HomeSportလာမယ့္ေႏြရာသီအေျပာင္းအေရႊ႕၌ လီဗာပူးအသင္းပစ္မွတ္ထားေနသည့္ အဓိက ကစားသမား။

လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕၌ လီဗာပူးအသင္းပစ္မွတ္ထားေနသည့္ အဓိက ကစားသမား။

- Advertisement -

လီဗာပူးအသင္းသည္ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕၌ ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူရန္ ပစ္မွတ္ထားလ်က္ရွိေၾကာင္း သိရွိရပါတယ္။ လီဗာပူးအသင္းသည္ လက္ရွိအခ်ိန္၌ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိရန္ လက္တစ္ကမ္းအကြာသို႔ ေရာက္ရွိေနၿပီး နည္းျပယာဂင္ကေလာ့ပ္က လာမယ့္ေဘာလံုးရာသီမ်ား၌ အသင္းရဲ႕ေအာင္ျမင္မႈကို ဆက္လက္ထိန္းသိမ္းႏိုင္ရန္အတြက္ အသင္းကို နာမည္ေက်ာ္ကစားသမားမ်ားျဖင့္ အင္အားျဖည့္တင္းရန္ ျပင္ဆင္ေနျခင္းျဖစ္ပါတယ္။

ေနာ္ေဝတီဗီတစ္ခု၏ ေဖာ္ျပခ်က္အရ လီဗာပူးအသင္းသည္ လာမယ့္ (၂၀၂၂) ခုႏွစ္ေႏြရာသီ၌ ေဒါ့မြန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမည့္ ဆန္ခ်ိဳရဲ႕ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရွိရပါတယ္။ အဆိုပါအဂၤလန္ေတာင္ပံကစားသမားေလးသည္လည္း ပရီးမီးယားလိဂ္ကို ျပန္လာရန္ဆႏၵရွိေနၿပီး လာမယ့္ေႏြရာသီ၌ ေဒါ့မြန္အသင္းကို စြန္႔ခြာရန္ စဥ္းစားဖြယ္ရွိေနပါတယ္။

အသက္ (၁၉) ႏွစ္အရြယ္ ဆန္ခ်ိဳကို ေခၚယူရန္အတြက္ မန္ခ်က္စတာၿမိဳ႕ခံကလပ္ ယူႏိုက္တက္အသင္းကလည္း အသည္းအသန္စိတ္ဝင္စားခဲ့ဖူးၿပီး ၿပီးခဲ့သည့္ေႏြရာသီ အေျပာင္းအေရႊ႕၌ ဆန္ခ်ိဳအတြက္ ကမ္းလွမ္းမႈမ်ား ျပဳလုပ္ခဲ့ေပမယ့္ ေဒါ့မြန္အသင္းဘက္က ျငင္းဆန္ပယ္ခ်ခဲ့ျခင္းေၾကာင့္ အေျပာင္းအေရႊ႕ပ်က္ျပယ္ခဲ့ရျခင္းျဖစ္ပါတယ္။

- Advertisement -

ေဒါ့မြန္အသင္းက ဆန္ခ်ိဳအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၂၆) သန္းအထိ သတ္မွတ္ထားဖြယ္ရွိၿပီး လီဗာပူးအသင္းအေနျဖင့္ ဆန္ခ်ိဳကိုေခၚယူႏိုင္ရန္ ေျပာင္းေရႊ႕ေၾကးအနည္းဆံုး ေပါင္သန္း (၁၀၀) အသံုးျပဳရဖြယ္ရွိေနပါတယ္။

- Advertisement -

<Zawgyi Version>

 

လီဗာပူးအသင်းသည် လာမယ့်နွေရာသီအပြောင်းအရွှေ့၌ ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရှိရပါတယ်။ လီဗာပူးအသင်းသည် လက်ရှိအချိန်၌ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီး နည်းပြယာဂင်ကလော့ပ်က လာမယ့်ဘောလုံးရာသီများ၌ အသင်းရဲ့အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အသင်းကို နာမည်ကျော်ကစားသမားများဖြင့် အင်အားဖြည့်တင်းရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။

နော်ဝေတီဗီတစ်ခု၏ ဖော်ပြချက်အရ လီဗာပူးအသင်းသည် လာမယ့် (၂၀၂၂) ခုနှစ်နွေရာသီ၌ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမည့် ဆန်ချိုရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါအင်္ဂလန်တောင်ပံကစားသမားလေးသည်လည်း ပရီးမီးယားလိဂ်ကို ပြန်လာရန်ဆန္ဒရှိနေပြီး လာမယ့်နွေရာသီ၌ ဒေါ့မွန်အသင်းကို စွန့်ခွာရန် စဉ်းစားဖွယ်ရှိနေပါတယ်။

အသက် (၁၉) နှစ်အရွယ် ဆန်ချိုကို ခေါ်ယူရန်အတွက် မန်ချက်စတာမြို့ခံကလပ် ယူနိုက်တက်အသင်းကလည်း အသည်းအသန်စိတ်ဝင်စားခဲ့ဖူးပြီး ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့၌ ဆန်ချိုအတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပေမယ့် ဒေါ့မွန်အသင်းဘက်က ငြင်းဆန်ပယ်ချခဲ့ခြင်းကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရခြင်းဖြစ်ပါတယ်။

ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၂၆) သန်းအထိ သတ်မှတ်ထားဖွယ်ရှိပြီး လီဗာပူးအသင်းအနေဖြင့် ဆန်ချိုကိုခေါ်ယူနိုင်ရန် ပြောင်းရွှေ့ကြေးအနည်းဆုံး ပေါင်သန်း (၁၀၀) အသုံးပြုရဖွယ်ရှိနေပါတယ်။

<Unicode Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...