၉။ ယခုပုံထဲက ဆရာဝန်မှာ မေ့ဆေးအထူးကုဆရာဝန်ကြီး Dr. John Henao ဖြစ်ပြီး သူ့ရဲ့ဆေးရုံ၌လည်း လိုအပ်တဲ့အကာအကွယ်ပစ္စည်းများ များကုန်ဆုံးနေပြီဖြစ်ပါတယ်။
<Zawgyi Version>
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကအစပြုခဲ့သော COVID- 19 ဟုခေါ်သည့် ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိအချိန်၌ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့လျက်ရှိပြီး အီတလီနိုင်ငံ၌ လူပေါင်း (၅) ထောင်ကျော်သေဆုံးကာ စပိန်နိုင်ငံ၌ လူပေါင်း (၂) ထောင်နီးပါးအထိ သေဆုံးခဲ့ရပါတယ်။ လက်ရှိအချိန်၌ ကမ္ဘာအနှံ့မှဆရာဝန်များ၊ သူနာပြုများသည်လည်း အိမ်မပြန်နိုင်တော့ဘဲ ဆေးရုံ၌ (၂၄) နာရီ နေထိုင်ကာ လူနာများကို ပြုစုကယ်တင်လျက်ရှိပါတယ်။ ယခုကဲ့သို့ ဗိုင်းရပ်စ်အန္တရာယ်ကိုမမှုဘဲ လူနာများကို ပင်ပင်ပန်းပန်းကယ်တင်နေသောဆရာဝန်များရဲ့ ဓာတ်ပုံများကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ ICU အတွင်း၌ (၁၃) နာရီကြာနေပြီးနောက်မှာတော့ . . .
၂။ လူနာများကို နာရီပေါင်းများစွာ ပြုစုစောင့်ရှောက်ထားတဲ့ ချက်နိုင်ငံမှ ဆရာဝန်တစ်ဦးရဲ့ မျက်နှာအနေအထား . . .
၃။ ကျွန်မ သူနာပြုလုပ်လာတာ (၁၃) နှစ်ကြာခဲ့ပါပြီ။ ဒီလိုမျိုး တစ်ခါမှမမြင်ခဲ့ဖူးပါဘူး။ ကျွန်မတို့ရဲ့ ကျန်းမာရေးအဖွဲ့အစည်းထဲမှာ အခုဘာတွေဖြစ်ကုန်ပြီလဲ။
၄။ အထူးကြပ်မတ်စောင့်ရှောက်မှုများပြုလုပ်ပြီးချိန်၌ သူနာပြုတစ်ယောက် မျက်နှာပုံစံ . . .
၅။ ဒါကတော့ N95 Mask ကို တစ်နေကုန်တပ်ပြီး ဖြစ်သွားတဲ့မျက်နှာပုံစံပါ။ ကျွန်မတို့ဆီမှာ ဘယ်အရာမှ လုံလုံလောက်လောက်မရှိသေးပါဘူး။
၆။ Cleveland က စမ်းသပ်ရေးစင်တာမှာ ဗိုင်းရပ်စ်သံသယရှိတဲ့ လူနာတွေအတွက် စစ်ဆေးပေးရတဲ့ (၁၂) နာရီတာအချိန်ကာလပြီးဆုံးသွားတဲ့နောက်မှာတော့ . . .
၇။ တိုက်ပွဲဝင်ရင်း ရရှိခဲ့တဲ့ အမာရွတ်တွေပါ . . .
၈။ ကျွန်မက သူနာပြုတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရပါပြီ။
၉။ ယခုပုံထဲက ဆရာဝန်မှာ မေ့ဆေးအထူူးကုဆရာဝန်ကြီး Dr. John Henao ဖြစ်ပြီး သူ့ရဲ့ဆေးရုံ၌လည်း လိုအပ်တဲ့အကာအကွယ်ပစ္စည်းများ များကုန်ဆုံးနေပြီဖြစ်ပါတယ်။
၁၀။ ကိုရိုနာဗိုင်းရပ်စ်နဲ့ အပြင်းအထန်တိုက်ခိုက်ပြီးနောက် Mask ချွတ်လိုက်တဲ့ သူနာပြုများရဲ့ မျက်နှာသွင်ပြင်များဖြစ်ပါတယ်။
၁၁။ လုံလောက်တဲ့ အကာအကွယ်ဝတ်စုံများမရှိတော့ပေမယ့် နယူးယော့ခ်မြို့ရဲ့ ရှေ့တန်းစစ်မျက်နှာ၌ ကိုရိုနာဗိုင်းရပ်စ်နဲ့ တိုက်ခိုက်နေရတဲ့ ဒေါက်တာ Joy ရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။
၁၂။ Protective Gear ကို ဖယ်ရှားလိုက်ပြီးနောက် သူနာပြုဆရာမရဲ့ ပုံပန်းသွင်ပြင် . . .
၁၃။ ဒါကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ လူနာတွေကို နေ့လယ်ကနေ ညသန်းခေါင်အထိ ပြုစုစောင့်ရှောက်နေတဲ့ အသက် (၇၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်တစ်ယောက်ပါ။
၁၄။ ရှည်လျားတဲ့ Duty ချိန်ကို ဖြတ်သန်းထားတဲ့ သူနာပြုဆရာမတစ်ယောက်ရဲ့မျက်နှာအနေအထား . . .
၁၅။ ဆိုးရွားတဲ့ဒီအမာရွတ်တွေက သူနာပြုတွေရဲ့ ရင်ထဲကအလှတရားကိုတော့ ဖုံးကွယ်နိုင်မှာမဟုတ်ပါဘူး။
၁၆။ အရေးပေါ်အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ သူနာပြုပဲဖြစ်ပါတယ်။
၁၇။ အသက် (၆၀) အရွယ် မိခင်တစ်ဦးကတော့ လူနာတွေကို ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်ကုသပေးနေတဲ့ သူရဲကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။
၁၈။ ဒါက ကျွန်တော့်ရဲ့ တကယ့်ပုံရိပ်အစစ်အမှန်ပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေနဲ့အတူ (၁၀) နာရီခွဲကြာအောင် ဝတ်စုံအပြည့်နဲ့ အချိန်ကုန်ဆုံးခဲ့ရပါတယ်။
၁၉။ အရမ်းကိုပင်ပန်းနေပြီး ကြောက်လည်းကြောက်လန့်နေပါတယ်။ အကာအကွယ်ပစ္စည်းတွေကြောင့်လည်း အမှတ်အသားတွေ၊ ဒဏ်ရာတွေနဲ့ အပူဒဏ်တွေကို အလူးအလဲခံနေရပါတယ်။
၂၀။ ဒါကတော့ တကယ့်အစစ်အမှန်ပါပဲလို့ မျက်နှာပေါ်ကအမာရွတ်နဲ့ ဆရာမလေးက ရင်ဖွင့်သွားပါတယ်။
၂၁။ Mask ဝတ်ပြီးနောက်ပိုင်း သူ့မျက်နှာ ဘယ်လိုဖြစ်သွားလဲဆိုတာကို သူနာပြုဆရာမလေးက ဆဲလ်ဖီရိုက်ပြီး သက်သေပြထားပါတယ်။
၂၂။ ပြင်းပြင်းထန်ထန် ဖျားနာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို လန်ဒန်တစ်ဝိုက် ရွှေ့ပြောင်းပေးခဲ့သူတစ်ယောက်ရဲ့ မျက်နှာဖြစ်ပါတယ်။ သူမအနေနဲ့ အကာအကွယ်တွေကို (၉) နာရီကြာ ဝတ်ဆင်ခဲ့ရတာပါ။
၂၃။ ညဉ့်နက်သန်းခေါင်ကနေ နောက်တစ်နေ့ နေ့လယ်အထိ အကာအကွယ်များဝတ်ဆင်ပြီး လူနာများကို ပြုစုနေရတဲ့ သူနာပြုဆရာမရဲ့ မျက်နှာဖြစ်ပါတယ်။ ဘာဆိုဘာမှကို မလုပ်နိုင်တော့ဘူးလို့တောင် ပြောနေပါပြီ။
၂၄။ ကိုဗစ်ဌာနမှာ Duty ချိန်ပြီးသွားရင်ဖြစ်သွားတဲ့ အနေအထားပါတဲ့။
၂၅။ သူနာပြုရဲ့မျက်နှာပေါ်က အမှတ်အသားတွေပဲဖြစ်ပါတယ်။
<Unicode Version>
Source ~ Hzeppfeed
#HM(Soshwe)
#soshwelifestyle
#soshweforyourdailylife
#likeandshare