HomeHome & Propertyအာရွပစိဖိတ္ေဒသ အိမ္ၿခံေျမေစ်းကြက္နဲ႕ ကိုရိုနာဗုိင္းရပ္စ္အႏၱရာယ္။

အာရွပစိဖိတ္ေဒသ အိမ္ၿခံေျမေစ်းကြက္နဲ႕ ကိုရိုနာဗုိင္းရပ္စ္အႏၱရာယ္။

- Advertisement -

အာရွပစိဖိတ္ေဒသမွ အိမ္ၿခံေျမရင္းႏွီးျမွဳပ္ႏွံသူမ်ားသည္ ကမာၻ႕အႏွံ႕ျဖစ္ပြားလ်က္ရွိသည့္ ကိုရိုနာဗုိင္းရပ္စ္အႏၱရာယ္နဲ႔ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္လ်က္ရွိပါတယ္။ အဆုိပါဗုိင္းရပ္စ္ေၾကာင့္ အိမ္ၿခံေျမေစ်းကြက္အေပၚ လက္ရွိအခ်ိန္အထိ မည္မွ်အက်ိဳးသက္ေရာက္မည္ကို မသိရွိရေသးေပမယ့္ ကမာၻ႕ဇာတ္ခံုေပၚ၌ အေရးပါေသာေနရာသို႔ေရာက္ရွိေနသည့္ တရုတ္ႏိုင္ငံရဲ႕ အေနအထားေၾကာင့္ စီးပြားေရးအရ အက်ိဳးသက္ေရာက္မႈမ်ားျဖစ္ေပၚႏိုင္သည္ဟုလည္း JLL ရဲ႕ထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။

JLL အာရွပစိဖိတ္ရဲ႕ သုေတသနအရာရိွတစ္ဦးျဖစ္သူ Roddy Allan က “ဒီေရာဂါဆုိးႀကီးက တရုတ္တို႔ရဲ႕ ႏွစ္သစ္အစမွာ ျဖစ္ပြားခဲ့ၿပီး တိုင္းျပည္ရဲ႕အေရးပါတဲ့အားလပ္ရက္ကာလလို႔ ေျပာရမယ့္ ဇန္နဝါရီလေႏွာင္းပိုင္းမွာ တစ္ႏိုင္ငံလံုးကို ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ တရုတ္တုိ႔ရဲ႕ စီးပြားေရးအျပည့္အဝ ျပန္လည္ဦးေမာ့လာဖို႔အတြက္ ပိုမိုခက္ခဲႏိုင္ပါတယ္။” ဟု သံုးသပ္ေျပာၾကားခဲ့ပါတယ္။ ကမာၻ႕အင္အားႀကီး  ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္ အေမရိကန္နဲ႔ စီးပြားေရးအရတင္းမာမႈမ်ားျဖစ္ပြားၿပီးေနာက္ပိုင္း ျဖစ္ပြားခဲ့သည့္ ယခုဗုိင္းရပ္စ္အေနအထားေၾကာင့္ တရုတ္ႏိုင္ငံရဲ႕ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားနဲ႔ ခရီးသြားလုပ္ငန္းမ်ားအေပၚ ႀကီးႀကီးမားမား ရိုက္ခတ္မႈမ်ားရိွခဲ့ပါတယ္။

- Advertisement -

Allan က “တရုတ္အစိုးရက ကမာၻ႕ကုန္သြယ္ေရးက႑ကို ထိန္းသိမ္းထားႏိုင္ဖို႔ အေရးႀကီးတယ္ဆိုတာကို  ေကာင္းေကာင္းနားလည္ထားၿပီး ဒီအေတာအတြင္း စီးပြားေရးၿပိဳလဲမႈကိစၥရပ္ေတြကို စနစ္တက် ကိုင္တြယ္ေဆာင္ရြက္ခဲ့ပါတယ္။” ဟုေျပာၾကားခဲ့ပါတယ္။ ကုန္သြယ္မႈတုိက္ပဲြမ်ားသာမက ပို႔ကုန္မ်ား ဝယ္လုိအားက်ဆင္းျခင္းတုိ႔ေၾကာင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈႏႈန္းသည္ ၿပီးခဲ့သည့္ (၂၀၁၈) ခုႏွစ္နဲ႕   ႏိႈင္းယွဥ္လိုက္ပါက (၅.၈) ရာခိုင္ႏႈန္းသို႔က်ဆင္းသြားခဲ့ေၾကာင္း ကမာၻ႕ဘဏ္ရဲ႕ အစီရင္ခံစာအရ သိရွိရပါတယ္။ ဒါ့အျပင္ အိမ္ၿခံေျမေစ်းကြက္နဲ႔ ပတ္သက္၍လည္း ေဟာင္ေကာင္နဲ႔ ေဘဂ်င္းတို႔ကဲ့သုိ႔ေသာေနရာမ်ား၌ ငွားရမ္းမႈမ်ားက်ဆင္းခဲ့ပါတယ္။

- Advertisement -

“ရင္းႏွီးျမွဳပ္ႏွံသူေတြက ကိုရိုနာဗုိင္းရပ္စ္မျဖစ္ပြားခင္တည္းက ကုန္သြယ္မႈစစ္ပဲြေတြ၊ ကမာၻ႕စီးပြားေရးေႏွးေကြးလာမႈေတြအေပၚ သတိထားေစာင့္ၾကည့္ေနခဲ့ၾကၿပီး အခုဒီဗိုင္းရပ္စ္ျဖစ္တဲ့အခ်ိန္မွာေတာ့ ပိုၿပီးသတိထားလာၾကပါၿပီ။” ဟုလည္း Allan ကဆုိပါတယ္။ တရုတ္ႏုိင္ငံသည္ လက္ရွိအခ်ိန္၌ ကမာၻ႕ပို႔ကုန္အမ်ားဆံုးႏိုင္ငံမ်ားစာရင္း၌ ထိပ္ဆံုးမွရပ္တည္ေနၿပီး သြင္းကုန္အမ်ားဆံုးစာရင္း၌လည္း ဒုတိယအမ်ားဆံုးအျဖစ္ ရပ္တည္ေနပါတယ္။

- Advertisement -

တရုတ္ႏိုင္ငံရဲ႕စီးပြားေရးသည္ (၂၀၀၃) ခုႏွစ္ကထက္ (၉) ဆပိုမိုႀကီးထြားလာခဲ့ၿပီျဖစ္ၿပီး Allan က “ရင္းႏွီးျမွဳပ္ႏွံသူအခ်ိဳ႕က အခ်ိန္ယူေစာင့္ၾကည့္ေလ့လာမႈေတြရိွႏိုင္တာေၾကာင့္ (၂၀၂၀) ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္မွာ အိမ္ၿခံေျမေစ်းကြက္က်ဆင္းႏိုင္ေပမယ့္ ဒုတိယႏွစ္ဝက္မွာေတာ့ လိုက္ေလ်ာညီေထြျဖစ္တဲ့ ဥပေဒေတြေၾကာင့္ အိမ္ၿခံေျမေစ်းကြက္ျပန္ၿပီးေခါင္းေမာ့လာႏိုင္ပါတယ္။” ဟု သံုးသပ္ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

အာရှပစိဖိတ်ဒေသမှ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘာ့အနှံ့ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပါတယ်။ အဆိုပါဗိုင်းရပ်စ်ကြောင့် အိမ်ခြံမြေစျေးကွက်အပေါ် လက်ရှိအချိန်အထိ မည်မျှအကျိုးသက်ရောက်မည်ကို မသိရှိရသေးပေမယ့် ကမ္ဘာ့ဇာတ်ခုံပေါ်၌ အရေးပါသောနေရာသို့ရောက်ရှိနေသည့် တရုတ်နိုင်ငံရဲ့ အနေအထားကြောင့် စီးပွားရေးအရ အကျိုးသက်ရောက်မှုများဖြစ်ပေါ်နိုင်သည်ဟုလည်း JLL ရဲ့ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

JLL အာရှပစိဖိတ်ရဲ့ သုတေသနအရာရှိတစ်ဦးဖြစ်သူ Roddy Allan က “ဒီရောဂါဆိုးကြီးက တရုတ်တို့ရဲ့ နှစ်သစ်အစမှာ ဖြစ်ပွားခဲ့ပြီး တိုင်းပြည်ရဲ့အရေးပါတဲ့အားလပ်ရက်ကာလလို့ ပြောရမယ့် ဇန်နဝါရီလနှောင်းပိုင်းမှာ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် တရုတ်တို့ရဲ့ စီးပွားရေးအပြည့်အဝ ပြန်လည်ဦးမော့လာဖို့အတွက် ပိုမိုခက်ခဲနိုင်ပါတယ်။” ဟု သုံးသပ်ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့အင်အားကြီး  နိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်နဲ့ စီးပွားရေးအရတင်းမာမှုများဖြစ်ပွားပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့် ယခုဗိုင်းရပ်စ်အနေအထားကြောင့် တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနဲ့ ခရီးသွားလုပ်ငန်းများအပေါ် ကြီးကြီးမားမား ရိုက်ခတ်မှုများရှိခဲ့ပါတယ်။

Allan က “တရုတ်အစိုးရက ကမ္ဘာ့ကုန်သွယ်ရေးကဏ္ဍကို ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးတယ်ဆိုတာကို  ကောင်းကောင်းနားလည်ထားပြီး ဒီအတောအတွင်း စီးပွားရေးပြိုလဲမှုကိစ္စရပ်တွေကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ခဲ့ပါတယ်။” ဟုပြောကြားခဲ့ပါတယ်။ ကုန်သွယ်မှုတိုက်ပွဲများသာမက ပို့ကုန်များ ဝယ်လိုအားကျဆင်းခြင်းတို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုနှုန်းသည် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်နဲ့   နှိုင်းယှဉ်လိုက်ပါက (၅.၈) ရာခိုင်နှုန်းသို့ကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ သိရှိရပါတယ်။ ဒါ့အပြင် အိမ်ခြံမြေစျေးကွက်နဲ့ ပတ်သက်၍လည်း ဟောင်ကောင်နဲ့ ဘေဂျင်းတို့ကဲ့သို့သောနေရာများ၌ ငှားရမ်းမှုများကျဆင်းခဲ့ပါတယ်။

“ရင်းနှီးမြှုပ်နှံသူတွေက ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားခင်တည်းက ကုန်သွယ်မှုစစ်ပွဲတွေ၊ ကမ္ဘာ့စီးပွားရေးနှေးကွေးလာမှုတွေအပေါ် သတိထားစောင့်ကြည့်နေခဲ့ကြပြီး အခုဒီဗိုင်းရပ်စ်ဖြစ်တဲ့အချိန်မှာတော့ ပိုပြီးသတိထားလာကြပါပြီ။” ဟုလည်း Allan ကဆိုပါတယ်။ တရုတ်နိုင်ငံသည် လက်ရှိအချိန်၌ ကမ္ဘာ့ပို့ကုန်အများဆုံးနိုင်ငံများစာရင်း၌ ထိပ်ဆုံးမှရပ်တည်နေပြီး သွင်းကုန်အများဆုံးစာရင်း၌လည်း ဒုတိယအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

တရုတ်နိုင်ငံရဲ့စီးပွားရေးသည် (၂၀၀၃) ခုနှစ်ကထက် (၉) ဆပိုမိုကြီးထွားလာခဲ့ပြီဖြစ်ပြီး Allan က “ရင်းနှီးမြှုပ်နှံသူအချို့က အချိန်ယူစောင့်ကြည့်လေ့လာမှုတွေရှိနိုင်တာကြောင့် (၂၀၂၀) ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ အိမ်ခြံမြေစျေးကွက်ကျဆင်းနိုင်ပေမယ့် ဒုတိယနှစ်ဝက်မှာတော့ လိုက်လျောညီထွေဖြစ်တဲ့ ဥပဒေတွေကြောင့် အိမ်ခြံမြေစျေးကွက်ပြန်ပြီးခေါင်းမော့လာနိုင်ပါတယ်။” ဟု သုံးသပ်ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ Theinvestor

#HM(Soshwe)

#soshwerealestate

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read