Kylie Jenner သည္ သူမရဲ႕သမီးေလးျဖစ္သူ Stormi Webster ရဲ႕ ေမြးေန႔ကို ရည္ရြယ္ၿပီး Kylie ရဲ႕ ကုန္ပစၥည္းသစ္ကို ထုတ္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ေသာၾကာေန႔က အတည္ျပဳေၾကညာခဲ့ပါတယ္။ ခ်စ္သူေဟာင္း Travis Scott နဲ႔ရရွိခဲ့သည့္ Kylie ရဲ႕ သမီးေလး Stormi သည္ မၾကာမီရက္ပိုင္းအတြင္း အသက္ (၂) ႏွစ္ျပည့္ေျမာက္မည္ျဖစ္ၿပီး Kylie Jenner ရဲ႕ မိခင္ျဖစ္သူကလည္း သူမရဲ႕ေျမးအတြက္ ခ်စ္စရာ အိမ္ငယ္ေလးတစ္လံုးကို Stormi အတြက္ ေမြးေန႔လက္ေဆာင္အျဖစ္ ႀကိဳတင္ေပးထားခဲ့ၿပီးျဖစ္ပါတယ္။
https://www.instagram.com/p/B7cVowlHGdp/?utm_source=ig_embed
Kylie က သူမရဲ႕ အင္စတာဂရမ္မွတစ္ဆင့္ “ကြ်န္မ ကိုယ္ဝန္စရွိၿပီဆိုတဲ့ေန႔တည္းက ဒီလိုအခိုက္အတန္႔မ်ိဳးကို ေစာင့္ဆိုင္းခဲ့ရတာပါ။” ဟု ေရးသားခဲ့ပါတယ္။ ဆက္လက္၍လည္း Kylie က “အခု Kylie Cosmetics က ထြက္ရွိလာမယ့္ ကုန္ပစၥည္းသစ္ေတြက ကြ်န္မရဲ႕အရမ္းကိုလွပတဲ့ သမီးေလးအတြက္ ရည္ရြယ္ထုတ္လုပ္ထားတာျဖစ္ၿပီး ဒီပစၥည္းသစ္ေတြ ထြက္ရွိလာဖို႔ ကြ်န္မ မေစာင့္ႏိုင္ေတာ့ပါဘူး။ ရွင္တို႔လည္း ဒါေတြကို သေဘာက်မွာပါ။ Stormi Collection ကလာမယ့္ ေဖေဖာ္ဝါရီလ (၂) ရက္ေန႔မွာ ထြက္လာပါလိမ့္မယ္။” ဟု ေရးသားခဲ့ေၾကာင္း သိရွိရပါတယ္။
https://www.instagram.com/p/B61P0vUn_9z/?utm_source=ig_embed
အဆိုပါ Collection အတြက္ သမီးျဖစ္သူနဲ႔အတူ တဲြဖက္သရုပ္ေဆာင္ထားသည့္ ဗီဒီယိုတစ္ခုကိုလည္း Kylie Jenner ရဲ႕ အင္စတာဂရမ္အေကာင့္၌ တင္ထားခဲ့ၿပီး Stormi ရဲ႕ ဖခင္ျဖစ္သူ အသက္ (၂၇) ႏွစ္အရြယ္ Travis Scott က အဆိုပါ ဗီဒီယိုရဲ႕ Comment Box ၌ အသည္းပံု Emoji ႏွစ္ခု ေပးသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။
<Zawgyi Version>
Kylie Jenner သည် သူမရဲ့သမီးလေးဖြစ်သူ Stormi Webster ရဲ့ မွေးနေ့ကို ရည်ရွယ်ပြီး Kylie ရဲ့ ကုန်ပစ္စည်းသစ်ကို ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် သောကြာနေ့က အတည်ပြုကြေညာခဲ့ပါတယ်။ ချစ်သူဟောင်း Travis Scott နဲ့ရရှိခဲ့သည့် Kylie ရဲ့ သမီးလေး Stormi သည် မကြာမီရက်ပိုင်းအတွင်း အသက် (၂) နှစ်ပြည့်မြောက်မည်ဖြစ်ပြီး Kylie Jenner ရဲ့ မိခင်ဖြစ်သူကလည်း သူမရဲ့မြေးအတွက် ချစ်စရာ အိမ်ငယ်လေးတစ်လုံးကို Stormi အတွက် မွေးနေ့လက်ဆောင်အဖြစ် ကြိုတင်ပေးထားခဲ့ပြီးဖြစ်ပါတယ်။
https://www.instagram.com/p/B7cVowlHGdp/?utm_source=ig_embed
Kylie က သူမရဲ့ အင်စတာဂရမ်မှတစ်ဆင့် “ကျွန်မ ကိုယ်ဝန်စရှိပြီဆိုတဲ့နေ့တည်းက ဒီလိုအခိုက်အတန့်မျိုးကို စောင့်ဆိုင်းခဲ့ရတာပါ။” ဟု ရေးသားခဲ့ပါတယ်။ ဆက်လက်၍လည်း Kylie က “အခု Kylie Cosmetics က ထွက်ရှိလာမယ့် ကုန်ပစ္စည်းသစ်တွေက ကျွန်မရဲ့အရမ်းကိုလှပတဲ့ သမီးလေးအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ဒီပစ္စည်းသစ်တွေ ထွက်ရှိလာဖို့ ကျွန်မ မစောင့်နိုင်တော့ပါဘူး။ ရှင်တို့လည်း ဒါတွေကို သဘောကျမှာပါ။ Stormi Collection ကလာမယ့် ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ ထွက်လာပါလိမ့်မယ်။” ဟု ရေးသားခဲ့ကြောင်း သိရှိရပါတယ်။
https://www.instagram.com/p/B61P0vUn_9z/?utm_source=ig_embed
အဆိုပါ Collection အတွက် သမီးဖြစ်သူနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားသည့် ဗီဒီယိုတစ်ခုကိုလည်း Kylie Jenner ရဲ့ အင်စတာဂရမ်အကောင့်၌ တင်ထားခဲ့ပြီး Stormi ရဲ့ ဖခင်ဖြစ်သူ အသက် (၂၇) နှစ်အရွယ် Travis Scott က အဆိုပါ ဗီဒီယိုရဲ့ Comment Box ၌ အသည်းပုံ Emoji နှစ်ခု ပေးသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
Source ~ PEOPLE Magazine
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share