HomeOtherတရားစဲြဆုိခံရေတာ့မည့္ Lady Gaga ရဲ႕ဖခင္။

တရားစဲြဆုိခံရေတာ့မည့္ Lady Gaga ရဲ႕ဖခင္။

- Advertisement -

Lady Gaga ရဲ႕ဖခင္ျဖစ္သူ Joe Germanotta သည္ စားေသာက္ဆိုင္တစ္ဆိုင္အတြက္ ေနရာငွားရမ္းခဲ့ေပမယ့္ အဆုိပါငွားရမ္းမႈအတြက္ အခေၾကးေငြေပးေခ်ရန္ ျငင္းဆန္ထားျခင္းေၾကာင့္ တရားစဲြခံရမည့္အေရးနဲ႔ ရင္ဆုိင္ေနရပါတယ္။ Germanotta သည္ New York ၿမိဳ႕ရွိ Grand Central Terminal ၌ ဖြင့္လွစ္ထားေသာ Art Bird & Whisky Bar ရဲ႕ ပိုင္ရွင္တစ္ဦးလည္းျဖစ္ပါတယ္။

အဆိုပါေနရာငွားရမ္းခအတြက္ Germanotta က ေဒၚလာ (၂၆၀,၀၀၀) ေက်ာ္ကို ၿမိဳ႕ေတာ္သယ္ယူပို႔ေဆာင္ေရးဌာန (MTA) ကုိေပးေခ်ရန္ က်န္ရွိေနေပမယ့္ ေနရာသန္႔ရွင္းမႈမရွိျခင္း၊ အနီးပတ္ဝန္းက်င္၌ အိမ္ေျခမဲ့လူတန္းစားမ်ားျပားလာျခင္းတို႔က သူ႔ရဲ႕စီးပြားေရးကို နစ္နာဆံုးရံႈးမႈမ်ား ရွိေစသည္ဟုဆိုကာ ငွားရမ္းခေပးေခ်ရန္ ျငင္းဆန္ထားျခင္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ Germanotta အေနျဖင့္ အဆုိပါငွားရမ္းခကို ေဖေဖာ္ဝါရီလမကုန္ခင္ ေပးေခ်ရန္ အမိန္႔စာကို လက္ခံရရွိထားၿပီး အဆုိပါျဖစ္ရပ္နဲ႔ ပတ္သက္၍ Germanotta က “ဒီေန႔မွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈေၾကာင့္ တရားရံုးေတြကို အကန္႔အသတ္မရွိ ပိတ္သိမ္းထားၿပီး မၾကာခင္မွာပဲ ဘားေတြ၊ စားေသာက္ဆိုင္ေတြအားလံုးကို ပိတ္သိမ္းဖို႔ ညႊန္ၾကားထားပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာမွ ကြ်န္ေတာ္တို႔က ArtBird ဆိုင္ခန္းငွားခမေပးလို႔  ျပႆနာတက္ေနပါတယ္။” ဟု CNN သတင္းဌာနကုိ ေျပာၾကားခဲ့ပါတယ္။

- Advertisement -

လက္ရွိအခ်ိန္၌ အျခားေသာဆိုင္ခန္းငွားသူမ်ားက ေငြေပးေခ်ရန္မလိုအပ္ေပမယ့္ Germanotta က သူတစ္ေယာက္တည္း လက္ရွိအေျခအေနနဲ႔ ရင္ဆုိင္ေနရသည္ဟု ၿငီးတြားခဲ့ၿပီး တရားစဲြဆိုမႈမ်ားကို ျပန္လည္တံု႔ျပန္သြားမည္ဟု ေျပာၾကားခဲ့ပါတယ္။ MTA ကမူ Germanotta အေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏံွ႔ေနသည့္ အေျခအေနတစ္ရပ္ကို အခြင့္ေကာင္းယူကာ ယခုကဲ့သုိ႔ ငွားရမ္းခေပးေခ်ရန္ ျငင္းဆန္ေနျခင္းျဖစ္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။

- Advertisement -

ဒါ့အျပင္ MTA က “ကြ်န္ေတာ္တို႔ သူ႔ကို (၁၄) ရက္အတြင္း ငွားရမ္းခေပးေခ်ဖို႔ သတိေပးအေၾကာင္းၾကားစာ ပို႔ၿပီးပါၿပီ။ အဲ့ဒီကာလအတြင္း သူဒီငွားရမ္းခေတြကို ေပးေခ်ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။” ဟု  ေျပာၾကားခဲ့ေပမယ့္ Germanotta ကမူ “သူတုိ႔က တကယ့္အိမ္ၿခံေျမစီးပြားေရးလုပ္ငန္းအစစ္မဟုတ္ပါဘူး။ တကယ္တမ္း သူတုိ႔လုပ္ရမွာက ရထားပို႔ေဆာင္ေရးပါ။” ဟု တံု႔ျပန္ခဲ့ၿပီး ငွားရမ္းခေပးေခ်ရန္ စိတ္ကူးမရွိေၾကာင္း ျပတ္ျပတ္သားသားေျပာဆိုခဲ့သည္ဟု သိရွိရပါတယ္။

<Zawgyi Version>

 

Lady Gaga ရဲ့ဖခင်ဖြစ်သူ Joe Germanotta သည် စားသောက်ဆိုင်တစ်ဆိုင်အတွက် နေရာငှားရမ်းခဲ့ပေမယ့် အဆိုပါငှားရမ်းမှုအတွက် အခကြေးငွေပေးချေရန် ငြင်းဆန်ထားခြင်းကြောင့် တရားစွဲခံရမည့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ Germanotta သည် New York မြို့ရှိ Grand Central Terminal ၌ ဖွင့်လှစ်ထားသော Art Bird & Whisky Bar ရဲ့ ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အဆိုပါနေရာငှားရမ်းခအတွက် Germanotta က ဒေါ်လာ (၂၆၀,၀၀၀) ကျော်ကို မြို့တော်သယ်ယူပို့ဆောင်ရေးဌာန (MTA) ကိုပေးချေရန် ကျန်ရှိနေပေမယ့် နေရာသန့်ရှင်းမှုမရှိခြင်း၊ အနီးပတ်ဝန်းကျင်၌ အိမ်ခြေမဲ့လူတန်းစားများပြားလာခြင်းတို့က သူ့ရဲ့စီးပွားရေးကို နစ်နာဆုံးရှုံးမှုများ ရှိစေသည်ဟုဆိုကာ ငှားရမ်းခပေးချေရန် ငြင်းဆန်ထားခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်၌ Germanotta အနေဖြင့် အဆိုပါငှားရမ်းခကို ဖေဖော်ဝါရီလမကုန်ခင် ပေးချေရန် အမိန့်စာကို လက်ခံရရှိထားပြီး အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်၍ Germanotta က “ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရားရုံးတွေကို အကန့်အသတ်မရှိ ပိတ်သိမ်းထားပြီး မကြာခင်မှာပဲ ဘားတွေ၊ စားသောက်ဆိုင်တွေအားလုံးကို ပိတ်သိမ်းဖို့ ညွှန်ကြားထားပါတယ်။ ဒီလိုအချိန်မျိုးမှာမှ ကျွန်တော်တို့က ArtBird ဆိုင်ခန်းငှားခမပေးလို့  ပြဿနာတက်နေပါတယ်။” ဟု CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်၌ အခြားသောဆိုင်ခန်းငှားသူများက ငွေပေးချေရန်မလိုအပ်ပေမယ့် Germanotta က သူတစ်ယောက်တည်း လက်ရှိအခြေအနေနဲ့ ရင်ဆိုင်နေရသည်ဟု ငြီးတွားခဲ့ပြီး တရားစွဲဆိုမှုများကို ပြန်လည်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပါတယ်။ MTA ကမူ Germanotta အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေသည့် အခြေအနေတစ်ရပ်ကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ ငှားရမ်းခပေးချေရန် ငြင်းဆန်နေခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် MTA က “ကျွန်တော်တို့ သူ့ကို (1209၁၄) ရက်အတွင်း ငှားရမ်းခပေးချေဖို့ သတိပေးအကြောင်းကြားစာ ပို့ပြီးပါပြီ။ အဲ့ဒီကာလအတွင်း သူဒီငှားရမ်းခတွေကို ပေးချေနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု  ပြောကြားခဲ့ပေမယ့် Germanotta ကမူ “သူတို့က တကယ့်အိမ်ခြံမြေစီးပွားရေးလုပ်ငန်းအစစ်မဟုတ်ပါဘူး။ တကယ်တမ်း သူတို့လုပ်ရမှာက ရထားပို့ဆောင်ရေးပါ။” ဟု တုံ့ပြန်ခဲ့ပြီး ငှားရမ်းခပေးချေရန် စိတ်ကူးမရှိကြောင်း ပြတ်ပြတ်သားသားပြောဆိုခဲ့သည်ဟု သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

Source ~ CNN

#HM(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eighteen − nine =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...