HomeSportယူႏိုက္တက္နဲ႔သတင္းမ်ားထြက္ေပၚေနသည့္အေပၚ ေက်နပ္ေနသည့္ အဂၤလန္ၾကယ္ပြင့္ကစားသမား။

ယူႏိုက္တက္နဲ႔သတင္းမ်ားထြက္ေပၚေနသည့္အေပၚ ေက်နပ္ေနသည့္ အဂၤလန္ၾကယ္ပြင့္ကစားသမား။

- Advertisement -

အက္စတြန္ဗီလာအသင္းရဲ႕ တိုက္စစ္ကစားသမားျဖစ္သူ ဂရီလစ္ရွ္က ယူႏိုက္တက္အသင္းနဲ႔ အေျပာင္းအေရႊ႕သတင္းမ်ား ထြက္ေပၚေနသည့္အေပၚ ေက်နပ္မိေၾကာင္း ဝန္ခံလိုက္ပါတယ္။ အသက္ (၂၄) ႏွစ္အရြယ္ အဆိုပါကစားသမားသည္ အက္စတြန္ဗီလာအသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပသေနျခင္းေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ထိပ္တန္းအသင္းႀကီးတစ္သင္းျဖစ္သည့္ ယူႏိုက္တက္အသင္းရဲ႕ ပစ္မွတ္ထားေစာင့္ၾကည့္ျခင္းခံေနရသည့္ ကစားသမားလည္းျဖစ္ပါတယ္။

လက္ရွိေဘာလံုးရာသီ၌ အက္စတြန္ဗီလာအသင္းအတြက္ (၇) ဂိုးသြင္း၊ (၆) ႀကိမ္ ဂိုးဖန္တီးမႈ  ျပဳလုပ္ေပးထားသည့္ ဂရီလစ္ရွ္က ယူႏုိက္တက္အသင္းနဲ႔ သတင္းမ်ားထြက္ေပၚေနသည့္အေပၚ “ဒါက  ေက်နပ္စရာပါ။ ဒီလိုမ်ိဳးေကာင္းတဲ့နည္းလမ္းနဲ႔ အေျပာခံရတာကို မႀကိဳက္တဲ့ကစားသမား ဘယ္ရွိပါ့မလဲ။ ဒါေပမယ့္ အရိုးသားဆံုးေျပာရရင္ ကြ်န္ေတာ္ကေတာ့ ကုိယ့္ကိုယ္ကိုယ္ပဲ အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။”

- Advertisement -

“ယူႏိုက္တက္နဲ႔သတင္းေတြကို ဖတ္ရ၊ ၾကားရတာ ေကာင္းပါတယ္။ ဒါေပမယ့္ အဲ့ဒီအေပၚ ကြ်န္ေတာ္အမ်ားႀကီး သာယာေနမွာမဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလိုသတင္းေတြက ဘယ္ေလာက္အထိ ျမန္ျမန္ဆန္ဆန္  ေျပာင္းလဲတတ္လဲဆိုတာကို ကြ်န္ေတာ္ သိထားလို႔ပါ။” ဟု ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ ဂရီလစ္ရွ္ကို ေခၚယူရန္အတြက္ လန္ဒန္ၿမိဳ႕ခံကလပ္ စပါးအသင္းကလည္း စိတ္ဝင္စားခဲ့ဖူးၿပီး ဂရီလစ္ရွ္အေနနဲ႔ လက္ရွိအခ်ိန္၌ ျပသေနေသာ ေျခစြမ္းမ်ားေၾကာင့္လည္း ယူရို- ၂၀၂၀ ၿပိဳင္ပဲြဝင္မည့္အဂၤလန္အသင္းရဲ႕ လူစာရင္း၌ ပါဝင္လာဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

အက်စတွန်ဗီလာအသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ဂရီလစ်ရှ်က ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့်အပေါ် ကျေနပ်မိကြောင်း ဝန်ခံလိုက်ပါတယ်။ အသက် (၂၄) နှစ်အရွယ် အဆိုပါကစားသမားသည် အက်စတွန်ဗီလာအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနေခြင်းကြောင့် ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်သည့် ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ထားစောင့်ကြည့်ခြင်းခံနေရသည့် ကစားသမားလည်းဖြစ်ပါတယ်။

လက်ရှိဘောလုံးရာသီ၌ အက်စတွန်ဗီလာအသင်းအတွက် (၇) ဂိုးသွင်း၊ (၆) ကြိမ် ဂိုးဖန်တီးမှု  ပြုလုပ်ပေးထားသည့် ဂရီလစ်ရှ်က ယူနိုက်တက်အသင်းနဲ့ သတင်းများထွက်ပေါ်နေသည့်အပေါ် “ဒါက  ကျေနပ်စရာပါ။ ဒီလိုမျိုးကောင်းတဲ့နည်းလမ်းနဲ့ အပြောခံရတာကို မကြိုက်တဲ့ကစားသမား ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။”

“ယူနိုက်တက်နဲ့သတင်းတွေကို ဖတ်ရ၊ ကြားရတာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီအပေါ် ကျွန်တော်အများကြီး သာယာနေမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုသတင်းတွေက ဘယ်လောက်အထိ မြန်မြန်ဆန်ဆန်  ပြောင်းလဲတတ်လဲဆိုတာကို ကျွန်တော် သိထားလို့ပါ။” ဟု ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဂရီလစ်ရှ်ကို ခေါ်ယူရန်အတွက် လန်ဒန်မြို့ခံကလပ် စပါးအသင်းကလည်း စိတ်ဝင်စားခဲ့ဖူးပြီး ဂရီလစ်ရှ်အနေနဲ့ လက်ရှိအချိန်၌ ပြသနေသော ခြေစွမ်းများကြောင့်လည်း ယူရို- ၂၀၂၀ ပြိုင်ပွဲဝင်မည့်အင်္ဂလန်အသင်းရဲ့ လူစာရင်း၌ ပါဝင်လာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read