HomeLifeStyleMiss USA Pageant တစ္ဦးရဲ႕အံ့အားသင့္ဖြယ္ဖြင့္ဟဝန္ခံမႈ။

Miss USA Pageant တစ္ဦးရဲ႕အံ့အားသင့္ဖြယ္ဖြင့္ဟဝန္ခံမႈ။

- Advertisement -

Miss Utah USA ရဲ႕ သရဖူဘဲြ႕ကိုဆြတ္ခူးႏုိင္ခဲ့သည္ Rachel Slawson က သူမသည္ လိင္တူ၊ လိင္ကဲြႏွစ္မ်ိဳးလံုးကို စိတ္ဝင္စားသူတစ္ဦးျဖစ္ေၾကာင္း ဖြင့္ဟဝန္ခံလိုက္ပါတယ္။ ယခုကဲ့သုိ႔ဖြင့္ဟဝန္ခံျခင္းသည္ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ႏွစ္ေပါင္း (၆၀) ေက်ာ္အတြင္း ပထမဆံုးျဖစ္ၿပီး ယခုတစ္ပတ္အေစာပိုင္းက Salt Lake City ၌ က်င္းပျပဳလုပ္ခဲ့သည့္ Miss Utah USA 2020 ၿပိဳင္ပဲြ၌ Rachel က သရဖူဘဲြ႕ကို ဆြတ္ခူးႏိုင္ခဲ့ျခင္းေၾကာင့္ ယခုႏွစ္ေႏွာင္းပိုင္း၌ က်င္းပမည့္ Miss USA ၿပိဳင္ပြဲ၌လည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိမည္ျဖစ္ပါတယ္။

သတင္းရင္းျမစ္မ်ားကလည္း ၿပိဳင္ပြဲက်င္းပေရးအဖဲြ႕အစည္းအေနျဖင့္ LGBT ကို ေထာက္ခံၿပီး စိတ္က်န္းမာေရးဆိုင္ရာ အႀကံေပးမႈအမ်ားအျပား ျပဳလုပ္ခဲ့ဖူးသည့္ Rachel နဲ႔ပူးေပါင္းခြင့္ရျခင္းအတြက္ စိတ္လႈပ္ရွားေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ Rachel သည္ ယခုၿပိဳင္ပြဲကို ယခင္ကလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ရံႈးနိမ့္ခဲ့ျခင္းေၾကာင့္ စိတ္ကစဥ့္ကလ်ားျဖစ္သည့္ေရာဂါကို အႀကိမ္ေပါင္းမ်ားစြာ ေဆးရံုတက္ကုသမႈခံယူခဲ့ဖူးေၾကာင္းလည္း ဝန္ခံေျပာၾကားခဲ့ပါေသးတယ္။

- Advertisement -

- Advertisement -

Rachel က “ကြ်န္မတို႔ ေျပာခ်င္တဲ့အရာကိုပဲ ေသေသခ်ာခ်ာေျပာၾကရေအာင္။ ကြ်န္မ အသက္ (၁၉) ႏွစ္အရြယ္မွာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖုိ႔ႀကိဳးစားခဲ့ၿပီး အဲ့ဒီညက အခု Miss Utah USA ၿပိဳင္ပဲြမွာ ရံႈးနိမ့္ခဲ့တဲ့ညပါ။ ကြ်န္မရဲ႕ႀကိဳးစားမႈေတြက ဘာေၾကာင့္မလံုေလာက္တာလဲလို႔စဥ္းစားခဲ့တာေပါ့။ အခုၿပိဳင္ပဲြက ကြ်န္မဘဝတစ္ေလွ်ာက္မွာ ဝင္ၿပိဳင္တဲ့ (၇) ႀကိမ္ေျမာက္အလွမယ္ၿပိဳင္ပြဲျဖစ္ၿပီး Miss Utah USA မွာ (၅) ႀကိမ္ေျမာက္ ဝင္ေရာက္ယွဥ္ၿပိဳင္တာပါ။ ဒီညမွာေတာ့ ကြ်န္မဘဝရဲ႕ အႀကီးမားဆံုးအိပ္မက္ေတြကို လက္ေတြ႕ခံစားႏိုင္ခဲ့ပါၿပီ။” ဟုေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Miss Utah USA ရဲ့ သရဖူဘွဲ့ကိုဆွတ်ခူးနိုင်ခဲ့သည် Rachel Slawson က သူမသည် လိင်တူ၊ လိင်ကွဲနှစ်မျိုးလုံးကို စိတ်ဝင်စားသူတစ်ဦးဖြစ်ကြောင်း ဖွင့်ဟဝန်ခံလိုက်ပါတယ်။ ယခုကဲ့သို့ဖွင့်ဟဝန်ခံခြင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် နှစ်ပေါင်း (၆၀) ကျော်အတွင်း ပထမဆုံးဖြစ်ပြီး ယခုတစ်ပတ်အစောပိုင်းက Salt Lake City ၌ ကျင်းပပြုလုပ်ခဲ့သည့် Miss Utah USA 2020 ပြိုင်ပွဲ၌ Rachel က သရဖူဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်နှောင်းပိုင်း၌ ကျင်းပမည့် Miss USA ပြိုင်ပွဲ၌လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါတယ်။

သတင်းရင်းမြစ်များကလည်း ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းအနေဖြင့် LGBT ကို ထောက်ခံပြီး စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေးမှုအများအပြား ပြုလုပ်ခဲ့ဖူးသည့် Rachel နဲ့ပူးပေါင်းခွင့်ရခြင်းအတွက် စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့ပါတယ်။ Rachel သည် ယခုပြိုင်ပွဲကို ယခင်ကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ခြင်းကြောင့် စိတ်ကစဉ့်ကလျားဖြစ်သည့်ရောဂါကို အကြိမ်ပေါင်းများစွာ ဆေးရုံတက်ကုသမှုခံယူခဲ့ဖူးကြောင်းလည်း ဝန်ခံပြောကြားခဲ့ပါသေးတယ်။

- Advertisement -

Rachel က “ကျွန်မတို့ ပြောချင်တဲ့အရာကိုပဲ သေသေချာချာပြောကြရအောင်။ ကျွန်မ အသက် (၁၉) နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားခဲ့ပြီး အဲ့ဒီညက အခု Miss Utah USA ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ညပါ။ ကျွန်မရဲ့ကြိုးစားမှုတွေက ဘာကြောင့်မလုံလောက်တာလဲလို့စဉ်းစားခဲ့တာပေါ့။ အခုပြိုင်ပွဲက ကျွန်မဘဝတစ်လျှောက်မှာ ဝင်ပြိုင်တဲ့ (၇) ကြိမ်မြောက်အလှမယ်ပြိုင်ပွဲဖြစ်ပြီး Miss Utah USA မှာ (၅) ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်တာပါ။ ဒီညမှာတော့ ကျွန်မဘဝရဲ့ အကြီးမားဆုံးအိပ်မက်တွေကို လက်တွေ့ခံစားနိုင်ခဲ့ပါပြီ။” ဟုပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ Hzeppfeed

#HM(Soshwe)

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...