HomeLifeStyleသူရဲေကာင္းဆုခ်ီးျမႇင့္ခံရတ့ဲ ကုန္တင္ကားေမာင္းႏွင္သူ။

သူရဲေကာင္းဆုခ်ီးျမႇင့္ခံရတ့ဲ ကုန္တင္ကားေမာင္းႏွင္သူ။

- Advertisement -

အသက္ ၂၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Pari Mistry ဆိုသူအမ်ိဳးသမီးဟာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွာ ဆိုးရြားတဲ့ ယာဥ္မေတာ္တဆမႈကို ႀကံဳခဲ့ရပါတယ္။ ယာဥ္တိုက္ၿပီးေနာက္ Pari ဟာ ကားထဲကေနထြက္ဖို႔ရာ ခက္ခဲေနခ့ဲၿပီး သူ႕ရဲ႕လက္တစ္ကမ္းအကြာမွာလည္း သူမေမာင္းႏွင္လာတ့ဲကားဟာ စတင္ မီးေလာင္ေနၿပီပဲျဖစ္ပါတယ္။ Pari တစ္ေယာက္ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႕ ကားထဲမွျမန္ျမန္ထြက္ႏိုင္ဖို႔ႀကိဳးစားေလ။ ပိုၿပီးထြက္လို႔မရေလ ျဖစ္ပါေလေရာ။

Pari ရဲ႕ျဖစ္ရပ္ကိုျမင္ေတြ႔ေနရတဲ့ လမ္းေပၚမွာသြားလာေနတဲ့ ကားေမာင္းသူေတြထဲကတစ္ဦးျဖစ္တဲ့ အသက္ ၆၅ ႏွစ္အရြယ္ Mr Rastrick ဆိုသူဟာ Pari ရဲ႕ကားမီးစေလာင္ေနတာကိုျမင္ရတာနဲ႔ သူ႔ကားေပၚကေန ခ်က္ခ်င္းဆင္းၿပီး တျခားကားေမာင္းသူေတြရဲ႕အကူအညီနဲ႔ Pari ကို သူမရဲ႕မီးေလာင္ေနၿပီျဖစ္တဲ့ ကားထဲကေန ဆြဲထုတ္ႏိုင္ခဲ့ပါတယ္။

- Advertisement -

Mr Rastrick က Pari ကို ကယ္ထုတ္ၿပီး ၂၉ စကၠန္႔အၾကာမွာ ကားမီးေလာင္ေပါက္ကြဲမႈျဖစ္သြားခဲ့တာပါ။ ကားတိုက္မႈေၾကာင့္ ဒဏ္ရာအျပင္းအထန္ရရွိခ့ဲတ့ဲ Pari ဟာ ၈ နာရီၾကာခြဲစိတ္မႈကိုခံခဲ့ရၿပီး လမ္းေလွ်ာက္တာကစလို႔ စကားေျပာတာအဆံုး ျပန္လည္သင္ယူရတဲ့အထိျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း အခ်ိန္တစ္ခုေရာက္လာတဲ့အခါမွာေတာ့ Pari တစ္ေယာက္ ျပန္လည္က်န္းမာလာၿပီး သူ႔အသက္ကို ကယ္တင္ေပးခဲ့တဲ့ Mr Rastrick နဲ႔လည္း ျပန္လည္ေတြ႔ဆံုႏိုင္ခ့ဲၿပီပဲျဖစ္ပါတယ္။

- Advertisement -

Mr Rastrick ဟာလည္း သူ႕အေနနဲ႕ ေသြးေတာ္သားစပ္မႈမရွိသူကို အသက္ကိုေတာင္ထည့္သြင္းမစဥ္းစားဘဲ ကယ္ဆယ္ကာကြယ္ေပးခဲ့တဲ့အတြက္ သူရဲေကာင္းဆုေပးအပ္ခံခဲ့ရပါတယ္။

<Zawgyi Version>

 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Pari Mistry ဆိုသူအမျိုးသမီးဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှုကို ကြုံခဲ့ရပါတယ်။ ယာဉ်တိုက်ပြီးနောက် Pari ဟာ ကားထဲကနေထွက်ဖို့ရာ ခက်ခဲနေခဲ့ပြီး သူ့ရဲ့လက်တစ်ကမ်းအကွာမှာလည်း သူမမောင်းနှင်လာတဲ့ကားဟာ စတင် မီးလောင်နေပြီပဲဖြစ်ပါတယ်။ Pari တစ်ယောက် ကြောက်ကြောက်လန့်လန့်နဲ့ ကားထဲမှမြန်မြန်ထွက်နိုင်ဖို့ကြိုးစားလေ။ ပိုပြီးထွက်လို့မရလေ ဖြစ်ပါလေရော။

Pari ရဲ့ဖြစ်ရပ်ကိုမြင်တွေ့နေရတဲ့ လမ်းပေါ်မှာသွားလာနေတဲ့ ကားမောင်းသူတွေထဲကတစ်ဦးဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် Mr Rastrick ဆိုသူဟာ Pari ရဲ့ကားမီးစလောင်နေတာကိုမြင်ရတာနဲ့ သူ့ကားပေါ်ကနေ ချက်ချင်းဆင်းပြီး တခြားကားမောင်းသူတွေရဲ့အကူအညီနဲ့ Pari ကို သူမရဲ့မီးလောင်နေပြီဖြစ်တဲ့ ကားထဲကနေ ဆွဲထုတ်နိုင်ခဲ့ပါတယ်။

Mr Rastrick က Pari ကို ကယ်ထုတ်ပြီး ၂၉ စက္ကန့်အကြာမှာ ကားမီးလောင်ပေါက်ကွဲမှုဖြစ်သွားခဲ့တာပါ။ ကားတိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ Pari ဟာ ၈ နာရီကြာခွဲစိတ်မှုကိုခံခဲ့ရပြီး လမ်းလျှောက်တာကစလို့ စကားပြောတာအဆုံး ပြန်လည်သင်ယူရတဲ့အထိဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အချိန်တစ်ခုရောက်လာတဲ့အခါမှာတော့ Pari တစ်ယောက် ပြန်လည်ကျန်းမာလာပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ Mr Rastrick နဲ့လည်း ပြန်လည်တွေ့ဆုံနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

Mr Rastrick ဟာလည်း သူ့အနေနဲ့ သွေးတော်သားစပ်မှုမရှိသူကို အသက်ကိုတောင်ထည့်သွင်းမစဉ်းစားဘဲ ကယ်ဆယ်ကာကွယ်ပေးခဲ့တဲ့အတွက် သူရဲကောင်းဆုပေးအပ်ခံခဲ့ရပါတယ်။

- Advertisement -

<Unicode Version>

 

Source ~ Sky News

#SY(1209Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...