HomeOtherAnimalsမီးေဘးသင့္တိရိစာၦန္မ်ားအတြက္ အစားအစာမ်ားကို ေလေၾကာင္းမွတစ္ဆင့္ ပစ္ခ်ကူညီ။

မီးေဘးသင့္တိရိစာၦန္မ်ားအတြက္ အစားအစာမ်ားကို ေလေၾကာင္းမွတစ္ဆင့္ ပစ္ခ်ကူညီ။

- Advertisement -

ကာလအေတာ္ၾကာ ေလာင္ကြ်မ္းေနသည့္ ေတာမီးေၾကာင့္ အစာေရစာ ျပတ္လပ္ေနသည့္ တိရိစာၦန္မ်ားအတြက္ New South Wales အစိုးရက ေလေၾကာင္းမွတစ္ဆင့္ ကီလိုဂရမ္ေပါင္းေထာင္နဲ႔ခ်ီသည့္ မုန္လာဥနီမ်ားနဲ႔ကန္စြန္းဥမ်ား ပစ္ခ်ေပးခဲ့ေၾကာင္း သိရွိရပါတယ္။ အဆုိပါအစီအစဥ္ကို “Operation Rock Wallaby” ဟု အမည္ေပးထားၿပီး ၿပီးခဲ့သည့္တစ္ပတ္က အဆိုပါအစီအစဥ္ကို စတင္ခဲ့ၾကပါတယ္။

ဝန္ထမ္းမ်ားက ေဝဟင္မွတစ္ဆင့္ Wogan ခ်ိဳင့္ဝွမ္း၊ Yengo သဘာဝဥယ်ာဥ္၊ သားပိုက္ေကာင္မ်ား က်က္စားရာခ်ိဳင့္ဝွမ္းမ်ား၊ Jenolan၊ Oxley ျမစ္နဲ႔ Currancubundi သဘာဝဥယ်ာဥ္မ်ားအတြင္းသို႔ အဆုိပါ အစားအစာမ်ားကို ပစ္ခ်ေပးခဲ့ၿပီး လတ္ဆတ္သည့္အသီးအရြက္ေပါင္း (၂၂၀၀) ကီလိုဂရမ္ကို မီးေဘးသင့္တိရိစာၦန္မ်ားအတြက္ ကူညီေပးႏိုင္ခဲ့ပါတယ္။

- Advertisement -

- Advertisement -

New South Wales ရဲ႕ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ဝန္ႀကီးခ်ဳပ္ျဖစ္သူ Matt Kean က “သားပိုက္ေကာင္ေတြအေနနဲ႔ မီးေဘးက လြတ္ေျမာက္ေအာင္ ရုန္းထြက္ႏိုင္ေပမယ့္ သူတုိ႔ရဲ႕ပတ္ဝန္းက်င္မွာ သဘာဝအတိုင္းရႏိုင္တဲ့ အစားအေသာက္ေတြက အကန္႔အသတ္နဲ႔ ျဖစ္သြားပါၿပီ။ ၿပီးေတာ့ မိုးလည္းေခါင္လာတာေၾကာင့္ သူတို႔အတြက္ အသက္ရွင္သန္ဖို႔ ခက္ခဲလာခဲ့ၿပီး အေထာက္အပံ့သာမရဘူးဆိုရင္ သူတုိ႔အတြက္ ဆက္လက္အသက္ရွင္ဖို႔ စိန္ေခၚမႈတစ္ရပ္ျဖစ္လာႏိုင္ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍လည္း Matt Kean က “ကြ်န္ေတာ္တို႔ တတ္ႏိုင္တဲ့အခ်ိန္ေရာက္ရင္ ကင္မရာေတြတပ္ဆင္ၿပီး ဘယ္ေနရာမွာ တိရိစာၦန္ ဘယ္ေလာက္ရွိလဲဆိုတဲ့ အခ်က္အလက္ေတြနဲ႔ အစာေရစာ မျပတ္လပ္ေအာင္ ဆက္လက္ ေထာက္ပံ့ေပးသြားဦးမွာပါ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။

လက္ရွိအခ်ိန္အထိ ေလာင္ကြ်မ္းေနဆဲျဖစ္သည့္ ၾသစေၾတးလ်ေတာမီးေၾကာင့္ Koalas ဝက္ဝံမ်ား မ်ိဳးသုဥ္းမည့္ ေဘးအႏၱရာယ္နွင့္ ရင္ဆုိင္ေနရၿပီျဖစ္သလို တိရိစာၦန္အေကာင္အေရအတြက္ေပါင္း ဘီလီယံ (၁.၂၅) သန္းအထိ ေသေက်ပ်က္စီးခဲ့ရၿပီျဖစ္ေၾကာင္းလည္းသိရွိရပါတယ္။

<Zawgyi Version>

 

ကာလအတော်ကြာ လောင်ကျွမ်းနေသည့် တောမီးကြောင့် အစာရေစာ ပြတ်လပ်နေသည့် တိရိစ္ဆာန်များအတွက် New South Wales အစိုးရက လေကြောင်းမှတစ်ဆင့် ကီလိုဂရမ်ပေါင်းထောင်နဲ့ချီသည့် မုန်လာဥနီများနဲ့ကန်စွန်းဥများ ပစ်ချပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါအစီအစဉ်ကို “Operation Rock Wallaby” ဟု အမည်ပေးထားပြီး ပြီးခဲ့သည့်တစ်ပတ်က အဆိုပါအစီအစဉ်ကို စတင်ခဲ့ကြပါတယ်။

- Advertisement -

ဝန်ထမ်းများက ဝေဟင်မှတစ်ဆင့် Wogan ချိုင့်ဝှမ်း၊ Yengo သဘာဝဥယျာဉ်၊ သားပိုက်ကောင်များ ကျက်စားရာချိုင့်ဝှမ်းများ၊ Jenolan၊ Oxley မြစ်နဲ့ Currancubundi သဘာဝဥယျာဉ်များအတွင်းသို့ အဆိုပါ အစားအစာများကို ပစ်ချပေးခဲ့ပြီး လတ်ဆတ်သည့်အသီးအရွက်ပေါင်း (၂၂၀၀) ကီလိုဂရမ်ကို မီးဘေးသင့်တိရိစ္ဆာန်များအတွက် ကူညီပေးနိုင်ခဲ့ပါတယ်။

New South Wales ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးချုပ်ဖြစ်သူ Matt Kean က “သားပိုက်ကောင်တွေအနေနဲ့ မီးဘေးက လွတ်မြောက်အောင် ရုန်းထွက်နိုင်ပေမယ့် သူတို့ရဲ့ပတ်ဝန်းကျင်မှာ သဘာဝအတိုင်းရနိုင်တဲ့ အစားအသောက်တွေက အကန့်အသတ်နဲ့ ဖြစ်သွားပါပြီ။ ပြီးတော့ မိုးလည်းခေါင်လာတာကြောင့် သူတို့အတွက် အသက်ရှင်သန်ဖို့ ခက်ခဲလာခဲ့ပြီး အထောက်အပံ့သာမရဘူးဆိုရင် သူတို့အတွက် ဆက်လက်အသက်ရှင်ဖို့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

ဆက်လက်၍လည်း Matt Kean က “ကျွန်တော်တို့ တတ်နိုင်တဲ့အချိန်ရောက်ရင် ကင်မရာတွေတပ်ဆင်ပြီး ဘယ်နေရာမှာ တိရိစ္ဆာန် ဘယ်လောက်ရှိလဲဆိုတဲ့ အချက်အလက်တွေနဲ့ အစာရေစာ မပြတ်လပ်အောင် ဆက်လက် ထောက်ပံ့ပေးသွားဦးမှာပါ။” ဟု ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်အထိ လောင်ကျွမ်းနေဆဲဖြစ်သည့် သြစတြေးလျတောမီးကြောင့် Koalas ဝက်ဝံများ မျိုးသုဉ်းမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်သလို တိရိစ္ဆာန်အကောင်အရေအတွက်ပေါင်း ဘီလီယံ (၁.၂၅) သန်းအထိ သေကျေပျက်စီးခဲ့ရပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။

<Unicode Version>

 

Source ~ Unilad

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seven + eleven =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...