- Advertisement -
- Advertisement -
- Advertisement -
<Zawgyi Version>
မကြာသေးခင်က Sophie Turner ဟာ Joe Jonas ရဲ့ရင်သွေးဦးလေးကို လွယ်ထားရပြီလားဆိုတဲ့ ကောလဟာလတွေ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းထောက်တွေ ပါပါရာဇီတွေက Sophie ရဲ့ လူထုထဲထွက်လာတဲ့အခါ ဝတ်ဆင်ထားတဲ့ အကျႌအပွကြီးတွေကို ကြည့်ပြီးပြောဆိုရခြင်းပဲဖြစ်ပါတယ်။
- Advertisement -
https://www.instagram.com/p/B1R_9f_BtnZ/?utm_source=ig_embedhttp://
ဒါပေမဲ့ အဆိုပါကောလဟာလဟာ သတင်းအမှန် ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ Joe Jonas နဲ့ Sophie တို့ဟာ သူတို့ရဲ့ရင်သွေးဦးလေးကို ၂၀၂၀ ခုနှစ် နှောင်းပိုင်းမှာ မွေးဖွားမယ်ဆိုတဲ့ သတင်းကိုလည်း အတွင်းလူတစ်ယောက်က ပြောပြလာပါတယ်။
ရင်သွေးလေးလွယ်ထားရပြီဆိုတာနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ပြောင်းလဲမှုတွေကို စတင်ကြုံတွေ့ရတာဖြစ်တာကြောင့် Sophie ဟာ ပွပွရောင်းရောင်းနဲ့ နေရထိုင်ရတာ အဆင်ပြေမယ့် အဝတ်အစားတွေကို ဝတ်ဆင်တာဖြစ်ပါလိမ့်မယ်။
https://www.instagram.com/p/B8J8vEyBLVy/?utm_source=ig_embed
Joe နဲ့ Sophie တို့နှစ်ဦးသားဟာ သူတို့ရဲ့ရင်သွေးဦးလေးနဲ့ ပတ်သက်ပြီး ဘယ်အင်တာဗျူးမှာမှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ ဒါပေမဲ့လည်း သူတို့ရဲ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကတော့ Joe နဲ့ Sophie တို့ရဲ့ ရင်သွေးဦးလေးအတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြတယ်လို့ အတွင်းလူတစ်ယောက်က ဖွင့်ဟဝန်ခံခဲ့ပါတယ်။
Joe နဲ့ Sophie တို့နှစ်ဦးကို ၂၀၂၀ ခုနှစ် Grammy ဆုပေးပွဲသို့ အတူယှဉ်တွဲတက်ရောက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါဆုပေးပွဲမှာ Jonas ညီအစ်ကိုတွေက “What A Man Gotta Do” ဆိုတဲ့သီချင်းကို စင်မြင့်ပေါ်မှာ သီဆိုဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။
Joe နဲ့ Sophie တို့ဟာ Las Vegas မှာ မင်္ဂလာဆောင်ပြီး တစ်နှစ်အကြာမှာ နောက်ထပ်မင်္ဂလာရှိတဲ့ Joe နဲ့ Sophie တို့ရဲ့ ရင်သွေးဦးသတင်းကို ကြားသိခဲ့ရတာကြောင့် သူတို့ရဲ့ပရိသတ်တွေရော ဟောလီဝုဒ်အနုပညာ အသိုင်းအဝိုင်းကြီးတစ်ခုလုံးကပါ Joe နဲ့ Sophie တို့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။
<Unicode Version>
Source ~ BuzzFeed
#SY(1209Soshwe)
#soshwecelebrity
#soshweforyourdailylife
#likeandshare
- Advertisement -