HomeSportေပါ့ဘာနဲ႔ပတ္သက္ၿပီး ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကို စကားနာထိုးလိုက္သည့္ ရြိဳင္အိုလာ။

ေပါ့ဘာနဲ႔ပတ္သက္ၿပီး ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကို စကားနာထိုးလိုက္သည့္ ရြိဳင္အိုလာ။

- Advertisement -

ယူႏိုက္တက္ကြင္းလယ္ကစားသမား ေပါ့ဘာရဲ႕ေအးဂ်င့္ျဖစ္သူ ရြိဳင္အိုလာက သူ႔ရဲ႕ကစားသမားက နည္းျပဆိုးလ္ရွားပိုင္ဆိုင္သည့္ ကစားသမားမဟုတ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ေပါ့ဘာသည္ ယူႏိုက္တက္အသင္းမွထြက္ခြာရန္ ဆႏၵရွိေနၿပီး ကစားသမားရဲ႕ေအးဂ်င့္ ရြိဳင္အိုလာကုိယ္တုိင္ကလည္း သူ႔ရဲ႕ကစားသမားကို ရီးရဲယ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္အသင္းတုိ႔ကဲ့သို႔ ထိပ္တန္းအသင္းတစ္သင္းဆီ ပို႔ေဆာင္ရန္ ျပင္ဆင္ေနပါတယ္။

ရြိဳင္အိုလာက ေပါ့ဘာအတြက္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ေဆြးေႏြးထားေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ နည္းျပဆိုးလ္ရွားက ေပါ့ဘာသည္ ရြိဳင္အိုလာပိုင္ဆုိင္သည့္ ကစားသမားမဟုတ္ေၾကာင္း တံု႔ျပန္ခဲ့ပါတယ္။ လက္ရွိအခ်ိန္၌ ဆိုးလ္ရွားရဲ႕ေျပာစကားနဲ႔ပတ္သက္ၿပီး ရြိဳင္အိုလာက “ေပါ့ဘာက ကြ်န္ေတာ့္ကစားသမားမဟုတ္သလို ေသခ်ာတာတစ္ခုက ဆိုးလ္ရွားရဲ႕ ကစားသမားလည္း မဟုတ္ပါဘူး။ ဆုိးလ္ရွားအေနနဲ႔ သူေျပာမယ့္အေၾကာင္းအရာေတြကို မေျပာခင္တည္းက ပိုေကာင္းေအာင္ ျပင္ဆင္ထားသင့္ပါတယ္။”

“ကြ်န္ေတာ္ အခုခ်ိန္အထိ ဆိုးလ္ရွားအေပၚ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံခဲ့ၿပီး ဆုိးလ္ရွားအေနနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါ့ဘာကို ေျပာခဲ့တဲ့ကိစၥေတြကို မွတ္မိေနသင့္ပါတယ္။ ဆုိးလ္ရွားဆီမွာ အျခားစိတ္ရႈပ္စရာေတြရွိေနႏိုင္ၿပီး အခု ဒီကိစၥကိုပါ လာၿပီးေရာေထြးေနပါၿပီ။ ကြ်န္ေတာ့္စိတ္ထင္ ဆိုးလ္ရွားဆီမွာ တျခားစိုးရိမ္စရာေတြရွိေနပါတယ္။” လို႔ ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။ အသက္ (၂၆) ႏွစ္အရြယ္ ေပါ့ဘာသည္ ယူႏုိက္တက္အသင္းနဲ႔ (၂၀၂၂) ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနသည့္ ကစားသမားျဖစ္ၿပီး လာမယ့္ေႏြရာသီ၌ အသင္းမွေသခ်ာေပါက္ထြက္ခြာဖြယ္ရွိေနပါတယ္။

<Zawgyi Version>

- Advertisement -

 

ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက သူ့ရဲ့ကစားသမားက နည်းပြဆိုးလ်ရှားပိုင်ဆိုင်သည့် ကစားသမားမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ပေါ့ဘာသည် ယူနိုက်တက်အသင်းမှထွက်ခွာရန် ဆန္ဒရှိနေပြီး ကစားသမားရဲ့အေးဂျင့် ရွိုင်အိုလာကိုယ်တိုင်ကလည်း သူ့ရဲ့ကစားသမားကို ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတို့ကဲ့သို့ ထိပ်တန်းအသင်းတစ်သင်းဆီ ပို့ဆောင်ရန် ပြင်ဆင်နေပါတယ်။

- Advertisement -

ရွိုင်အိုလာက ပေါ့ဘာအတွက် ဂျူဗင်တပ်စ်အသင်းနဲ့ဆွေးနွေးထားကြောင်း ပြောကြားခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားက ပေါ့ဘာသည် ရွိုင်အိုလာပိုင်ဆိုင်သည့် ကစားသမားမဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ လက်ရှိအချိန်၌ ဆိုးလ်ရှားရဲ့ပြောစကားနဲ့ပတ်သက်ပြီး ရွိုင်အိုလာက “ပေါ့ဘာက ကျွန်တော့်ကစားသမားမဟုတ်သလို သေချာတာတစ်ခုက ဆိုးလ်ရှားရဲ့ ကစားသမားလည်း မဟုတ်ပါဘူး။ ဆိုးလ်ရှားအနေနဲ့ သူပြောမယ့်အကြောင်းအရာတွေကို မပြောခင်တည်းက ပိုကောင်းအောင် ပြင်ဆင်ထားသင့်ပါတယ်။”

“ကျွန်တော် အခုချိန်အထိ ဆိုးလ်ရှားအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ပေါ့ဘာကို ပြောခဲ့တဲ့ကိစ္စတွေကို မှတ်မိနေသင့်ပါတယ်။ ဆိုးလ်ရှားဆီမှာ အခြားစိတ်ရှုပ်စရာတွေရှိနေနိုင်ပြီး အခု ဒီကိစ္စကိုပါ လာပြီးရောထွေးနေပါပြီ။ ကျွန်တော့်စိတ်ထင် ဆိုးလ်ရှားဆီမှာ တခြားစိုးရိမ်စရာတွေရှိနေပါတယ်။” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အသက် (၂၆) နှစ်အရွယ် ပေါ့ဘာသည် ယူနိုက်တက်အသင်းနဲ့ (၂၀၂၂) ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသည့် ကစားသမားဖြစ်ပြီး လာမယ့်နွေရာသီ၌ အသင်းမှသေချာပေါက်ထွက်ခွာဖွယ်ရှိနေပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

- Advertisement -

#Like&Share

 

 

- Advertisement -

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here

1 + two =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...