HomeSportကိုရိုနာဗုိင္းရပ္စ္ႏိွပ္စက္မႈဒဏ္ကို အျပင္းအထန္ခံေနရသည့္ ကမာၻ႕ေဘာလံုးေလာက။

ကိုရိုနာဗုိင္းရပ္စ္ႏိွပ္စက္မႈဒဏ္ကို အျပင္းအထန္ခံေနရသည့္ ကမာၻ႕ေဘာလံုးေလာက။

- Advertisement -

တရုတ္ႏုိင္ငံ၊ ဝူဟန္ၿမိဳ႕က စတင္ပ်ံ႕ႏံွ႔လာခဲ့သည့္ ကိုရိုနာဗိုင္းရပ္စ္သည္ လက္ရွိအခ်ိန္၌ ကမာၻတစ္ဝွမ္းကို ပ်ံ႕ႏံွ႔သြားခဲ့ၿပီျဖစ္ၿပီး အဆိုပါဗုိင္းရပ္စ္ရဲ႕အႏၱရာယ္ေၾကာင့္ ေဘာလံုးေလာကမွ ဥေရာပထိပ္သီးလိဂ္ (၅) ခုမွာလည္း စတင္ရင္ဆိုင္ေနရၿပီပဲျဖဖစ္ပါတယ္။ ဒါ့အျပင္ လာမယ့္ေႏြရာသီကာလ၌ က်င္းပရန္ စီစဥ္ထားသည့္ ယူရို- ၂၀၂၀ ၿပိဳင္ပဲြနဲ႔ တုိက်ိဳအိုလံပစ္တုိ႔ကိုလည္း ေရႊ႕ဆိုင္းရဖြယ္ရွိေနပါတယ္။

ပရီးမီးယားလိဂ္ ထိပ္သီးကလပ္တစ္ခုျဖစ္တ့ဲ အာဆင္နယ္နည္းျပ အာတီတာမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိရၿပီးေနာက္ ပရီးမီးယားလိဂ္ပဲြစဥ္မ်ားကို ဧၿပီလ (၃) ရက္ေန႔အထိ ရပ္ဆိုင္းထားရပါတယ္။ ဒါ့အျပင္ မတ္လ (၂၇) ရက္ေန႔နဲ႔ မတ္လ (1၃၁) ရက္ေန႔တုိ႔၌ အီတလီ၊ ဒိန္းမတ္အသင္းတို႔နဲ႔ ကစားမည့္ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ ေျခစမ္းပဲြမ်ားကိုလည္း ဖ်က္သိမ္းခဲ့ရပါတယ္။

ပရီးမီးယားလိဂ္၌ အာတီတာအျပင္ ခ်ဲလ္ဆီးေတာင္ပံကစားသမား အိုဒိြဳင္းလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရေၾကာင္း ခ်ဲလ္ဆီးအသင္းဝက္ဘ္ဆိုဒ္မွ တရားဝင္အတည္ျပဳေပးထားၿပီး လက္စတာအသင္းမွ အမည္မေဖာ္လိုသည့္ကစားသမား (၃) ေယာက္၊ အဲဗာတန္အသင္းမွ အမည္မေဖာ္လိုသည့္ ကစားသမား (၁) ေယာက္တုိ႔သည္လည္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရသည့္ ေရာဂါလကၡဏာမ်ားေၾကာင့္ အသင္းသားမ်ားနဲ႔ ဝန္ထမ္းမ်ားအားလံုးကို သီးျခားေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ေနၾကပါတယ္။

- Advertisement -

ရီးရဲယ္မက္ဒရစ္ဘတ္စကတ္ေဘာ ကစားသမားတစ္ဦး ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရျခင္းေၾကာင့္ ရီးရဲယ္မက္ဒရစ္ေဘာလံုးအသင္းသားအားလံုးကိုလည္း သီးသန္႔ခဲြျခားေစာင့္ၾကည့္လ်က္ရွိေနသလို ဂ်ဴဗင္တပ္စ္အသင္းရဲ႕ေနာက္ခံလူ ရူဂါနီသည္လည္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရပါတယ္။ ဒါ့အျပင္ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ အိုလံပီယာေကာ့စ္အသင္းပိုင္ရွင္ မာရီနာကစ္သည္လည္း ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရပါတယ္။

- Advertisement -

လက္ရွိအခ်ိန္၌ ဥေရာပထိပ္သီးလိဂ္အားလံုးကို ဧၿပီလဆန္းပိုင္းအထိ ရပ္နားထားေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ႏႈန္းက တရိပ္ရိပ္ျမင့္တက္လာျခင္းေၾကာင့္ ပရီးမီးယားလိဂ္နဲ႔ စီးရီးေအၿပိဳင္ပဲြတို႔ကို ဖ်က္သိမ္းရန္ စတင္စဥ္းစားေနၾကၿပီျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္နဲ႔ယူရိုပါလိဂ္ၿပိဳင္ပဲြမ်ားကိုလည္း ရပ္ဆုိင္းထားရသည့္ အေနအထားေၾကာင့္ လာမယ့္ဇြန္လအတြင္း စတင္က်င္းပမယ့္ ယူရို- ၂၀၂၀ ၿပိဳင္ပဲြကို  ေရႊ႕ဆုိင္းရန္လည္း စတင္ျပင္ဆင္ေနၾကၿပီျဖစ္ပါတယ္။

<Zawgyi Version>

 

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ပျံ့နှံ့လာခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိအချိန်၌ ကမ္ဘာတစ်ဝှမ်းကို ပျံ့နှံ့သွားခဲ့ပြီဖြစ်ပြီး အဆိုပါဗိုင်းရပ်စ်ရဲ့အန္တရာယ်ကြောင့် ဘောလုံးလောကမှ ဥရောပထိပ်သီးလိဂ် (၅) ခုမှာလည်း စတင်ရင်ဆိုင်နေရပြီပဲဖြဖစ်ပါတယ်။ ဒါ့အပြင် လာမယ့်နွေရာသီကာလ၌ ကျင်းပရန် စီစဉ်ထားသည့် ယူရို- ၂၀၂၀ ပြိုင်ပွဲနဲ့ တိုကျိုအိုလံပစ်တို့ကိုလည်း ရွှေ့ဆိုင်းရဖွယ်ရှိနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ အာဆင်နယ်နည်းပြ အာတီတာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်များကို ဧပြီလ (၃) ရက်နေ့အထိ ရပ်ဆိုင်းထားရပါတယ်။ ဒါ့အပြင် မတ်လ (၂၇) ရက်နေ့နဲ့ မတ်လ (၃၁) ရက်နေ့တို့၌ အီတလီ၊ ဒိန်းမတ်အသင်းတို့နဲ့ ကစားမည့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ခြေစမ်းပွဲများကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ပရီးမီးယားလိဂ်၌ အာတီတာအပြင် ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်းလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း ချဲလ်ဆီးအသင်းဝက်ဘ်ဆိုဒ်မှ တရားဝင်အတည်ပြုပေးထားပြီး လက်စတာအသင်းမှ အမည်မဖော်လိုသည့်ကစားသမား (၃) ယောက်၊ အဲဗာတန်အသင်းမှ အမည်မဖော်လိုသည့် ကစားသမား (၁) ယောက်တို့သည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ရောဂါလက္ခဏာများကြောင့် အသင်းသားများနဲ့ ဝန်ထမ်းများအားလုံးကို သီးခြားစောင့်ကြည့်မှုများ ပြုလုပ်နေကြပါတယ်။

ရီးရဲယ်မက်ဒရစ်ဘတ်စကတ်ဘော ကစားသမားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းကြောင့် ရီးရဲယ်မက်ဒရစ်ဘောလုံးအသင်းသားအားလုံးကိုလည်း သီးသန့်ခွဲခြားစောင့်ကြည့်လျက်ရှိနေသလို ဂျူဗင်တပ်စ်အသင်းရဲ့နောက်ခံလူ ရူဂါနီသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ ဒါ့အပြင် နော်တင်ဟမ်ဖောရက်စ်နဲ့ အိုလံပီယာကော့စ်အသင်းပိုင်ရှင် မာရီနာကစ်သည်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

လက်ရှိအချိန်၌ ဥရောပထိပ်သီးလိဂ်အားလုံးကို ဧပြီလဆန်းပိုင်းအထိ ရပ်နားထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်းက တရိပ်ရိပ်မြင့်တက်လာခြင်းကြောင့် ပရီးမီးယားလိဂ်နဲ့ စီးရီးအေပြိုင်ပွဲတို့ကို ဖျက်သိမ်းရန် စတင်စဉ်းစားနေကြပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပြိုင်ပွဲများကိုလည်း ရပ်ဆိုင်းထားရသည့် အနေအထားကြောင့် လာမယ့်ဇွန်လအတွင်း စတင်ကျင်းပမယ့် ယူရို- ၂၀၂၀ ပြိုင်ပွဲကို  ရွှေ့ဆိုင်းရန်လည်း စတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

Source ~ FourFourTwo

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eighteen − eight =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...