HomeTechSony ရဲ႕ ပထမဆံုး 5G ဖုန္း Xperia 1 II ထြက္ရွိလာ။

Sony ရဲ႕ ပထမဆံုး 5G ဖုန္း Xperia 1 II ထြက္ရွိလာ။

- Advertisement -

(၂၀၂၀) ခုႏွစ္၌ နာမည္ႀကီး ဖုန္းကုမၸဏီမ်ားက သူတုိ႔ရဲ႕ ဖုန္းအသစ္မ်ားကို အၿပိဳင္အဆိုင္ မိတ္ဆက္လာၾကၿပီး Sony ကလည္း ၿပီးခဲ့သည့္ ရက္ပိုင္းက သူတုိ႔ရဲ႕ ပထမဆံုး 5G ကြန္ရက္ကို ေထာက္ပံ့ေပးထားမည့္ Xperia 1 II အပါအဝင္ ဖုန္းအသစ္ႏွစ္လံုးကို စတင္မိတ္ဆက္ေပးခဲ့ပါတယ္။ ယခုထြက္ရွိလာသည့္ Xperia 1 II သည္ Sony ရဲ႕ ေအာင္ျမင္ခဲ့သည့္ Xperia 1 မ်ိဳးဆက္တစ္ခုျဖစ္ၿပီး ကုမၸဏီရဲ႕ အဓိကနာမည္တစ္ခုျဖစ္သည့္ Sony ဆုိသည့္ နာမည္နဲ႔ ဒုတိယေျမာက္ထြက္ရွိသည္ဆိုသည့္ အေနအထားကို ေဖာ္ျပရန္အတြက္ II ကို နာမည္၌ ထည့္သြင္းခဲ့ျခင္းျဖစ္ပါတယ္။

ဒါ့အျပင္အဆုိပါဖုန္း၌ ပါဝင္သည့္ ကင္မရာမ်ားကို ပံုမွန္အတိုင္းတူညီသည့္နာမည္မ်ားေပးထားေၾကာင္းလည္း သိရွိရပါတယ္။ Sony ဖုန္းမ်ား၌ ပါဝင္သည့္ ကင္မရာမ်ားသည္ သံုးစဲြသူမ်ားကို စိတ္လႈပ္ရွားမႈ အျပည့္အဝေပးစြမ္းႏိုင္ၿပီး အလင္းေရာင္နည္းပါးေနသည့္အခ်ိန္၌ပင္ Autofocus ျဖင့္ အဆက္မျပတ္ရိုက္ကူးႏိုင္ျခင္းက သံုးစဲြသူမ်ားအတြက္ စိတ္ေက်နပ္စရာအခ်က္တစ္ခုပင္ျဖစ္ပါတယ္။ ဒါ့အျပင္ အျခားေသာၿပိဳင္ဘက္ဖုန္းမ်ားနဲ႔မတူညီသည့္ အခ်က္တစ္ခ်က္မွာ (၃.၅) မီလီမီတာရွိသည့္ နားၾကပ္ေပါက္တစ္ခု ပါဝင္ျခင္းျဖစ္ပါတယ္။

Sony Xperia 1 II ၌ (12) Megapixels စီပါဝင္သည့္ ေနာက္ကင္မရာ (၃) လံုးပါဝင္ၿပီး ေရွ႕ကင္မရာ၌ (8) Megapixels ပါဝင္ပါတယ္။ Display ပိုင္း၌ 21:9 အခ်ိဳးရွိၿပီး 4K HDR OLED Display ကို အသံုးျပဳထားသလို ဘက္ထရီအေနနဲ႔ 4000mAh ဘက္ထရီအမ်ိဳးအစားကို ထည့္သြင္းေပးထားကာ RAM 8GB နဲ႔ Internal Storage 256GB  အထိပါရွိပါတယ္။ Android 10 ကို အေျခခံထုတ္လုပ္ထားသည့္ အဆိုပါဖုန္းကို အေရာင္အားျဖင့္ အနက္ေရာင္နဲ႔ခရမ္းေရာင္ ႏွစ္ေရာင္ထုတ္လုပ္မည္ျဖစ္ၿပီး လာမည့္ေႏြရာသီေႏွာင္းပိုင္းကာလ၌ စတင္ျဖန္႔ခ်ီသြားမည္ျဖစ္ပါတယ္။

- Advertisement -

ဒါ့အျပင္ Sony က Android 10 စနစ္ကို အေျခခံထားသည့္ Xperia 10 II ကိုလည္း မိတ္ဆက္ေပးခဲ့ၿပီး အဆုိပါဖုန္း၌ (၆) လက္မက်ယ္ဝန္းသည့္ မ်က္ႏွာျပင္ပါရွိပါတယ္။ Xperia 1 II နည္းတူ ေနာက္ကင္မရာ (၃) လံုးပါရွိေပမယ့္ (၁) လံုးသာ (12) Megapixels ပါရွိၿပီး က်န္ႏွစ္လံုးမွာမူ (8) Megapixels သာပါဝင္ပါတယ္။ RAM 4GB နဲ႔ Internal Storage 128GB ပါဝင္ၿပီး Display ပိုင္း၌ 21:9 ရွိသလို ဘက္ထရီပိုင္း၌ 3,600 mAh ဘက္ထရီအမ်ိဳးအစားကို အသံုးျပဳထားပါတယ္။ အမဲေရာင္နဲ႔အျဖဴေရာင္ႏွစ္မ်ိဳးထုတ္လုပ္သြားမည္ျဖစ္ၿပီး လာမည့္ေႏြရာသီ၌ စတင္ေရာင္းခ်သြားရန္ျပင္ဆင္ထားေပမယ့္ လက္ရွိအခ်ိန္အထိ  ေစ်းႏႈန္းသတ္မွတ္ရျခင္းမရွိေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

 

(၂၀၂၀) ခုနှစ်၌ နာမည်ကြီး ဖုန်းကုမ္ပဏီများက သူတို့ရဲ့ ဖုန်းအသစ်များကို အပြိုင်အဆိုင် မိတ်ဆက်လာကြပြီး Sony ကလည်း ပြီးခဲ့သည့် ရက်ပိုင်းက သူတို့ရဲ့ ပထမဆုံး 5G ကွန်ရက်ကို ထောက်ပံ့ပေးထားမည့် Xperia 1 II အပါအဝင် ဖုန်းအသစ်နှစ်လုံးကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ယခုထွက်ရှိလာသည့် Xperia 1 II သည် Sony ရဲ့ အောင်မြင်ခဲ့သည့် Xperia 1 မျိုးဆက်တစ်ခုဖြစ်ပြီး ကုမ္ပဏီရဲ့ အဓိကနာမည်တစ်ခုဖြစ်သည့် Sony ဆိုသည့် နာမည်နဲ့ ဒုတိယမြောက်ထွက်ရှိသည်ဆိုသည့် အနေအထားကို ဖော်ပြရန်အတွက် II ကို နာမည်၌ ထည့်သွင်းခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင်အဆိုပါဖုန်း၌ ပါဝင်သည့် ကင်မရာများကို ပုံမှန်အတိုင်းတူညီသည့်နာမည်များပေးထားကြောင်းလည်း သိရှိရပါတယ်။ Sony ဖုန်းများ၌ ပါဝင်သည့် ကင်မရာများသည် သုံးစွဲသူများကို စိတ်လှုပ်ရှားမှု အပြည့်အဝပေးစွမ်းနိုင်ပြီး အလင်းရောင်နည်းပါးနေသည့်အချိန်၌ပင် Autofocus ဖြင့် အဆက်မပြတ်ရိုက်ကူးနိုင်ခြင်းက သုံးစွဲသူများအတွက် စိတ်ကျေနပ်စရာအချက်တစ်ခုပင်ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသောပြိုင်ဘက်ဖုန်းများနဲ့မတူညီသည့် အချက်တစ်ချက်မှာ (၃.၅) မီလီမီတာရှိသည့် နားကြပ်ပေါက်တစ်ခု ပါဝင်ခြင်းဖြစ်ပါတယ်။

Sony Xperia 1 II ၌ (12) Megapixels စီပါဝင်သည့် နောက်ကင်မရာ (၃) လုံးပါဝင်ပြီး ရှေ့ကင်မရာ၌ (8) Megapixels ပါဝင်ပါတယ်။ Display ပိုင်း၌ 21:9 အချိုးရှိပြီး 4K HDR OLED Display ကို အသုံးပြုထားသလို ဘက်ထရီအနေနဲ့ 4000mAh ဘက်ထရီအမျိုးအစားကို ထည့်သွင်းပေးထားကာ RAM 8GB နဲ့ Internal Storage 256GB  အထိပါရှိပါတယ်။ Android 10 ကို အခြေခံထုတ်လုပ်ထားသည့် အဆိုပါဖုန်းကို အရောင်အားဖြင့် အနက်ရောင်နဲ့ခရမ်းရောင် နှစ်ရောင်ထုတ်လုပ်မည်ဖြစ်ပြီး လာမည့်နွေရာသီနှောင်းပိုင်းကာလ၌ စတင်ဖြန့်ချီသွားမည်ဖြစ်ပါတယ်။

ဒါ့အပြင် Sony က Android 10 စနစ်ကို အခြေခံထားသည့် Xperia 10 II ကိုလည်း မိတ်ဆက်ပေးခဲ့ပြီး အဆိုပါဖုန်း၌ (၆) လက်မကျယ်ဝန်းသည့် မျက်နှာပြင်ပါရှိပါတယ်။ Xperia 1 II နည်းတူ နောက်ကင်မရာ (၃) လုံးပါရှိပေမယ့် (၁) လုံးသာ (12) Megapixels ပါရှိပြီး ကျန်နှစ်လုံးမှာမူ (8) Megapixels သာပါဝင်ပါတယ်။ RAM 4GB နဲ့ Internal Storage 128GB ပါဝင်ပြီး Display ပိုင်း၌ 21:9 ရှိသလို ဘက်ထရီပိုင်း၌ 3,600 mAh ဘက်ထရီအမျိုးအစားကို အသုံးပြုထားပါတယ်။ အမဲရောင်နဲ့အဖြူရောင်နှစ်မျိုးထုတ်လုပ်သွားမည်ဖြစ်ပြီး လာမည့်နွေရာသီ၌ စတင်ရောင်းချသွားရန်ပြင်ဆင်ထားပေမယ့် လက်ရှိအချိန်အထိ  စျေးနှုန်းသတ်မှတ်ရခြင်းမရှိကြောင်း သိရှိရပါတယ်။

<Unicode Version>

 

- Advertisement -

Source ~ CNet

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...