HomeSportယူႏိုက္တက္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားတစ္ေယာက္ကို မန္စီးတီးတို႔ႀကိဳးစားလာႏိုင္ေၾကာင္း ဖြင့္ဟလိုက္သည့္ ဒါရင္းဘန္႔။

ယူႏိုက္တက္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားတစ္ေယာက္ကို မန္စီးတီးတို႔ႀကိဳးစားလာႏိုင္ေၾကာင္း ဖြင့္ဟလိုက္သည့္ ဒါရင္းဘန္႔။

- Advertisement -

ပရီးမီးယားလိဂ္ရဲ႕ ဝါရင့္တိုက္စစ္မွဴးေဟာင္းႀကီးတစ္ဦးျဖစ္သူ ဒါရင္းဘန္႔က မန္စီးတီးအသင္းအေနျဖင့္ သူတုိ႔ရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ေပါ့ဘာကို ေခၚယူရန္ႀကိဳးစားလာပါကလည္း အံ့ၾသစရာမရွိေၾကာင္း ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ အဆိုပါ ျပင္သစ္ကြင္းလယ္ကစားသမားသည္ လက္ရွိအခ်ိန္၌ ဒဏ္ရာေၾကာင့္ အနားယူေနရၿပီး  ေဆာင္းရာသီအားလပ္ရက္၌ စပိန္ႏိုင္ငံသို႔ သြားေရာက္ေလ့က်င့္ခန္းဆင္းေနသည့္ ယူႏုိက္တက္အသင္းနဲ႔လည္း လိုက္ပါသြားခဲ့ျခင္းမရွိေၾကာင္း သိရွိရပါတယ္။

ေပါ့ဘာရဲ႕ ယူႏုိက္တက္ ကစားသမားဘဝ အနာဂတ္ကလည္း လႈပ္ခတ္လ်က္ရွိၿပီး လက္ရွိအခ်ိန္၌ ဒါရင္းဘန္႔က ေပါ့ဘာကို ေခၚယူရန္ မန္စီးတီးအသင္းႀကိဳးစားလာပါက အံ့ၾသစရာမရွိေၾကာင္း ဖြင့္ဟေျပာၾကားလိုက္ျခင္းျဖစ္ပါတယ္။ ဒါရင္းဘန္႔က “ယူႏိုက္တက္အသင္းသာ  ေပါ့ဘာကိုေရာင္းခ်ဖုိ႔ တရားဝင္ထုတ္ျပန္ေျပာဆိုခ့ဲမယ္သာဆိုရင္ သူ႔ကို ေခၚခ်င္တဲ့အသင္းေတြ အမ်ားႀကီး ၿပံဳလာပါလိမ့္မယ္။”

“လူေတြကေတာ့ ေပါ့ဘာကို ေရာင္းခ်လိုက္ရင္ဆံုးရံႈးမႈတစ္ခုလို႔ ေျပာၾကေပမယ့္ ေပါ့ဘာဘက္က ၾကည့္လုိက္ရင္ေတာ့ သူကစားခ်င္တဲ့အသင္းကို သြားပိုင္ခြင့္ရွိၿပီး ပရီးမီးယားလိဂ္က ကလပ္အသင္းအခ်ိဳ႕မွာလည္း သူကစားႏိုင္ပါတယ္။ အသက္ (၂၆) ႏွစ္ပဲရွိေသးတဲ့ ေပါ့ဘာလို ကစားသမားမ်ိဳးသာ ေစ်းကြက္ထဲေရာက္လာခဲ့ရင္ မန္စီးတီးလိုအသင္းကပါ သူ႔ကိုေခၚဖုိ႔ ႀကိဳးစားမယ္ဆိုလည္း အံ့အားသင့္စရာမရွိပါဘူး။ ေပါ့ဘာကို လီဗာပူးအသင္းမွာလည္း ျမင္ေယာင္ၾကည့္လို႔ရပါတယ္။ ေပါ့ဘာသာ ထိပ္တန္းအဆင့္ ေျခစြမ္းကို ထိန္းသိမ္းထားႏုိင္မယ္ဆိုရင္ ကမာၻေပၚက အသင္းေပါင္းမ်ားစြာမွာ သူကစားလုိ႔ရပါတယ္။” ဟု ေျပာၾကားသြားခဲ့ပါတယ္။

- Advertisement -

ေပါ့ဘာသည္ လက္ရွိေဘာလံုးရာသီ၌ ဒဏ္ရာျပႆနာမ်ားနဲ႔ ရုန္းကန္ေနရသည့္ ကစားသမားတစ္ဦးျဖစ္ေပမယ့္ ပါဝင္ကစားထားသည့္ (၈) ပဲြ၌ ဂိုးဖန္တီးမႈ (၂) ႀကိမ္ ျပဳလုပ္ေပးထားႏိုင္သည့္ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

 

ပရီးမီးယားလိဂ်ရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်းကြီးတစ်ဦးဖြစ်သူ ဒါရင်းဘန့်က မန်စီးတီးအသင်းအနေဖြင့် သူတို့ရဲ့မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူရန်ကြိုးစားလာပါကလည်း အံ့သြစရာမရှိကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဆိုပါ ပြင်သစ်ကွင်းလယ်ကစားသမားသည် လက်ရှိအချိန်၌ ဒဏ်ရာကြောင့် အနားယူနေရပြီး  ဆောင်းရာသီအားလပ်ရက်၌ စပိန်နိုင်ငံသို့ သွားရောက်လေ့ကျင့်ခန်းဆင်းနေသည့် ယူနိုက်တက်အသင်းနဲ့လည်း လိုက်ပါသွားခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။

ပေါ့ဘာရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ်ကလည်း လှုပ်ခတ်လျက်ရှိပြီး လက်ရှိအချိန်၌ ဒါရင်းဘန့်က ပေါ့ဘာကို ခေါ်ယူရန် မန်စီးတီးအသင်းကြိုးစားလာပါက အံ့သြစရာမရှိကြောင်း ဖွင့်ဟပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ ဒါရင်းဘန့်က “ယူနိုက်တက်အသင်းသာ  ပေါ့ဘာကိုရောင်းချဖို့ တရားဝင်ထုတ်ပြန်ပြောဆိုခဲ့မယ်သာဆိုရင် သူ့ကို ခေါ်ချင်တဲ့အသင်းတွေ အများကြီး ပြုံလာပါလိမ့်မယ်။”

“လူတွေကတော့ ပေါ့ဘာကို ရောင်းချလိုက်ရင်ဆုံးရှုံးမှုတစ်ခုလို့ ပြောကြပေမယ့် ပေါ့ဘာဘက်က ကြည့်လိုက်ရင်တော့ သူကစားချင်တဲ့အသင်းကို သွားပိုင်ခွင့်ရှိပြီး ပရီးမီးယားလိဂ်က ကလပ်အသင်းအချို့မှာလည်း သူကစားနိုင်ပါတယ်။ အသက် (၂၆) နှစ်ပဲရှိသေးတဲ့ ပေါ့ဘာလို ကစားသမားမျိုးသာ စျေးကွက်ထဲရောက်လာခဲ့ရင် မန်စီးတီးလိုအသင်းကပါ သူ့ကိုခေါ်ဖို့ ကြိုးစားမယ်ဆိုလည်း အံ့အားသင့်စရာမရှိပါဘူး။ ပေါ့ဘာကို လီဗာပူးအသင်းမှာလည်း မြင်ယောင်ကြည့်လို့ရပါတယ်။ ပေါ့ဘာသာ ထိပ်တန်းအဆင့် ခြေစွမ်းကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကမ္ဘာပေါ်က အသင်းပေါင်းများစွာမှာ သူကစားလို့ရပါတယ်။” ဟု ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဘာသည် လက်ရှိဘောလုံးရာသီ၌ ဒဏ်ရာပြဿနာများနဲ့ ရုန်းကန်နေရသည့် ကစားသမားတစ်ဦးဖြစ်ပေမယ့် ပါဝင်ကစားထားသည့် (၈) ပွဲ၌ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

<Unicode Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...