HomeLifeStyleအသက် ၇၃ နှစ်အရွယ် အဘွားအိုတစ်ဦးရဲ့ Body Goal

အသက် ၇၃ နှစ်အရွယ် အဘွားအိုတစ်ဦးရဲ့ Body Goal

- Advertisement -

Mac Donald လို့အမည်ရတဲ့ အသက် ၇၃ နှစ်အရွယ် အဘွားအိုတစ်ဦးဟာ ကူဖော်လောင်ဖက်မရှိတဲ့ဘဝမှာ နေထိုင်ရင်း မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တစ်စုံတစ်ခု ကျရောက်လာမှာကို အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူမအတွက် အထောက်အကူဖြစ်စေမယ့် နေထိုင်နည်းတွေကို လေ့လာရင်း ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးခြင်း၊ ခန္ဓာကိုယ်သက်လုံကောင်းစေရန်အတွက် ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိနိုင်ဖို့အတွက် လေးလံတဲ့အရာဝတ္ထုတွေနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း အစရှိတဲ့  လေ့ကျင့်ခန်းတွေကို တစ်ပတ်လျှင် ၅ ရက်နှုန်းဖြင့် အပြင့်အထန်လေ့ကျင့်ခဲ့ပါတယ်။

https://www.instagram.com/p/B7is0hSjjUz/?utm_source=ig_embed

များသောအားဖြင့် Mac လို အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ အမျိုးသမီးကြီးတွေအတွက် အခုလိုမျိုး ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်နိုင်ဖို့ဆိုတာ အလွန်ပဲ ခဲယဉ်းပါတယ်။ သို့ပေမယ့်လည်း Mac တစ်ယောက် အခုခေတ်လူငယ်တိုင်းလိုလို လိုချင်တပ်မက်တဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို အသက် ၇၀  ကျော်အရွယ်မှာ အမှန်တကယ်ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တယ်ဆိုတဲ့ သူမရဲ့စိတ်ဓာတ်ဟာ အလွန်အမင်း လေးစားဖွယ်ရာ ကောင်းလှပါတယ်။

- Advertisement -

https://www.instagram.com/p/B32Es9qD6iA/?utm_source=ig_embed

- Advertisement -

 

https://www.instagram.com/p/Bza7R4eDJX0/?utm_source=ig_embed

လွန်ခဲ့တဲ့ ၃ နှစ်တုန်းကလည်း Mac ရဲ့ ဆရာဝန်မှ Mac တစ်ယောက် ကိုယ်တွင်းအဆီဓာတ် မြင့်မားနေခြင်း၊ သွေးဖိအားများနေခြင်းနဲ့ ကိုယ်တွင်းအက်ဆစ်တွေ ပြောင်းပြန်စီးနေခြင်းတို့ကြောင့် သူမရဲ့ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ သတိပေးပြောကြားခဲ့ပြီး ကျန်းမာရေး လိုက်စားရန်အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဆရာဝန်ရဲ့ သတိပေးပြောစကားတွေဟာ Mac အတွက် တွန်းအားတစ်ခုလိုဖြစ်စေပြီး အခုလိုမျိုး မျှော်လင့်မထားတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

https://www.instagram.com/p/B7yfEBiD89M/?utm_source=ig_embed

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

- Advertisement -

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...