HomeSportကမ္ဘာ့ဘောလုံးအကျော်အမော်တစ်ဦးဖြစ်သူ နေမာနဲ့ PSG အသင်းတို့ရဲ့ နောက်ဆုံးရသတင်း။

ကမ္ဘာ့ဘောလုံးအကျော်အမော်တစ်ဦးဖြစ်သူ နေမာနဲ့ PSG အသင်းတို့ရဲ့ နောက်ဆုံးရသတင်း။

- Advertisement -




- Advertisement -

<Zawgyi Version>

- Advertisement -

 

ပြင်သစ်လီဂူးကလပ် PSG အသင်းသည် အဓိကကစားသမားဖြစ်သူ နေမာကို စာချုပ်သစ်ချုပ်ဆိုရန် ပြန်လည်ဆွေးနွေးနေကြောင်း သိရှိရပါတယ်။ အသက် (၂၇) နှစ်အရွယ် အဆိုပါ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးသည် ပြီးခဲ့သည့် (၂၀၁၇) ခုနှစ်နွေရာသီ၌ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌မူ အသင်းဟောင်း ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် သတင်းများထွက်ပေါ်နေသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ နေမာသည် လက်ရှိအချိန်၌ ပဲရစ်မြို့တွင် ပျော်ရွှင်နေပြီး ကလပ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုရန် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘာစီလိုနာအသင်းက နေမာကို ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ပြီး ဘာစီလိုနာအသင်းအနေဖြင့် နေမာအတွက် ပိုမိုများပြားသော ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာဖွယ်ရှိပါတယ်။

နေမာသည် PSG အသင်းကိုစတင်ရောက်ရှိချိန်မှစ၍ အသင်းအတွက် (၇၃) ပွဲကစားပေးထားပြီး (၆၄) ဂိုးသွင်းယူပေးထားသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် နေမာရဲ့ PSG အသင်းက  နောက်ဆုံးနှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆) သင်းရှုံးထွက်အဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ခြင်းကြောင့်  နေမာ၊ အမ်ဘာပေတို့ကဲ့သို့ ကြယ်ပွင့်ကစားသမားများကို လက်လွှတ်ခံရဖွယ်ရှိကြောင်း သတင်းများက  ဖော်ပြနေကြပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

- Advertisement -

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

9 + 16 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...