HomeTechျမန္္မာႏိုင္ငံမွ သံသယျဖစ္ဖြယ္ အေကာင့္တုေတြကို ဖ်က္ပစ္လိုက္တဲ့ Facebook

ျမန္္မာႏိုင္ငံမွ သံသယျဖစ္ဖြယ္ အေကာင့္တုေတြကို ဖ်က္ပစ္လိုက္တဲ့ Facebook

- Advertisement -

လြန္ခဲ့တဲ့ဗုဒၶဟူးေန႔က ျမန္မာ့တပ္မေတာ္ အရာရွိခ်ဳပ္ေတြပိုင္တဲ့ Mytel ဆက္သြယ္ေရးကုမၸဏီနဲ႔ ဆက္စပ္မႈရွိေနတဲ့ အေကာင့္ပိုင္ရွင္ေတြဟာ Facebook က သတ္မွတ္ထားတဲ့ ပညတ္ခ်က္ေတြကို မလိုက္နာဘဲ လြဲမွားစြာအသံုးျပဳေနျခင္းကို သတိထားမိတာေၾကာင့္ Facebook မွ အဆိုပါ သံသယဝင္ဖြယ္ အေကာင့္ေတြကို ဖ်က္သိမ္းခဲ့ပါတယ္။

Mytel ကုမၸဏီဟာ ၂၀၁၈ခုႏွစ္ ဇြန္လတုန္းက ျမန္မာျပည္လူထုေရွ႕ေမွာက္ကို ဖုန္းဆက္သြယ္ေရးကုမၸဏီအျဖစ္ စတင္ေရာက္ရွိလာခဲ့ၿပီး ျမန္မာႏိုင္ငံမွာရွိတဲ့ ဆက္သြယ္ေရးကုမၸဏီထဲမွာ ေလးခုေျမာက္ေသာ ဆက္သြယ္ေရးကုမၸဏီျဖစ္လာခ့ဲပါတယ္။ Mytel ဟာ ဗီယက္နမ္ႏိုင္ငံအေျခစိုက္ ဆက္သြယ္ေရးလုပ္ငန္းျဖစ္တဲ့ Viettel ရဲ႕ ျမန္မာႏိုင္ငံအေျခစိုက္ ဆက္သြယ္ေရးလုပ္ငန္းခြဲတစ္ခုျဖစ္ၿပီး Mytel ဆက္သြယ္ေရးကုမၸဏီရဲ႕ ရွယ္ယာ ၄၉ % ကို Viettel က ပိုင္တယ္လို႔လည္း သိရပါတယ္။

Facebook ရဲ႕ေတြ႕ရွိခ်က္အရ Mytel ရဲ႕ Facebook Page ကို ေဖ့ဘြတ္ခ္အသံုးျပဳသူ ၂ သိန္းေက်ာ္ေလာက္က Follow လုပ္ထားတာပဲျဖစ္ပါတယ္။ Mytel ဆက္သြယ္ေရးလိုင္းကို လူအမ်ားကသတိထားမိလာၿပီး အသံုးျပဳလာဖို႔အတြက္ Facebook ေပၚမွာ ေၾကာ္ျငာေၾကး အေမရိကန္ေဒၚလာ ၁.၁ သန္း အသံုးျပဳထားတယ္လို႔လည္း သိရပါတယ္။

- Advertisement -

Mytel ဆက္သြယ္ေရးကုမၸဏီ page ကို ကိုင္တြယ္သူမ်ားႏွင့္ အေကာင့္ပိုင္ရွင္မ်ားက ျမန္မာဘာသာ၊ အဂၤလိပ္ဘာသာတို႔ျဖင့္ အျခားေသာဆက္သြယ္ေရးကုမၸဏီမ်ားႏွင့္ ပတ္သက္ၿပီး မဟုတ္မမွန္တဲ့ သတင္းေတြ  ေရးသားျဖန္႔ေဝေလ့ရွိေၾကာင္းကို Facebook ကုမၸဏီက သတိထားမိၿပီးေနာက္ပိုင္းမွာ အဆိုပါအေကာင့္တုေတြကို ဖ်က္သိမ္းခဲ့ျခင္းျဖစ္ပါတယ္။

- Advertisement -

မသမာသူေတြဟာ Mytel ကုမၸဏီရဲ႕ ၿပိဳင္ဘက္ကုမၸဏီေတြျဖစ္တဲ့ MPT ၊ Telenor နဲ႔ Ooreedoo ကုမၸဏီေတြကို အေကာင့္တုေတြအသံုးျပဳၿပီး ၿပိဳင္ဘက္ကုမၸဏီေတြရဲ႕ ဖုန္းလိုင္းကို အသံုးျပဳသူေယာင္ေဆာင္ကာ အဆိုပါကုမၸဏီေတြရဲ႕ Facebook Page မွာတင္ထားတဲ့ ဓာတ္ပံုေၾကာ္ျငာစာေတြေအာက္၌ မဟုတ္မမွန္တဲ့ မွတ္ခ်က္ေတြေရးသားျခင္းျပဳတယ္လို႔လည္း သိရပါတယ္။

ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔မွာ Facebook ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “ဒီကိစၥေနာက္ကြယ္ကေန ႀကိဳးကိုင္တဲ့သူေတြဟာ သူတို႔ကဘယ္သူဘယ္ဝါမွန္းမသိေအာင္ ဖုံးကြယ္ထားေပမဲ့လည္း Facebook ကုမၸဏီလံုျခံဳေရးအသင္းက စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ၿပီးတဲ့အခါမွာေတာ့ အဆိုပါမသမာသူေတြဟာ ျမန္မာႏိုင္ငံအေျခစိုက္ Mytel ဆက္သြယ္ေရးကုမၸဏီ၊ ဗီယက္နမ္ႏိုင္ငံအေျခစိုက္ Viettel ဆက္သြယ္ေရးကုမၸဏီေတြနဲ႔ ဆက္ႏြယ္မႈရွိေနတာကို ရွာေဖြေတြ႕ရွိခဲ့တယ္။”လို႔ ဆိုထားပါတယ္။

Facebook ကုမၸဏီက ျမန္မာ့တပ္မေတာ္နဲ႔ ဆက္ႏြယ္ေနတယ္လို႔ထင္တဲ့ ျမန္မာ့တပ္မေတာ္ ဗိုလ္မွဴးခ်ဳပ္ မင္းေအာင္လႈိင္ပံုတင္ထားတဲ့ အေကာင့္ေတြ၊ Page ေတြကို ၂၀၁၈ခုႏွစ္ ဩဂုတ္လမွာလည္း ဖ်က္ပစ္ခ့ဲဖူးပါတယ္။ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာလည္း အဆိုပါသံသယဝင္ဖြယ္ အေကာင့္အမ်ားအျပားကိုလည္း “မသမာစြာအသံုးျပဳမႈ” ဟုဆိုတာ ဖ်က္သိမ္းပစ္လိုက္ပါတယ္။

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားျဖစ္တဲ့ ျမန္မာႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံက အသံုးျပဳသူမ်ားအျပင္ ႏိုင္ငံျခားေရးရာဝင္ႀကီးဌာနရဲ႕ ဥပေဒေတြကို ဆန္႔က်င္တဲ့ ရရွားႏိုင္ငံသူ/ႏိုင္ငံသားအခ်ိဳ႕ရဲ႕ ေဖ့ဘြတ္ခ္ အေကာင့္ေတြ၊ Pageေတြ၊ အဖြဲ႔အစည္းေတြနဲ႔ အင္စတာဂရမ္အေကာင့္ေတြကိုပါ ဖ်က္သိမ္းခဲ့ပါတယ္။ ဒီဇင္ဘာလမွာလည္း ေဂ်ာ္ဂ်ီယာႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံနဲ႔ အေမရိကန္ျပည္ေထာင္စုမွ ႏိုင္ငံျခားႏွင့္အစိုးရၾကားဝင္ၿပီး အဖ်က္ဝင္လုပ္တဲ့ အေကာင့္တုေတြကိုလည္း ဖ်က္သိမ္းပစ္ခဲ့ပါတယ္။

<Zawgyi Version>

 

လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့က မြန်မာ့တပ်မတော် အရာရှိချုပ်တွေပိုင်တဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီနဲ့ ဆက်စပ်မှုရှိနေတဲ့ အကောင့်ပိုင်ရှင်တွေဟာ Facebook က သတ်မှတ်ထားတဲ့ ပညတ်ချက်တွေကို မလိုက်နာဘဲ လွဲမှားစွာအသုံးပြုနေခြင်းကို သတိထားမိတာကြောင့် Facebook မှ အဆိုပါ သံသယဝင်ဖွယ် အကောင့်တွေကို ဖျက်သိမ်းခဲ့ပါတယ်။

Mytel ကုမ္ပဏီဟာ ၂၀၁၈ခုနှစ် ဇွန်လတုန်းက မြန်မာပြည်လူထုရှေ့မှောက်ကို ဖုန်းဆက်သွယ်ရေးကုမ္ပဏီအဖြစ် စတင်ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီထဲမှာ လေးခုမြောက်သော ဆက်သွယ်ရေးကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ Mytel ဟာ ဗီယက်နမ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ Viettel ရဲ့ မြန်မာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးလုပ်ငန်းခွဲတစ်ခုဖြစ်ပြီး Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ ရှယ်ယာ ၄၉ % ကို Viettel က ပိုင်တယ်လို့လည်း သိရပါတယ်။

- Advertisement -

Facebook ရဲ့တွေ့ရှိချက်အရ Mytel ရဲ့ Facebook Page ကို ဖေ့ဘွတ်ခ်အသုံးပြုသူ ၂ သိန်းကျော်လောက်က Follow လုပ်ထားတာပဲဖြစ်ပါတယ်။ Mytel ဆက်သွယ်ရေးလိုင်းကို လူအများကသတိထားမိလာပြီး အသုံးပြုလာဖို့အတွက် Facebook ပေါ်မှာ ကြော်ငြာကြေး အမေရိကန်ဒေါ်လာ ၁.၁ သန်း အသုံးပြုထားတယ်လို့လည်း သိရပါတယ်။

Mytel ဆက်သွယ်ရေးကုမ္ပဏီ page ကို ကိုင်တွယ်သူများနှင့် အကောင့်ပိုင်ရှင်များက မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် အခြားသောဆက်သွယ်ရေးကုမ္ပဏီများနှင့် ပတ်သက်ပြီး မဟုတ်မမှန်တဲ့ သတင်းတွေ  ရေးသားဖြန့်ဝေလေ့ရှိကြောင်းကို Facebook ကုမ္ပဏီက သတိထားမိပြီးနောက်ပိုင်းမှာ အဆိုပါအကောင့်တုတွေကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။

မသမာသူတွေဟာ Mytel ကုမ္ပဏီရဲ့ ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ MPT ၊ Telenor နဲ့ Ooreedoo ကုမ္ပဏီတွေကို အကောင့်တုတွေအသုံးပြုပြီး ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ဖုန်းလိုင်းကို အသုံးပြုသူယောင်ဆောင်ကာ အဆိုပါကုမ္ပဏီတွေရဲ့ Facebook Page မှာတင်ထားတဲ့ ဓာတ်ပုံကြော်ငြာစာတွေအောက်၌ မဟုတ်မမှန်တဲ့ မှတ်ချက်တွေရေးသားခြင်းပြုတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ Facebook ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒီကိစ္စနောက်ကွယ်ကနေ ကြိုးကိုင်တဲ့သူတွေဟာ သူတို့ကဘယ်သူဘယ်ဝါမှန်းမသိအောင် ဖုံးကွယ်ထားပေမဲ့လည်း Facebook ကုမ္ပဏီလုံခြုံရေးအသင်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့အခါမှာတော့ အဆိုပါမသမာသူတွေဟာ မြန်မာနိုင်ငံအခြေစိုက် Mytel ဆက်သွယ်ရေးကုမ္ပဏီ၊ ဗီယက်နမ်နိုင်ငံအခြေစိုက် Viettel ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ဆက်နွယ်မှုရှိနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်။”လို့ ဆိုထားပါတယ်။

Facebook ကုမ္ပဏီက မြန်မာ့တပ်မတော်နဲ့ ဆက်နွယ်နေတယ်လို့ထင်တဲ့ မြန်မာ့တပ်မတော် ဗိုလ်မှူးချုပ် မင်းအောင်လှိုင်ပုံတင်ထားတဲ့ အကောင့်တွေ၊ Page တွေကို ၂၀၁၈ခုနှစ် ဩဂုတ်လမှာလည်း ဖျက်ပစ်ခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာလည်း အဆိုပါသံသယဝင်ဖွယ် အကောင့်အများအပြားကိုလည်း “မသမာစွာအသုံးပြုမှု” ဟုဆိုတာ ဖျက်သိမ်းပစ်လိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံက အသုံးပြုသူများအပြင် နိုင်ငံခြားရေးရာဝင်ကြီးဌာနရဲ့ ဥပဒေတွေကို ဆန့်ကျင်တဲ့ ရရှားနိုင်ငံသူ/နိုင်ငံသားအချို့ရဲ့ ဖေ့ဘွတ်ခ် အကောင့်တွေ၊ Pageတွေ၊ အဖွဲ့အစည်းတွေနဲ့ အင်စတာဂရမ်အကောင့်တွေကိုပါ ဖျက်သိမ်းခဲ့ပါတယ်။ ဒီဇင်ဘာလမှာလည်း ဂျော်ဂျီယာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုမှ နိုင်ငံခြားနှင့်အစိုးရကြားဝင်ပြီး အဖျက်ဝင်လုပ်တဲ့ အကောင့်တုတွေကိုလည်း ဖျက်သိမ်းပစ်ခဲ့ပါတယ်။

<Unicode Version>

 

Source ~ Irrawady News

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seventeen − 12 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...