HomeSportကာလရွည္အနားယူရေတာ့မည့္ ယူႏိုက္တက္အသင္းရဲ႕ အဓိကၾကယ္ပြင့္ကစားသမား။

ကာလရွည္အနားယူရေတာ့မည့္ ယူႏိုက္တက္အသင္းရဲ႕ အဓိကၾကယ္ပြင့္ကစားသမား။

- Advertisement -

ယူႏိုက္တက္အသင္းရဲ႕ အဓိကတိုက္စစ္မွဴးျဖစ္သူ ရပ္ရွ္ဖို႔ဒ္သည္ အနည္းဆံုး (၆) ပတ္ အနားယူရေတာ့မည္ျဖစ္ေၾကာင္း နည္းျပဆိုးလ္ရွားက အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဝုလ္ဗ္အသင္းကို အႏိုင္ရရွိခဲ့သည့္ FA ဖလားျပန္ကန္ပဲြစဥ္၌ ရပ္ရွ္ဖုိ႔ဒ္ကလူစားဝင္ကစားခဲ့ၿပီး ၿပိဳင္ဘက္ကစားသမားနဲ႔ ထိခိုက္မိခဲ့ျခင္းေၾကာင့္ ယခုကဲ့သို႔ ေက်ာရုိးဒဏ္ရာရရွိခဲ့ျခင္းျဖစ္ပါတယ္။

အသက္ (၂၂) ႏွစ္အရြယ္ အဆိုပါအဂၤလန္လက္ေရြးစင္တိုက္စစ္မွဴးသည္ တနဂၤေႏြေန႔က ကစားခဲ့သည့္ လီဗာပူးအသင္းနဲ႔ ယူႏိုက္တက္အသင္းတုိ႔ပဲြစဥ္ကိုလည္း လဲြေခ်ာ္ခဲ့ရပါတယ္။ ရပ္ရွ္ဖို႔္ဒ္ရဲ႕ဒဏ္ရာ​နဲ႔ ပတ္သက္၍ နည္းျပဆိုးလ္ရွားက “ရပ္ရွ္ဖို႔ဒ္က ဆိုးရြားတဲ့ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး တကယ္ကို စိတ္ဖိစီးစရာပါ။”

- Advertisement -

“ဝုလ္ဗ္အသင္းနဲ႔ပဲြမွာ ဒီဒဏ္ရာရခဲ့တာျဖစ္ၿပီး အရင္က တစ္ခါမွမျဖစ္ခဲ့ဖူးတဲ့ ဒဏ္ရာပါ။ ကြ်န္ေတာ္ သူ႔ကိုေစာင့္ၾကည့္ပါေသးတယ္။ ဒါေပမယ့္ လီဗာပူးနဲ႔ပဲြမွာ လံုးဝျပန္မလာႏိုင္ခဲ့ပါဘူး။ ကြ်န္ေတာ္က ဆရာဝန္မဟုတ္ေတာ့ သူ႔ရဲ႕ ဒဏ္ရာကို အတိအက် မသိပါဘူး။ ဒါေပမယ့္ ရက္သတၱပတ္ေတာ္ေတာ္မ်ားမ်ား အနားယူရပါလိမ့္မယ္။”

- Advertisement -

“ဒီရာသီ ကြ်န္ေတာ္တုိ႔အသင္းက အဓိကကစားသမားေတြ ဒဏ္ရာျပႆနာအမ်ားအျပားနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ လက္ရွိအခ်ိန္မွာ အေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ထားတယ္ဆိုေပမယ့္ ေရတိုအတြက္ေလာက္ပဲ ကြ်န္ေတာ္တို႔   ေစာင့္ၾကည့္ေနပါတယ္။ မျဖစ္မေန ကစားသမားသစ္ေခၚမယ္လို႔လည္း မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ ကစားသမားေတာ္ေတာ္မ်ားမ်ားကို ေစာင့္ၾကည့္ေနၿပီး အသင္းအတြက္ သင့္ေတာ္တဲ့ ကစားသမားျဖစ္တယ္ဆိုရင္ ေခၚျဖစ္ပါလိမ့္မယ္။” ဟု ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

ယူနိုက်တက်အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ ရပ်ရှ်ဖို့ဒ်သည် အနည်းဆုံး (၆) ပတ် အနားယူရတော့မည်ဖြစ်ကြောင်း နည်းပြဆိုးလ်ရှားက အတည်ပြုပြောကြားခဲ့ပါတယ်။ ဝုလ်ဗ်အသင်းကို အနိုင်ရရှိခဲ့သည့် FA ဖလားပြန်ကန်ပွဲစဉ်၌ ရပ်ရှ်ဖို့ဒ်ကလူစားဝင်ကစားခဲ့ပြီး ပြိုင်ဘက်ကစားသမားနဲ့ ထိခိုက်မိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ကျောရိုးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။

အသက် (၂၂) နှစ်အရွယ် အဆိုပါအင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးသည် တနင်္ဂနွေနေ့က ကစားခဲ့သည့် လီဗာပူးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပါတယ်။ ရပ်ရှ်ဖို့်ဒ်ရဲ့ဒဏ်ရာနဲ့ ပတ်သက်၍ နည်းပြဆိုးလ်ရှားက “ရပ်ရှ်ဖို့ဒ်က ဆိုးရွားတဲ့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး တကယ်ကို စိတ်ဖိစီးစရာပါ။”

“ဝုလ်ဗ်အသင်းနဲ့ပွဲမှာ ဒီဒဏ်ရာရခဲ့တာဖြစ်ပြီး အရင်က တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ ဒဏ်ရာပါ။ ကျွန်တော် သူ့ကိုစောင့်ကြည့်ပါသေးတယ်။ ဒါပေမယ့် လီဗာပူးနဲ့ပွဲမှာ လုံးဝပြန်မလာနိုင်ခဲ့ပါဘူး။ ကျွန်တော်က ဆရာဝန်မဟုတ်တော့ သူ့ရဲ့ ဒဏ်ရာကို အတိအကျ မသိပါဘူး။ ဒါပေမယ့် ရက်သတ္တပတ်တော်တော်များများ အနားယူရပါလိမ့်မယ်။”

“ဒီရာသီ ကျွန်တော်တို့အသင်းက အဓိကကစားသမားတွေ ဒဏ်ရာပြဿနာအများအပြားနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လက်ရှိအချိန်မှာ အပြောင်းအရွှေ့စျေးကွက်ဖွင့်ထားတယ်ဆိုပေမယ့် ရေတိုအတွက်လောက်ပဲ ကျွန်တော်တို့   စောင့်ကြည့်နေပါတယ်။ မဖြစ်မနေ ကစားသမားသစ်ခေါ်မယ်လို့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားသမားတော်တော်များများကို စောင့်ကြည့်နေပြီး အသင်းအတွက် သင့်တော်တဲ့ ကစားသမားဖြစ်တယ်ဆိုရင် ခေါ်ဖြစ်ပါလိမ့်မယ်။” ဟု ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

11 + six =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...