HomeEducationCoronavirus နဲ႕ တကၠသိုလ္/ေကာလိပ္ေတြရဲ႕အေျခအေန။

Coronavirus နဲ႕ တကၠသိုလ္/ေကာလိပ္ေတြရဲ႕အေျခအေန။

- Advertisement -

Coronavirus ဟာ လြန္ခဲ့တဲ့၂၀၁၉ ခုႏွစ္ဒီဇင္ဘာလမွာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာစတင္ျဖစ္ပြားခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ ႏိုင္ငံတစ္ဝွမ္းကို ကူးစက္ပ်ံ႕ႏွံ႔သြားၿပီး ယခုလက္ရွိ စစ္တမ္းေကာက္ခ်က္အရဆိုရင္ေတာ့  အဆိုပါဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူအမ်ားအျပားရွိေနၿပီး ကူးစက္ခံရသူလည္း အမ်ားအျပားရွိေနပါတယ္။  လူသားေတြရဲ႕အသက္ကို အႏၲရာယ္ျပဳလာတဲ့ Coronavirus ဟာ ႏိုင္ငံအသီးသီးရဲ႕ စီးပြားေရး ၊ လူမႈေရးနဲ႔  ပညာေရးေတြကို အေတာ္အတန္ထိခိုက္ေစလာပါတယ္။

ႏိုင္ငံတကာမွာရွိတဲ့ က်န္းမာေရးဝန္ႀကီးဌာနအသီးသီးက Coronavirus ျပန္႔ပြားႏႈန္းဟာ လူသူထူထပ္တဲ့ေနရာမွာ ပိုမိုျမန္ဆန္တာေၾကာင့္ ႏိုင္ငံသူႏိုင္ငံသားေတြအေနနဲ႔ လူစုလူေဝးကို  ေရွာင္သင့္ေၾကာင္း အသိေပးၿပီးေနာက္မွာေတာ့ စာသင္ေက်ာင္းေတြ၊ လူစည္ကားရာအရပ္မွာရွိတဲ့   စားေသာက္ဆိုင္ေတြနဲ႔ ေစ်းေတြကို အခ်ိန္ကာလတစ္ခုထိ ပိတ္ထားတာမ်ိဳးျပဳလုပ္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ရက္သတၱပတ္အတြင္းမွာ ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္း (World Health Organization) က COVID -19 နဲ႔ ပတ္သက္ၿပီး “Pandemic” ဆိုတဲ့အသံုးအႏႈန္းကို သံုးၿပီးေၾကျငာခဲ့ပါတယ္။ “Pandemic” ရဲ႕ အဓိပၸါယ္က အဆိုပါေရာဂါဟာ ဘယ္ေလာက္ျပင္းထန္ေၾကာင္းကို ဆိုလိုျခင္းမဟုတ္ပဲ အဆိုပါေရာဂါဟာ  ကပ္ေရာဂါဆိုးႀကီးျဖစ္ၿပီး ကမာၻတစ္ဝွမ္းက ေနရာအႏွံ႔အျပားမွာ ကူးစက္ေနၿပီျဖစ္ေၾကာင္း ဆိုလိုျခင္း  ျဖစ္ပါတယ္။

- Advertisement -

ေကာလိပ္ေက်ာင္းေတြနဲ႔ တကၠသိုလ္ေတြမွ ပါေမာကၡခ်ဳပ္ေတြ၊ ေက်ာင္းအုပ္ေတြဟာ  ေက်ာင္းသူေက်ာင္းသားေတြကို ေက်ာင္းဝန္းအတြင္း မလာဖို႔အတြက္ ယာယီအမိန္႔ခ်မွတ္ခဲ့ရပါတယ္။  ေရာဂါကူးစက္မႈက ဆိုးရြားေနေသးတာေၾကာင့္ ေက်ာင္းသူေက်ာင္းသားေတြအေနနဲ႔ ဘယ္အခ်ိန္ေရာက္မွ  ေက်ာင္းကိုလာႏိုင္မလဲဆိုတာကို အတိအက်မသိရေသးသလို ပညာေရးဝန္ႀကီးဌာနအေနနဲ႔လည္း တိက်ေသခ်ာတဲ့ အေျဖမ်ိဳးကိုမေပးႏိုင္ေသးပါဘူး။

- Advertisement -

ေရာဂါႏွိမ္ႏွင္းေရးနဲ႔ကာကြယ္ေရးအဖြဲ႔အစည္းေတြကလည္း Coronavirus ကူးစက္ခံရၿပီး အဆုတ္ေရာင္ေရာဂါျဖစ္ေနတဲ့ ေက်ာင္းသူေက်ာင္းသားေတြရွိခဲ့တဲ့ တကၠသိုလ္နဲ႔ေကာလိပ္ေက်ာင္းေတြအျပင္  အဆိုပါေရာဂါကူးစက္သူမရွိခဲ့တဲ့ ေက်ာင္းေတြကိုလည္း ယာယီပိတ္ထားပစ္ဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စု ပညာေရးဝန္ႀကီးဌာနက ေက်ာင္းသူေက်ာင္းသားမ်ားရဲ႕ က်န္းမာေရးထိခိုက္မွာကို စိုးရိမ္တာေၾကာင့္ စာသင္ေက်ာင္းေတြ တကၠသိုလ္ေတြကို ယာယီပိတ္ထားေပမယ့္လည္း အင္တာနက္အသံုးျပဳၿပီး အြန္လိုင္းကေနတစ္ဆင့္ စာသင္ၾကားေနတ့ဲ ေက်ာင္းသူေက်ာင္းသားမ်ားအတြက္  စာသင္ၾကားမႈ အဆက္မျပတ္သြားေအာင္ ဝဘ္ဆိုဒ္ေတြကေနတဆင္ ့ ဆက္လက္ၿပီး  ေလ့လာသင္ၾကားႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။

သို႔ေသာ္လည္း အဆိုပါအြန္လိုင္းကေန တကၠသိုလ္ေက်ာင္းရဲ႕ ပညာေရးဝဘ္ဆိုဒ္ေတြကိုဝင္ၿပီး ဆက္လက္ပညာသင္ဖို႔အတြက္က အခ်ိဳ႕ေသာေက်ာင္းသားေတြအတြက္ လြယ္ကူေပမယ့္ အခ်ိဳ႕ေသာ  ေက်ာင္းသားေတြအေနနဲ႔ အခက္ေတြ႕ေနရတာမ်ိဳးေတြလည္းရွိပါတယ္။ မည္သည့္အရာက  ေက်ာင္းသားေတြကို အခက္ေတြ႕ေစလဲဆိုတာကို ေလ့လာၾကည့္လိုက္တ့ဲအခါမွာေတာ့   သူတို႔ေတြတက္ေရာက္ေနတဲ့ တကၠသိုလ္ကျပဳလုပ္ထားေပးတဲ့ ပညာေရးဝဘ္ဆိုဒ္ကိုဝင္ဖို႔အတြက္  ေကာင္းမြန္ျမန္ဆန္တဲ့ အင္တာနက္လိုင္းကို လိုအပ္ပါတယ္။ ဒီလိုမ်ိဳးေကာင္းမြန္ျမန္ဆန္တဲ့  အင္တာနက္လိုင္းကို မရရွိတဲ့ ေဒသမွာေနထိုင္ေနတဲ့  ေက်ာင္းသူေက်ာင္းသားေတြအတြက္ ပညာေရးဝဘ္ဆိုဒ္ကေန ပညာသင္ယူဖို႔အခက္အခဲေတြရွိေနေၾကာင္းကိုလည္း သိရွိထားရပါတယ္။

အခ်ိဳ႕ေသာတကၠသိုလ္ေက်ာင္းေတြကေတာ့ ေက်ာင္းသားေတြကို အတန္းထဲမွာ စာသင္ႏိုင္ခြင့္ကို ပိတ္ပင္တားျမစ္လိုက္ေပမယ့္လည္း တကၠသိုလ္ေက်ာင္းထဲဝင္ခြင့္ကိုေတာ့ မပိတ္ပင္ခဲ့ပါဘူး။ ဒီလိုမ်ိဳးမပိတ္ပင္ခဲ့ျခင္းက ေကာင္းမြန္ျမန္ဆန္တဲ့ အင္တာနက္လိုင္းမရွိတဲ့ေဒသေန လာေရာက္သင္ယူတ့ဲ   ေက်ာင္းသူေက်ာင္းသားေတြကို ေက်ာင္းထဲမွာခ်ိတ္ဆက္ေပးထားတဲ့  အင္တာနက္လိုင္းကိုအသံုးျပဳကာ  တကၠသိုလ္ေက်ာင္းဝဘ္ဆိုဒ္ထဲဝင္ကာ ပညာဆက္လက္သင္ယူႏိုင္ဖို႔ အထူးအခြင့္အေရး ဖန္တီးေပးထားတယ္လို႔  ယူဆႏိုင္ပါတယ္။

<Zawgyi Version>

 

Coronavirus ဟာ လွန်ခဲ့တဲ့၂၀၁၉ ခုနှစ်ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ နိုင်ငံတစ်ဝှမ်းကို ကူးစက်ပျံ့နှံ့သွားပြီး ယခုလက်ရှိ စစ်တမ်းကောက်ချက်အရဆိုရင်တော့  အဆိုပါဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများအပြားရှိနေပြီး ကူးစက်ခံရသူလည်း အများအပြားရှိနေပါတယ်။  လူသားတွေရဲ့အသက်ကို အန္တရာယ်ပြုလာတဲ့ Coronavirus ဟာ နိုင်ငံအသီးသီးရဲ့ စီးပွားရေး ၊ လူမှုရေးနဲ့  ပညာရေးတွေကို အတော်အတန်ထိခိုက်စေလာပါတယ်။

နိုင်ငံတကာမှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနအသီးသီးက Coronavirus ပြန့်ပွားနှုန်းဟာ လူသူထူထပ်တဲ့နေရာမှာ ပိုမိုမြန်ဆန်တာကြောင့် နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ လူစုလူဝေးကို  ရှောင်သင့်ကြောင်း အသိပေးပြီးနောက်မှာတော့ စာသင်ကျောင်းတွေ၊ လူစည်ကားရာအရပ်မှာရှိတဲ့   စားသောက်ဆိုင်တွေနဲ့ စျေးတွေကို အချိန်ကာလတစ်ခုထိ ပိတ်ထားတာမျိုးပြုလုပ်ခဲ့ပါတယ်။

- Advertisement -

လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization) က COVID -19 နဲ့ ပတ်သက်ပြီး “Pandemic” ဆိုတဲ့အသုံးအနှုန်းကို သုံးပြီးကြေငြာခဲ့ပါတယ်။ “Pandemic” ရဲ့ အဓိပ္ပါယ်က အဆိုပါရောဂါဟာ ဘယ်လောက်ပြင်းထန်ကြောင်းကို ဆိုလိုခြင်းမဟုတ်ပဲ အဆိုပါရောဂါဟာ  ကပ်ရောဂါဆိုးကြီးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက နေရာအနှံ့အပြားမှာ ကူးစက်နေပြီဖြစ်ကြောင်း ဆိုလိုခြင်း  ဖြစ်ပါတယ်။

ကောလိပ်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှ ပါမောက္ခချုပ်တွေ၊ ကျောင်းအုပ်တွေဟာ  ကျောင်းသူကျောင်းသားတွေကို ကျောင်းဝန်းအတွင်း မလာဖို့အတွက် ယာယီအမိန့်ချမှတ်ခဲ့ရပါတယ်။  ရောဂါကူးစက်မှုက ဆိုးရွားနေသေးတာကြောင့် ကျောင်းသူကျောင်းသားတွေအနေနဲ့ ဘယ်အချိန်ရောက်မှ  ကျောင်းကိုလာနိုင်မလဲဆိုတာကို အတိအကျမသိရသေးသလို ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း တိကျသေချာတဲ့ အဖြေမျိုးကိုမပေးနိုင်သေးပါဘူး။

ရောဂါနှိမ်နှင်းရေးနဲ့ကာကွယ်ရေးအဖွဲ့အစည်းတွေကလည်း Coronavirus ကူးစက်ခံရပြီး အဆုတ်ရောင်ရောဂါဖြစ်နေတဲ့ ကျောင်းသူကျောင်းသားတွေရှိခဲ့တဲ့ တက္ကသိုလ်နဲ့ကောလိပ်ကျောင်းတွေအပြင်  အဆိုပါရောဂါကူးစက်သူမရှိခဲ့တဲ့ ကျောင်းတွေကိုလည်း ယာယီပိတ်ထားပစ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနက ကျောင်းသူကျောင်းသားများရဲ့ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်တာကြောင့် စာသင်ကျောင်းတွေ တက္ကသိုလ်တွေကို ယာယီပိတ်ထားပေမယ့်လည်း အင်တာနက်အသုံးပြုပြီး အွန်လိုင်းကနေတစ်ဆင့် စာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားများအတွက်  စာသင်ကြားမှု အဆက်မပြတ်သွားအောင် ဝဘ်ဆိုဒ်တွေကနေတဆင် ့ ဆက်လက်ပြီး  လေ့လာသင်ကြားနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

သို့သော်လည်း အဆိုပါအွန်လိုင်းကနေ တက္ကသိုလ်ကျောင်းရဲ့ ပညာရေးဝဘ်ဆိုဒ်တွေကိုဝင်ပြီး ဆက်လက်ပညာသင်ဖို့အတွက်က အချို့သောကျောင်းသားတွေအတွက် လွယ်ကူပေမယ့် အချို့သော  ကျောင်းသားတွေအနေနဲ့ အခက်တွေ့နေရတာမျိုးတွေလည်းရှိပါတယ်။ မည်သည့်အရာက  ကျောင်းသားတွေကို အခက်တွေ့စေလဲဆိုတာကို လေ့လာကြည့်လိုက်တဲ့အခါမှာတော့   သူတို့တွေတက်ရောက်နေတဲ့ တက္ကသိုလ်ကပြုလုပ်ထားပေးတဲ့ ပညာရေးဝဘ်ဆိုဒ်ကိုဝင်ဖို့အတွက်  ကောင်းမွန်မြန်ဆန်တဲ့ အင်တာနက်လိုင်းကို လိုအပ်ပါတယ်။ ဒီလိုမျိုးကောင်းမွန်မြန်ဆန်တဲ့  အင်တာနက်လိုင်းကို မရရှိတဲ့ ဒေသမှာနေထိုင်နေတဲ့  ကျောင်းသူကျောင်းသားတွေအတွက် ပညာရေးဝဘ်ဆိုဒ်ကနေ ပညာသင်ယူဖို့အခက်အခဲတွေရှိနေကြောင်းကိုလည်း သိရှိထားရပါတယ်။

အချို့သောတက္ကသိုလ်ကျောင်းတွေကတော့ ကျောင်းသားတွေကို အတန်းထဲမှာ စာသင်နိုင်ခွင့်ကို ပိတ်ပင်တားမြစ်လိုက်ပေမယ့်လည်း တက္ကသိုလ်ကျောင်းထဲဝင်ခွင့်ကိုတော့ မပိတ်ပင်ခဲ့ပါဘူး။ ဒီလိုမျိုးမပိတ်ပင်ခဲ့ခြင်းက ကောင်းမွန်မြန်ဆန်တဲ့ အင်တာနက်လိုင်းမရှိတဲ့ဒေသနေ လာရောက်သင်ယူတဲ့   ကျောင်းသူကျောင်းသားတွေကို ကျောင်းထဲမှာချိတ်ဆက်ပေးထားတဲ့  အင်တာနက်လိုင်းကိုအသုံးပြုကာ  တက္ကသိုလ်ကျောင်းဝဘ်ဆိုဒ်ထဲဝင်ကာ ပညာဆက်လက်သင်ယူနိုင်ဖို့ အထူးအခွင့်အရေး ဖန်တီးပေးထားတယ်လို့  ယူဆနိုင်ပါတယ်။

<Unicode Version>

 

Source ~ Educationdive

#SY(Soshwe)

#soshweeducation

#soshweforoyurdailylife

#likeandshare

 

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 + 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...