ့နှံ့လာပြီးနောက် တရုတ်နိုင်ငံ အာဏာပိုင်တွေဟာ နိုင်ငံတွင်းဝင်ထွက်မှုကို ပိတ်ပင်လိုက်ပြီးနောက်မှာတော့ နည်းပညာပစ္စည်း စျေးကွက်လှုပ်ရှားမှုဟာလည်း နှေးကွေးသွားကာ Apple ကုမ္ပဏီအနေနဲ့ ကုန်စည်စီးဆင်းခြင်းနှေးကွေးမှု ပြဿနာကို ကြုံတွေ့လာရပါတယ်။ ဒါ့အပြင် Apple ကုမ္ပဏီမှလည်း လူတွေအနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်နေရတာကြောင့်ပဲ iPhone အမျိုးအစားအသစ်ကို စိတ်ဝင်တစားမရှိမှာကိုလည်း စိုးရိမ်နေပါသေးတယ်။
Apple ကုမ္ပဏီမှ နှစ်စဉ်နှစ်တိုင်း ကုမ္ပဏီကို အကျိုးအမြတ်အများကြီး ရရှိစေနိုင်တဲ့ iPhoneအမျိုးအစား အသစ်တစ်ခုကို မိတ်ဆက်ပေးလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် လူထုကိုမရောင်းချနိုင်သေးတာမို့ ကုမ္ပဏီရဲ့ငွေစီးဆင်းမှုကို ထိခိုက်စေနိုင်တယ်လို့ ယူဆလို့ရပါတယ်။
နည်းပညာမြင့် အရည်သွေးပြည့်ဝတဲ့ ပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီတော်တော်များများဟာလည်း ပစ္စည်းအသစ်ကို စျေးကွက်ထဲမှာ ဖြန့်ဝေမလား? ဒါမှမဟုတ် အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ပစ္စည်းရောင်းချမှုကို အချိန်ရွှေ့ဆိုင်းမလား? ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
<Unicode Version>
Source ~ Cnet
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare