HomeSportအံ့အားသင့်ဖွယ်ရာ တိုက်စစ်မှူးတစ်ယောက်ကို စိတ်ဝင်စားလာပြန်သည့် ယူနိုက်တက်။

အံ့အားသင့်ဖွယ်ရာ တိုက်စစ်မှူးတစ်ယောက်ကို စိတ်ဝင်စားလာပြန်သည့် ယူနိုက်တက်။

- Advertisement -




- Advertisement -

<Zawgyi Version>

- Advertisement -

Source ~ Sportsmole

#HM(1209Soshwe)

#SoshweSport


#Like&Share

 

 

ယူနိုက်တက်အသင်းသည် လက်ရှိဆောင်းရာသီအပြောင်းအရွှေ့မပြီးဆုံးခင်၌ ဖီနာဘာချီအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဗီဒက်မူကီရီကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း သိရှိရပါတယ်။ တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ် ဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် သတင်းထွက်ပေါ်လာပြီးနောက် ယူနိုက်တက်အသင်းအနေဖြင့် တိုက်စစ်မှူးပေါင်းများစွာကို ခေါ်ယူရန် ပစ်မှတ်ထားနေပြီး လက်ရှိအချိန်၌ မူကီရီနဲ့ပါ သတင်းများထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

- Advertisement -

ယူနိုက်တက်အသင်းအနေဖြင့် လူကာဂျိုဗစ်၊ အီဂါလို၊ ဆလီမန်နီတို့ကဲ့သို့ တိုက်စစ်မှူးများနဲ့ပါ သတင်းတွေထွက်ပေါ်နေပြီး Fotospor ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းအနေဖြင့် မူကီရီကို ခေါ်ယူရန်အတွက် ချဉ်းကပ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါကိုဆိုဗိုလက်ရွေးစင်ကစားသမားသည် လက်ရှိဘောလုံးရာသီ၌ ဖီနာဘာချီအသင်းအတွက် (၁၈) ပွဲကစားပြီးချိန်မှာ (၁၂) ဂိုးသွင်းယူပေးထားသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဖီနာဘာချီအသင်းအနေဖြင့် လက်ရှိအချိန်၌ အမှတ်ပေးချန်ပီယံဆုရရှိရန် တိုက်ပွဲဝင်နေပြီး ယခုကဲ့သို့ ရာသီဝက်ကာလ၌ မူကီရီကို လက်လွှတ်ခံရန် ခက်ခဲဖွယ်ရှိပါတယ်။ ဒါ့အပြင် မူကီရီနဲ့ ဖီနာဘာချီအသင်းတို့အကြား စာချုပ်သက်တမ်းကလည်း (၃) နှစ်ခွဲကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။

<Unicode Version>

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...