HomeSportတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူပေးရန် တောင်းဆိုထားသည့် မက်ဆီ။

တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူပေးရန် တောင်းဆိုထားသည့် မက်ဆီ။

- Advertisement -




- Advertisement -

<Zawgyi Version>

- Advertisement -

 

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အဂွေရိုကို ခေါ်ယူပေးရန် ဘာစီလိုနာအသင်းကို တောင်းဆိုထားကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အသင်းရဲ့အဓိကတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် ဒူးဒဏ်ရာကြောင့် ရာသီလက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်နိုင်ဖွယ်ရှိနေခြင်းကြောင့် လက်ရှိဆောင်းရာသီအပြောင်းအရွှေ့၌ ဘာစီလိုနာအသင်းအနေဖြင့် တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ ခေါ်ယူရန် လိုအပ်ပါတယ်။

လက်ရှိထွက်ပေါ်နေသောသတင်းများအရ ဘာစီလိုနာအသင်းအနေဖြင့် ဝါရင့်တိုက်စစ်မှူး ကားလို့စ်ဗီလာကို ခေါ်ယူရန်ကြိုးစားဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပေမယ့် မက်ဆီကမူ သူ့ရဲ့နိုင်ငံအသင်းဖော်ဖြစ်သူ အဂွေရိုကို ခေါ်ယူပေးရန် ဆန္ဒရှိနေခြင်းဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင် အဂွေရိုနဲ့ မန်စီးတီးအသင်းတို့အကြား စာချုပ်သက်တမ်းက (၁) နှစ်ခွဲသာ ကျန်ရှိတော့ရာ အဂွေရိုအနေဖြင့် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်၍ စတင်စဉ်းစားရမည့်အချိန်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် အသက် (၃၂) နှစ်အရွယ်ရှိပြီဖြစ်သူ အဆိုပါတိုက်စစ်မှူး အဂွေရိုအနေဖြင့် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းမတိုးဖြစ်ခဲ့သည့်တိုင်အောင် အခြားသော ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းကို  ပြောင်းရွှေ့ဖွယ်မရှိဘဲ သူ့ရဲ့မွေးရပ်မြေအာဂျင်တီးနားမှ ကလပ်အသင်းတစ်သင်းကိုသာ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်းလည်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

<Unicode Version>

 

Source ~  Sportsmole

#HM(Soshwe)

- Advertisement -

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 − five =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...