HomeTechေအာ္စကာဆုေပးပဲြ၌ Galaxy Z Flip ဖုန္းအသစ္ကို အျမည္းေကြ်းသြားသည့္ Samsung

ေအာ္စကာဆုေပးပဲြ၌ Galaxy Z Flip ဖုန္းအသစ္ကို အျမည္းေကြ်းသြားသည့္ Samsung

- Advertisement -

Samsung ကုမၸဏီသည္ အသစ္ထြက္ရွိလာမည့္ Galaxy Z Flip ဖုန္းအသစ္ေၾကာ္ျငာကို ယေန႔မနက္ခင္းအေစာပိုင္း၌ က်င္းပျပဳလုပ္ခဲ့သည့္ ေအာ္စကာဆုေပးပဲြ၌ ထည့္သြင္းေၾကညာသြားခဲ့ေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ အဆိုပါေၾကာ္ျငာသည္ Samsung ခ်စ္သူမ်ားအတြက္ အျမည္းသာရွိေသးၿပီး ရက္အနည္းငယ္အၾကာမွသာ နယူးေယာ့ခ္ၿမိဳ႕၌ Samsung က တရားဝင္အတည္ျပဳ ေၾကညာသြားမွာျဖစ္ပါတယ္။

(၁၅) စကၠန္႔သာၾကာျမင့္သည့္ အဆုိပါေၾကာ္ျငာဗီဒီယုိ၌ Samsung ရဲ႕ Galaxy Z Flip ဖုန္းကို အသြင္သစ္၊ အျမင္သစ္ျဖင့္ ေတြ႕ျမင္ခဲ့ရၿပီး ဖုန္းကိုေခါက္လ်က္သားအေနအထားရဲ႕ ေအာက္ပိုင္းတစ္ဝက္၌ ဓာတ္ပံုရိုက္ရန္ မ်က္ႏွာျပင္ပါဝင္သလို အေပၚပိုင္းတစ္ဝက္၌ အေသအခ်ာဓာတ္ပံုရိုက္ယူမည့္ ပံုရိပ္ကိုျပသထားပါတယ္။ ေၾကာ္ျငာအစပိုင္း၌ ဖုန္းကို သဘာဝအတုိင္းျမင္ရသည့္ျမင္ကြင္းရဲ႕ အဓိကေနရာ၌တြန္႔သြားမည္ကို ျမင္ေကာင္းျမင္ရႏိုင္ေၾကာင္း ေရးသားထားသည္ကုိလည္း ပရိသတ္မ်ား ျမင္ေတြ႕ခဲ့ရပါတယ္။

- Advertisement -

လက္ရွိထြက္ေပၚေနေသာသတင္းမ်ားအရ Galaxy Z Flip ဖုန္းရဲ႕မ်က္ႏွာျပင္သည္ (၆.၇) လက္မရွိႏိုင္သလို အေနာက္ဘက္ရွိကင္မရာႏွစ္လံုးသည္လည္း (12) Megapixel ရွိႏုိင္ၿပီး ဘက္ထရီႏွစ္လံုးနဲ႔ Processor မွာမူ Qualcomm Snapdragon 855 Plus အထိ ရွိႏိုင္ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚေနပါတယ္။ Samsung သည္ Galaxy Z Flip ဖုန္းတစ္မ်ိဳးတည္းကိုသာ မိတ္ဆက္ျပသသြားမည္မဟုတ္ဘဲ Galaxy S20 ဖုန္းမ်ိဳးဆက္မ်ားနဲ႔ပတ္သက္သည့္ အေၾကာင္းအရာမ်ားကိုပါ မိတ္ဆက္သြားရန္ ျပင္ဆင္ထားပါတယ္။

- Advertisement -

အသစ္ထြက္ရွိလာမည့္ Samsung ဖုန္းမ်ား၌ 5G အသံုးျပဳႏိုင္မည္ျဖစ္ၿပီး 120Hz ရွိသည့္ Refresh Rate OLED မ်က္ႏွာျပင္နဲ႔ (108) Megapixel ရွိသည့္ ကင္မရာမ်ားပါဝင္လာဖြယ္ရွိပါတယ္။ ယခုထြက္ေပၚေနေသာ သတင္းမ်ားအရ အသစ္ထြက္ရွိလာမည့္ Galaxy Z Flip ဖုန္းသည္ ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္က ထြက္ရွိခဲ့သည့္ ေဒၚလာ (၁,၉၈၀) တန္ Galaxy Fold ထက္ ပိုမိုေစ်းသက္သာဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

 

Samsung ကုမ္ပဏီသည် အသစ်ထွက်ရှိလာမည့် Galaxy Z Flip ဖုန်းအသစ်ကြော်ငြာကို ယနေ့မနက်ခင်းအစောပိုင်း၌ ကျင်းပပြုလုပ်ခဲ့သည့် အော်စကာဆုပေးပွဲ၌ ထည့်သွင်းကြေညာသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် အဆိုပါကြော်ငြာသည် Samsung ချစ်သူများအတွက် အမြည်းသာရှိသေးပြီး ရက်အနည်းငယ်အကြာမှသာ နယူးယော့ခ်မြို့၌ Samsung က တရားဝင်အတည်ပြု ကြေညာသွားမှာဖြစ်ပါတယ်။

(၁၅) စက္ကန့်သာကြာမြင့်သည့် အဆိုပါကြော်ငြာဗီဒီယို၌ Samsung ရဲ့ Galaxy Z Flip ဖုန်းကို အသွင်သစ်၊ အမြင်သစ်ဖြင့် တွေ့မြင်ခဲ့ရပြီး ဖုန်းကိုခေါက်လျက်သားအနေအထားရဲ့ အောက်ပိုင်းတစ်ဝက်၌ ဓာတ်ပုံရိုက်ရန် မျက်နှာပြင်ပါဝင်သလို အပေါ်ပိုင်းတစ်ဝက်၌ အသေအချာဓာတ်ပုံရိုက်ယူမည့် ပုံရိပ်ကိုပြသထားပါတယ်။ ကြော်ငြာအစပိုင်း၌ ဖုန်းကို သဘာဝအတိုင်းမြင်ရသည့်မြင်ကွင်းရဲ့ အဓိကနေရာ၌တွန့်သွားမည်ကို မြင်ကောင်းမြင်ရနိုင်ကြောင်း ရေးသားထားသည်ကိုလည်း ပရိသတ်များ မြင်တွေ့ခဲ့ရပါတယ်။

လက်ရှိထွက်ပေါ်နေသောသတင်းများအရ Galaxy Z Flip ဖုန်းရဲ့မျက်နှာပြင်သည် (၆.၇) လက်မရှိနိုင်သလို အနောက်ဘက်ရှိကင်မရာနှစ်လုံးသည်လည်း (12) Megapixel ရှိနိုင်ပြီး ဘက်ထရီနှစ်လုံးနဲ့ Processor မှာမူ Qualcomm Snapdragon 855 Plus အထိ ရှိနိုင်ကြောင်းလည်း သတင်းများထွက်ပေါ်နေပါတယ်။ Samsung သည် Galaxy Z Flip ဖုန်းတစ်မျိုးတည်းကိုသာ မိတ်ဆက်ပြသသွားမည်မဟုတ်ဘဲ Galaxy S20 ဖုန်းမျိုးဆက်များနဲ့ပတ်သက်သည့် အကြောင်းအရာများကိုပါ မိတ်ဆက်သွားရန် ပြင်ဆင်ထားပါတယ်။

အသစ်ထွက်ရှိလာမည့် Samsung ဖုန်းများ၌ 5G အသုံးပြုနိုင်မည်ဖြစ်ပြီး 120Hz ရှိသည့် Refresh Rate OLED မျက်နှာပြင်နဲ့ (108) Megapixel ရှိသည့် ကင်မရာများပါဝင်လာဖွယ်ရှိပါတယ်။ ယခုထွက်ပေါ်နေသော သတင်းများအရ အသစ်ထွက်ရှိလာမည့် Galaxy Z Flip ဖုန်းသည် ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်က ထွက်ရှိခဲ့သည့် ဒေါ်လာ (၁,၉၈၀) တန် Galaxy Fold ထက် ပိုမိုစျေးသက်သာဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ CNet

#HM(1209Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

Must Read