HomeSportလို္င္လီတိုက္စစ္မွဴးတစ္ဦးကို လီဗာပူး၊ ရီးရဲယ္မက္ဒရစ္တုိ႔နဲ႔အၿပိဳင္ႀကိဳးစားမည့္ ယူႏိုက္တက္။

လို္င္လီတိုက္စစ္မွဴးတစ္ဦးကို လီဗာပူး၊ ရီးရဲယ္မက္ဒရစ္တုိ႔နဲ႔အၿပိဳင္ႀကိဳးစားမည့္ ယူႏိုက္တက္။

- Advertisement -

ယူႏိုက္တက္အသင္းသည္ လိုင္လီအသင္းရဲ႕တိုက္စစ္မွဴးျဖစ္သူ ဗစ္တာအိုဆင္မ္ဟန္ကို ေခၚယူရန္ လီဗာပူး၊ ရီးရဲယ္မက္ဒရစ္အသင္းတုိ႔နဲ႔ အၿပိဳင္ႀကိဳးပမ္းလာဖြယ္ရွိပါတယ္။ အသက္ (၂၁) ႏွစ္အရြယ္ အဆိုပါတိုက္စစ္မွဴးသည္ လက္ရွိေဘာလံုးရာသီ၌ အသင္းအတြက္ လိဂ္ပဲြ (၂၇) ပြဲ ကစား၊ (၁၃) ဂိုး သြင္းယူေပးထားႏုိင္သည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ျပင္သစ္သတင္းစာတစ္ေစာင္ရဲ႕  ေဖာ္ျပခ်က္အရ လီဗာပူးအသင္းက အိုဆင္မ္ဟန္ကို ေခၚယူရန္ စတင္စိတ္ဝင္စားခဲ့ေပမယ့္ လက္ရွိအခ်ိန္၌မူ ယူႏုိက္တက္အသင္းကပါ အဆိုပါႏုိင္ဂ်ီးရီးယားကစားသမားကို စိတ္ဝင္စားလာခဲ့ျခင္းျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းသည္ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕၌ အသင္းရဲ႕တုိက္စစ္ပိုင္းကို အင္အားျဖည့္တင္းရန္ ျပင္ဆင္ေနၿပီး သူတုိ႔ရဲ႕ဦးစားေပးပစ္မွတ္ျဖစ္သည့္ ေဒါ့မြန္အသင္းရဲ႕ ညာေတာင္ပံကစားသမား ေဂ်ဒြန္ဆန္ခ်ိဳကိုသာ မေခၚယူႏိုင္ခဲ့ပါက အိုဆင္မ္ဟန္ကို ဒုတိယဦးစားေပးကစားသမားအျဖစ္ ေခၚယူရန္ ပစ္မွတ္ထားပါတယ္။ အိုဆင္မ္ဟန္သည္ လိုင္လီအသင္းနဲ႔ (၂၀၂၃-၂၄) ခုႏွစ္ ေဘာလံုးရာသီအထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနၿပီး စပိန္လာလီဂါကလပ္ ရီးရဲယ္မက္ဒရစ္အသင္းကလည္း အိုဆင္မ္ဟန္ကို ေခၚယူရန္ လီဗာပူး၊ ယူႏုိက္တက္တို႔နဲ႔အၿပိဳင္အဆိုင္ ႀကိဳးပမ္းလာဖြယ္ရိွပါတယ္။

လက္ရွိယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွဴးျဖစ္သူ အီဂါလိုရဲ႕ အငွားစာခ်ဳပ္သက္တမ္းက ေမလကုန္၌ ကုန္ဆံုးမည္ျဖစ္ေသာ္လည္း လက္ရွိအခ်ိန္၌ ေဘာလံုးပဲြမ်ားရပ္ဆိုင္းထားရသျဖင့္ အီဂါလိုကို ဇြန္လကုန္အထိ စာခ်ဳပ္ဆက္လက္ခ်ဳပ္ဆိုသြားမည္ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ တရုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္းရွင္ဟြာအသင္းမွ အငွားေခၚယူထားသည့္ အီဂါလိုကိုလည္း အၿပီးသတ္ေခၚယူရန္ သတင္းမ်ားထြက္ေပၚလ်က္ရွိေနပါေသးတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

ယူနိုက်တက်အသင်းသည် လိုင်လီအသင်းရဲ့တိုက်စစ်မှူးဖြစ်သူ ဗစ်တာအိုဆင်မ်ဟန်ကို ခေါ်ယူရန် လီဗာပူး၊ ရီးရဲယ်မက်ဒရစ်အသင်းတို့နဲ့ အပြိုင်ကြိုးပမ်းလာဖွယ်ရှိပါတယ်။ အသက် (၂၁) နှစ်အရွယ် အဆိုပါတိုက်စစ်မှူးသည် လက်ရှိဘောလုံးရာသီ၌ အသင်းအတွက် လိဂ်ပွဲ (၂၇) ပွဲ ကစား၊ (၁၃) ဂိုး သွင်းယူပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပြင်သစ်သတင်းစာတစ်စောင်ရဲ့  ဖော်ပြချက်အရ လီဗာပူးအသင်းက အိုဆင်မ်ဟန်ကို ခေါ်ယူရန် စတင်စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိအချိန်၌မူ ယူနိုက်တက်အသင်းကပါ အဆိုပါနိုင်ဂျီးရီးယားကစားသမားကို စိတ်ဝင်စားလာခဲ့ခြင်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသည် လာမယ့်နွေရာသီအပြောင်းအရွှေ့၌ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် ပြင်ဆင်နေပြီး သူတို့ရဲ့ဦးစားပေးပစ်မှတ်ဖြစ်သည့် ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံကစားသမား ဂျေဒွန်ဆန်ချိုကိုသာ မခေါ်ယူနိုင်ခဲ့ပါက အိုဆင်မ်ဟန်ကို ဒုတိယဦးစားပေးကစားသမားအဖြစ် ခေါ်ယူရန် ပစ်မှတ်ထားပါတယ်။ အိုဆင်မ်ဟန်သည် လိုင်လီအသင်းနဲ့ (၂၀၂၃-၂၄) ခုနှစ် ဘောလုံးရာသီအထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး စပိန်လာလီဂါကလပ် ရီးရဲယ်မက်ဒရစ်အသင်းကလည်း အိုဆင်မ်ဟန်ကို ခေါ်ယူရန် လီဗာပူး၊ ယူနိုက်တက်တို့နဲ့အပြိုင်အဆိုင် ကြိုးပမ်းလာဖွယ်ရှိပါတယ်။

လက်ရှိယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ အီဂါလိုရဲ့ အငှားစာချုပ်သက်တမ်းက မေလကုန်၌ ကုန်ဆုံးမည်ဖြစ်သော်လည်း လက်ရှိအချိန်၌ ဘောလုံးပွဲများရပ်ဆိုင်းထားရသဖြင့် အီဂါလိုကို ဇွန်လကုန်အထိ စာချုပ်ဆက်လက်ချုပ်ဆိုသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းမှ အငှားခေါ်ယူထားသည့် အီဂါလိုကိုလည်း အပြီးသတ်ခေါ်ယူရန် သတင်းများထွက်ပေါ်လျက်ရှိနေပါသေးတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

- Advertisement -

#soshwesport

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...