HomeEntertainmentJustin Bieber ကို Gym ခန္းမထဲမွ ေမာင္းထုတ္ရန္ ႀကိဳးစားခဲ့သည့္ Taylor Swift

Justin Bieber ကို Gym ခန္းမထဲမွ ေမာင္းထုတ္ရန္ ႀကိဳးစားခဲ့သည့္ Taylor Swift

- Advertisement -

ကမာၻေက်ာ္ေပါ့ပ္အဆိုေတာ္ႏွစ္ဦးျဖစ္သည့္ Justin Bieber နဲ႔ Taylor Swift တို႔အၾကား မေခ်မငံ ဇာတ္လမ္းမ်ားရွိခဲ့ၿပီး Justin ရဲ႕ မန္ေနဂ်ာျဖစ္သူ Scooter Braun ကလည္း Taylor ရဲ႕ ကာလရွည္ ရန္သူျဖစ္ခဲ့ပါတယ္။ Scooter အေနျဖင့္ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ႏွစ္ေယာက္နဲ႔အတူ သူမကို အြန္လိုင္းေပၚမွတစ္ဆင့္ အႏိုင္က်င့္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္ေႏြရာသီ၌ Taylor က ဓာတ္ပံုနဲ႔တကြ လူသိရွင္ၾကားေရးသားခဲ့ပါတယ္။

- Advertisement -

Taylor ေဖာ္ျပခဲ့သည့္ အဆုိပါဓာတ္ပံု၌ Justin လည္း ပါဝင္ေနၿပီး ၿပီးခဲ့သည့္လအနည္းငယ္က က်င္းပခဲ့သည့္ AMAs ပြဲ၌လည္း Taylor ကို ေဖ်ာ္ေျဖခြင့္မရရွိေအာင္ Scooter က ႀကိဳးပမ္းခဲ့ေၾကာင္း ကာယကံရွင္ျဖစ္သူ Taylor ကိုယ္တိုင္က စြပ္စဲြေျပာၾကားခဲ့ပါေသးတယ္။ ဒါေပမယ့္ Justin ကလည္း သူ႔ရဲ႕ မန္ေနဂ်ာဖက္မွ ျပန္လည္ကာကြယ္ေပးခဲ့ၿပီး Taylor နဲ႔ Justin တို႔ႏွစ္ဦးၾကား ဆက္ဆံေရးအဆင္မေျပမႈမ်ားရွိခဲ့ၾကပါတယ္။

- Advertisement -

ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္းကလည္း Taylor က Gym ခန္းမကို Private Session အျဖစ္ ငွားရမ္းခဲ့ၿပီး Taylor တစ္ေယာက္ Gym ကစားမည့္အခ်ိန္၌ Gym ခန္းမအတြင္းရွိလူမ်ားအားလံုး ထြက္ခြာေပးရမည္ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ တိုက္ဆိုင္စြာနဲ႔ Justin က Taylor ကစားမည့္ Gym ၌ ကစားေနခဲ့ၿပီး “Justin ရဲ႕ လံုၿခံဳေရးအဖဲြ႕ကို ခ်ဥ္းကပ္ၿပီး သူတုိ႔ကို ဒီခန္းမထဲက ထြက္သြားဖို႔  ေျပာခဲ့ပါတယ္။ ဒါေပမယ့္ Justin ရဲ႕ အဖဲြ႕ကေတာ့ ဒီအေျခအေနကို ခပ္တင္းတင္းပဲ ျပန္လည္တံု႔ျပန္ခဲ့ၿပီး  ေလ့က်င့္ခန္းၿပီးေအာင္လုပ္ၿပီးမွ Gym ခန္းထဲက ဖယ္ေပးႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။” ဟု သတင္းရင္းျမစ္မ်ားရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

- Advertisement -

ေနာက္ထပ္ သတင္းရင္းျမစ္တစ္ခုကလည္း “Taylor က ဘာျဖစ္လို႔ Gym ခန္းထဲက လူေတြကို ဒီလိုမ်ိဳး ရွင္းထုတ္ေနလဲဆိုတာကို Justin က နားလည္ေပးႏိုင္တဲ့ပံုမေပၚပါဘူး။ ဒီ Gym ခန္းထဲမွာ Justin ရွိေနတာကို သူမသိတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။” ဟု ေဖာ္ျပခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

ကမ္ဘာကျော်ပေါ့ပ်အဆိုတော်နှစ်ဦးဖြစ်သည့် Justin Bieber နဲ့ Taylor Swift တို့အကြား မချေမငံ ဇာတ်လမ်းများရှိခဲ့ပြီး Justin ရဲ့ မန်နေဂျာဖြစ်သူ Scooter Braun ကလည်း Taylor ရဲ့ ကာလရှည် ရန်သူဖြစ်ခဲ့ပါတယ်။ Scooter အနေဖြင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်နဲ့အတူ သူမကို အွန်လိုင်းပေါ်မှတစ်ဆင့် အနိုင်ကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်နွေရာသီ၌ Taylor က ဓာတ်ပုံနဲ့တကွ လူသိရှင်ကြားရေးသားခဲ့ပါတယ်။

Taylor ဖော်ပြခဲ့သည့် အဆိုပါဓာတ်ပုံ၌ Justin လည်း ပါဝင်နေပြီး ပြီးခဲ့သည့်လအနည်းငယ်က ကျင်းပခဲ့သည့် AMAs ပွဲ၌လည်း Taylor ကို ဖျော်ဖြေခွင့်မရရှိအောင် Scooter က ကြိုးပမ်းခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ Taylor ကိုယ်တိုင်က စွပ်စွဲပြောကြားခဲ့ပါသေးတယ်။ ဒါပေမယ့် Justin ကလည်း သူ့ရဲ့ မန်နေဂျာဖက်မှ ပြန်လည်ကာကွယ်ပေးခဲ့ပြီး Taylor နဲ့ Justin တို့နှစ်ဦးကြား ဆက်ဆံရေးအဆင်မပြေမှုများရှိခဲ့ကြပါတယ်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း Taylor က Gym ခန်းမကို Private Session အဖြစ် ငှားရမ်းခဲ့ပြီး Taylor တစ်ယောက် Gym ကစားမည့်အချိန်၌ Gym ခန်းမအတွင်းရှိလူများအားလုံး ထွက်ခွာပေးရမည်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တိုက်ဆိုင်စွာနဲ့ Justin က Taylor ကစားမည့် Gym ၌ ကစားနေခဲ့ပြီး “Justin ရဲ့ လုံခြုံရေးအဖွဲ့ကို ချဉ်းကပ်ပြီး သူတို့ကို ဒီခန်းမထဲက ထွက်သွားဖို့  ပြောခဲ့ပါတယ်။ ဒါပေမယ့် Justin ရဲ့ အဖွဲ့ကတော့ ဒီအခြေအနေကို ခပ်တင်းတင်းပဲ ပြန်လည်တုံ့ပြန်ခဲ့ပြီး  လေ့ကျင့်ခန်းပြီးအောင်လုပ်ပြီးမှ Gym ခန်းထဲက ဖယ်ပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။” ဟု သတင်းရင်းမြစ်များရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

နောက်ထပ် သတင်းရင်းမြစ်တစ်ခုကလည်း “Taylor က ဘာဖြစ်လို့ Gym ခန်းထဲက လူတွေကို ဒီလိုမျိုး ရှင်းထုတ်နေလဲဆိုတာကို Justin က နားလည်ပေးနိုင်တဲ့ပုံမပေါ်ပါဘူး။ ဒီ Gym ခန်းထဲမှာ Justin ရှိနေတာကို သူမသိတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။” ဟု ဖော်ပြခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ Cosmopolitan

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

1 COMMENT

Must Read