HomeTechကလေးဆေးရုံ၌ ကလေးငယ်များကို အကူအညီပေးနိုင်ရန် စက်ရုပ်များထားရှိပေးထားတဲ့ ဗြိတိန်နိုင်ငံ။

ကလေးဆေးရုံ၌ ကလေးငယ်များကို အကူအညီပေးနိုင်ရန် စက်ရုပ်များထားရှိပေးထားတဲ့ ဗြိတိန်နိုင်ငံ။

- Advertisement -

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ကလေးဆေးရုံ၌ ကလေးငယ်များကို အကူအညီပေးနိုင်ရန်အတွက် (၃၀) စင်တီမီတာရှည်လျားသည့် AV1 စက်ရုပ်များကို ထားရှိပေးထားကြောင်း သိရှိရပါတယ်။ အဆိုပါအစီအစဉ်ကို ကလေးငယ်များအတွက် ရည်ရွယ်တည်ထောင်ထားသည့် The Starlight ဖောင်ဒေးရှင်းရဲ့ စီမံမှုဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ဘဝတစ်လျှောက် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေသည့် ကလေးငယ်များ၊ အသည်းအသန်ဖျားနာနေသည့်အချိန် သို့မဟုတ် အထီးကျန်နေသည့်အချိန်များ၌ အခြားသူများနဲ့ အဆက်အသွယ်ရှိရန် လိုအပ်သည်ဟု ယူဆသောကြောင့် ယခုကဲ့သို့ စီစဉ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

 

- Advertisement -

သူတို့ချစ်ခင်ရသူတစ်ဦးဦးနဲ့ အဆက်အသွယ်ရှိနေခြင်းက ကလေးငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုနိုင်ပြီး သီးသန့်နေထိုင်ရချိန်၌ အထီးမကျန်စေနိုင်ကြောင်းလည်း သိရှိရပါတယ်။ ကလေးငယ်များအနေဖြင့် ယခုစက်ရုပ်များကို သူတို့ရဲ့အိမ်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ ဒါမှမဟုတ် သူငယ်ချင်းများနဲ့ တွေ့ဆုံချိန်၌ဖြစ်စေ အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။

- Advertisement -

 

ကလေးငယ်များအေနနဲ့ Tablet မှတစ်ဆင့် အဆိုပါစက်ရုပ်ကို ထိန်းချုပ်နိုင်ပြီး ပတ်ဝန်းကျင်နဲ့စကားပြောခြင်း၊ စက်ရုပ်ရဲ့လှုပ်ရှားခြင်းများကို ထိန်းချုပ်နိုင်ပါတယ်။ စက်ရုပ်ရဲ့ကင်မရာကိုလည်း ကလေးငယ်များက ထိန်းချုပ်နိုင်ပြီး စက်ရုပ်ရဲ့ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်ရှုပ်ထွေးမှု သို့မဟုတ် သာမန်စိတ်ခံစားချက်များကို ထည့်သွင်းရေးဆွဲပေးထားကြောင်းလည်း သိရပါတယ်။

သို့သော်လည်း အဆိုပါ AV1 စက်ရုပ်၌ ကလေးကိုပြသထားသည့် မျက်နှာပြင်မပါရှိဘဲ ယခုကဲ့သို့ မပါရှိရခြင်းကလည်း လူနာများအနေဖြင့် သူတို့ကိုယ်သူတို့ ကုသမှုခံယူနေရသည်ဆိုသည့် ခံစားချက်ကို မခံစားစေလို၍ဖြစ်ကြောင်း သိရှိရပါတယ်။ ယခုစက်ရုပ်များကို နယူးကာဆယ်မြို့ရှိ St Oswald’s Hospice နဲ့ လန်ဒန်မြို့ရှိ The Royal Surrey Hospital၊ The Queen Elizabeth Hospital တို့၌ စတင်အသုံးပြုနေပြီလည်း ဖြစ်ပါတယ်။

Starlight ဖောင်ဒေးရှင်းမှ ဒေါက်တာ Sandra Gulyurtlu က “ကျွန်မတို့ရဲ့ ကိစ္စရပ်တွေကို အထောက်အကူပြုနိုင်ဖို့အတွက် ဒီနည်းပညာကို စတင်စမ်းသပ်နိုင်တဲ့အပေါ် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ အခုဆို AV1 စက်ရုပ်တွေက ဆေးရုံတွေမှာ နေရာယူလာပြီး ဒါကိုရေရှည်အသုံးပြုခြင်းရဲ့ အကျိုးရလဒ်တွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်လှုပ်ရှားနေပါပြီ” ဟုဆိုခဲ့ပါတယ်။ (၂၀၂၀) ခုနှစ်၊ ဇွန်လတုန်းက လေ့လာဆန်းစစ်သူများရဲ့အဖြေအရ Social Robot များသည် ဆေးရုံတက်နေသည့် ကလေးငယ်များရဲ့ စိုးရိမ်ပူပန်မှု၊ နာကျင်မှုနဲ့ အခြားဒုက္ခများကို လျှော့ချပေးနိုင်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

#soshwe

- Advertisement -

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

15 − four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...