HomeTechနည္းပညာပိုင္းဆုိင္ရာျပစ္မႈတစ္ခုေၾကာင့္ ယူရို (၂၅) သန္း ဒဏ္ရုိက္ခံခဲ့သည့္ အေမရိကန္ နည္းပညာကုမၸဏီႀကီးတစ္ခု။

နည္းပညာပိုင္းဆုိင္ရာျပစ္မႈတစ္ခုေၾကာင့္ ယူရို (၂၅) သန္း ဒဏ္ရုိက္ခံခဲ့သည့္ အေမရိကန္ နည္းပညာကုမၸဏီႀကီးတစ္ခု။

- Advertisement -

စြမ္းေဆာင္ရည္ကို ေႏွးေကြးေစသည့္ ေဆာ့ဖ္ဝဲတစ္ခုေၾကာင့္ Apple ကုမၸဏီသည္ ယူရို (၂၅) သန္းပမာဏအထိ ဒဏ္ရိုက္ခံခဲ့ရေၾကာင္း သိရွိရပါတယ္။ စားသံုးသူမ်ားရဲ႕ အခြင့္အေရးနဲ႔ စားသံုးသူမ်ား အလိမ္ခံရျခင္းကို ကာကြယ္ေပးသည့္ ျပင္သစ္ႏိုင္ငံရွိ အဖဲြ႕အစည္းတစ္ခုက Apple ကုမၸဏီအေနျဖင့္ ၿပီးခဲ့သည့္ (၂၀၁၇) ခုႏွစ္က ယခုကိစၥကိုက်ဴးလြန္ခဲ့ေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္။

Apple ရဲ႕ တာဝန္ရွိသူမ်ားသည္လည္း သူတုိ႔ရဲ႕ iPhone အေဟာင္းမ်ားအတြင္း၌ ပါဝင္သည့္ Microchips မ်ားရဲ႕ စြမ္းေဆာင္ရည္ကို ရည္ရြယ္ခ်က္ရွိရွိကန္႔သတ္ထားၿပီး IOS Update မ်ားအတြင္း၌ Power Management Application မ်ားကို ျပန္လည္မိတ္ဆက္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။ အဆိုပါျဖစ္ရပ္ကုိ ၿပီးခဲ့သည့္ႏွစ္၌ ဖြင့္ဟဝန္ခံၿပီး ေတာင္းပန္စကားေျပာၾကားခဲ့သလို ဘက္ထရီအသစ္မ်ား ျပန္လည္လဲလွယ္ေပးျခင္းျဖင့္ Customer မ်ားကို ႏွစ္သိမ့္ခဲ့ေပမယ့္ လက္ရွိအခ်ိန္၌ အီတလီႏိုင္ငံအစိုးရရဲ႕ အေရးယူျခင္းကို ခံခဲ့ရျခင္းလည္းျဖစ္ပါတယ္။

- Advertisement -

- Advertisement -

Directorate General for Competition, Consumption and the Suppression of Fraud (DGCCRF) အဖဲြ႕အစည္းက “ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕က အစိုးရေရွ႕ေနေတြနဲ႔ သေဘာတူညီမႈရယူၿပီးေနာက္မွာေတာ့ Apple ကုမၸဏီအေနနဲ႔  သူတုိ႔ရဲ႕အျပစ္အတြက္ ယူရို (၂၅) သန္း ဒဏ္ေၾကးေပးေဆာင္ရေတာ့မွာပါ။ ကြ်န္ေတာ္တို႔အဖဲြ႕ရဲ႕ စံုစမ္းစစ္ေဆးမႈအရ Apple ကုမၸဏီဟာ သူတုိ႔ရဲ႕ IOS Updates (10.2.1 နဲ႔ 11.2)  ေတြက ဖုန္းရဲ႕စြမ္းေဆာင္ရည္ေတြကို ေႏွးေကြးေစမယ္ဆုိတဲ့အေပၚ ႀကိဳတင္အေၾကာင္းၾကားခဲ့ျခင္းမရွိပါဘူး။ ဒီ Update ေတြက (1209၂၀၁၇) ခုႏွစ္အတြင္းက ထြက္ေပၚခဲ့တာျဖစ္ၿပီး အထူးသျဖင့္ သက္တမ္းၾကာျမင့္ေနၿပီျဖစ္တဲ့ ဘက္ထရီကိုအသံုးျပဳေနဆဲ ဖုန္းေတြရဲ႕ စြမ္းေဆာင္ရည္ကို ပိုမုိေႏွးေကြးေစခဲ့ပါတယ္။” ဟု ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ယခုကဲ့သုိ႔ ျပစ္ဒဏ္က်ခံခဲ့ရသည့္အေပၚ Apple ကုမၸဏီက “ကြ်န္ေတာ္တုိ႔ရဲ႕ ရည္မွန္းခ်က္က Apple ပစၥည္းေတြအေပၚ Customer ေတြရဲ႕ စိတ္ေက်နပ္မႈကိုျဖစ္ေစၿပီး iPhone ေတြကုိ သူတုိ႔ဘဝအတြက္ အေရးပါတဲ့ အစိတ္အပိုင္းေတြထဲက တစ္ခုအျဖစ္ ကာလရွည္ဆက္ရွိေနေစဖုိ႔ပါပဲ။” ဟု ေၾကညာခ်က္ ျပန္လည္ထုတ္ျပန္ခဲ့ပါတယ္။

Apple ကုမၸဏီသည္ သူတုိ႔ရဲ႕နည္းပညာနဲ႔ လုံၿခံဳေရးဆိုင္ရာအခ်က္အလက္မ်ားကို ခ်ိဳးေဖာက္ႏိုင္သူမ်ားကို ေပါင္ (၂) ေသာင္းခဲြမွ ေပါင္ (၈) သိန္းနီးပါးအထိ ဆုေၾကးေငြမ်ားခ်ီးျမွင့္ၿပီး ကုမၸဏီရဲ႕လုိအပ္ခ်က္မ်ားကို ျပန္လည္ျပဳျပင္သည့္စနစ္ကိုလည္း ၿပီးခဲ့သည့္ (၂၀၁၆) ခုႏွစ္မွ စတင္အသံုးျပဳလ်က္ရွိေနၿပီျဖစ္ပါတယ္။

<Zawgyi Version>

 

စွမ်းဆောင်ရည်ကို နှေးကွေးစေသည့် ဆော့ဖ်ဝဲတစ်ခုကြောင့် Apple ကုမ္ပဏီသည် ယူရို (၂၅) သန်းပမာဏအထိ ဒဏ်ရိုက်ခံခဲ့ရကြောင်း သိရှိရပါတယ်။ စားသုံးသူများရဲ့ အခွင့်အရေးနဲ့ စားသုံးသူများ အလိမ်ခံရခြင်းကို ကာကွယ်ပေးသည့် ပြင်သစ်နိုင်ငံရှိ အဖွဲ့အစည်းတစ်ခုက Apple ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့် (၂၀၁၇) ခုနှစ်က ယခုကိစ္စကိုကျူးလွန်ခဲ့ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

Apple ရဲ့ တာဝန်ရှိသူများသည်လည်း သူတို့ရဲ့ iPhone အဟောင်းများအတွင်း၌ ပါဝင်သည့် Microchips များရဲ့ စွမ်းဆောင်ရည်ကို ရည်ရွယ်ချက်ရှိရှိကန့်သတ်ထားပြီး IOS Update များအတွင်း၌ Power Management Application များကို ပြန်လည်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကို ပြီးခဲ့သည့်နှစ်၌ ဖွင့်ဟဝန်ခံပြီး တောင်းပန်စကားပြောကြားခဲ့သလို ဘက်ထရီအသစ်များ ပြန်လည်လဲလှယ်ပေးခြင်းဖြင့် Customer များကို နှစ်သိမ့်ခဲ့ပေမယ့် လက်ရှိအချိန်၌ အီတလီနိုင်ငံအစိုးရရဲ့ အရေးယူခြင်းကို ခံခဲ့ရခြင်းလည်းဖြစ်ပါတယ်။

- Advertisement -

Directorate General for Competition, Consumption and the Suppression of Fraud (DGCCRF) အဖွဲ့အစည်းက “ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က အစိုးရရှေ့နေတွေနဲ့ သဘောတူညီမှုရယူပြီးနောက်မှာတော့ Apple ကုမ္ပဏီအနေနဲ့  သူတို့ရဲ့အပြစ်အတွက် ယူရို (၂၅) သန်း ဒဏ်ကြေးပေးဆောင်ရတော့မှာပါ။ ကျွန်တော်တို့အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ Apple ကုမ္ပဏီဟာ သူတို့ရဲ့ IOS Updates (10.2.1 နဲ့ 11.2)  တွေက ဖုန်းရဲ့စွမ်းဆောင်ရည်တွေကို နှေးကွေးစေမယ်ဆိုတဲ့အပေါ် ကြိုတင်အကြောင်းကြားခဲ့ခြင်းမရှိပါဘူး။ ဒီ Update တွေက (၂၀၁၇) ခုနှစ်အတွင်းက ထွက်ပေါ်ခဲ့တာဖြစ်ပြီး အထူးသဖြင့် သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ဘက်ထရီကိုအသုံးပြုနေဆဲ ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုနှေးကွေးစေခဲ့ပါတယ်။” ဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ယခုကဲ့သို့ ပြစ်ဒဏ်ကျခံခဲ့ရသည့်အပေါ် Apple ကုမ္ပဏီက “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က Apple ပစ္စည်းတွေအပေါ် Customer တွေရဲ့ စိတ်ကျေနပ်မှုကိုဖြစ်စေပြီး iPhone တွေကို သူတို့ဘဝအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုအဖြစ် ကာလရှည်ဆက်ရှိနေစေဖို့ပါပဲ။” ဟု ကြေညာချက် ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

Apple ကုမ္ပဏီသည် သူတို့ရဲ့နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာအချက်အလက်များကို ချိုးဖောက်နိုင်သူများကို ပေါင် (၂) သောင်းခွဲမှ ပေါင် (၈) သိန်းနီးပါးအထိ ဆုကြေးငွေများချီးမြှင့်ပြီး ကုမ္ပဏီရဲ့လိုအပ်ချက်များကို ပြန်လည်ပြုပြင်သည့်စနစ်ကိုလည်း ပြီးခဲ့သည့် (1209၂၀၁၆) ခုနှစ်မှ စတင်အသုံးပြုလျက်ရှိနေပြီဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Ladbible

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

thirteen − 9 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...