HomeSportဘရူႏိုဖာနန္ဒက္စ္သာ ေရာက္လာခဲ့ပါက ျဖစ္ႏိုင္ဖြယ္ရွိသည့္ ယူႏိုက္တက္ကစားကြက္။

ဘရူႏိုဖာနန္ဒက္စ္သာ ေရာက္လာခဲ့ပါက ျဖစ္ႏိုင္ဖြယ္ရွိသည့္ ယူႏိုက္တက္ကစားကြက္။

- Advertisement -

ယူႏိုက္တက္အသင္းသည္ စပို႔တင္းလစၥဘြန္းအသင္းရဲ႕ ကြင္းလယ္ကစားသမား ဘရူႏိုဖာနန္ဒက္စ္ကို ေခၚယူရန္နီးစပ္ေနၿပီျဖစ္ပါတယ္။ ကစားသမားသစ္မျဖစ္မေန ေခၚယူရန္လိုအပ္ေနသည့္ ယူႏိုက္တက္အသင္းအေနျဖင့္ ၿပီးခဲ့သည့္ေႏြရာသီတည္းက ေခၚယူရန္ ပစ္မွတ္ထားခဲ့သည့္ ဘရူႏိုဖာနန္ဒက္စ္ကို လက္ရွိေဆာင္းရာသီအေျပာင္းအေရႊ႕၌ အရေခၚယူရန္ ႀကိဳးစားေနျခင္းလည္းျဖစ္ပါတယ္။

အသက္ (၂၅) ႏွစ္အရြယ္ အဆိုပါ ေပၚတူဂီကြင္းလယ္ကစားသမားသည္ လက္ရွိရာသီဝက္ၿပီးဆံုးခ်ိန္၌ အသင္းအတြက္ (၁၃) ဂိုးသြင္း၊ (၁၀) ဂိုးဖန္တီးေပးထားႏိုင္ျခင္းေၾကာင့္ ေပါ့ဘာဒဏ္ရာရေနၿပီး မာတစ္ရဲ႕ အနာဂတ္မေသခ်ာမေရရာျဖစ္ေနခ်ိန္မွာ ဆိုးလ္ရွားအဓိက အားထားရမယ့္ ကြင္းလယ္ကစားသမားျဖစ္လာႏိုင္ပါတယ္။ ဘရူႏုိဖာနန္ဒက္စ္သည္ ဗဟိုကြင္းလယ္စစ္စစ္အျဖစ္ ကစားႏိုင္သလို တိုက္စစ္မွဴးကို အဓိကပံ့ပို႔ေပးရမယ့္ Playmaker ကစားသမားတစ္ေယာက္အျဖစ္လည္း အေကာင္းဆံုးကစားႏိုင္တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ ဘရူႏိုဖာနန္ဒက္စ္သာ ေရာက္ရွိလာမယ္ဆိုပါက ၄-၂-၃-၁ ပံုစံကို ခင္းက်င္းအသံုးျပဳဖြယ္ရွိၿပီး Double Pivot ေနရာ၌ တြမ္မီေနး၊ ဖရက္ဒ္တို႔ ႏွစ္ဦးကို အထိုင္ခ်ကာ ဘရူႏိုဖာနန္ဒက္စ္ကို ကြင္းလယ္တိုက္စစ္ကစားသမားအျဖစ္ အသံုးျပဳဖြယ္ရွိပါတယ္။ လက္ရွိအခ်ိန္၌ ဘရူႏိုဖာနန္ဒက္စ္နဲ႔ ယူႏိုက္တက္တို႔အၾကား ပုဂၢိဳလ္ေရးေဆြးေႏြးမႈမ်ား အားလံုး သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ၿပီး ကလပ္ႏွစ္သင္းအၾကား ညွိႏိႈင္းေဆြးေႏြးမႈမ်ား အဆင္ေျပခဲ့ပါက ဘရူႏိုဖာနန္ဒက္စ္တစ္ေယာက္ ယူႏိုက္တက္အသင္းကို ခ်က္ခ်င္းေျပာင္းေရႊ႕လာႏိုင္မည္ျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

ယူနိုက်တက်အသင်းသည် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရန်နီးစပ်နေပြီဖြစ်ပါတယ်။ ကစားသမားသစ်မဖြစ်မနေ ခေါ်ယူရန်လိုအပ်နေသည့် ယူနိုက်တက်အသင်းအနေဖြင့် ပြီးခဲ့သည့်နွေရာသီတည်းက ခေါ်ယူရန် ပစ်မှတ်ထားခဲ့သည့် ဘရူနိုဖာနန်ဒက်စ်ကို လက်ရှိဆောင်းရာသီအပြောင်းအရွှေ့၌ အရခေါ်ယူရန် ကြိုးစားနေခြင်းလည်းဖြစ်ပါတယ်။

အသက် (၂၅) နှစ်အရွယ် အဆိုပါ ပေါ်တူဂီကွင်းလယ်ကစားသမားသည် လက်ရှိရာသီဝက်ပြီးဆုံးချိန်၌ အသင်းအတွက် (၁၃) ဂိုးသွင်း၊ (၁၀) ဂိုးဖန်တီးပေးထားနိုင်ခြင်းကြောင့် ပေါ့ဘာဒဏ်ရာရနေပြီး မာတစ်ရဲ့ အနာဂတ်မသေချာမရေရာဖြစ်နေချိန်မှာ ဆိုးလ်ရှားအဓိက အားထားရမယ့် ကွင်းလယ်ကစားသမားဖြစ်လာနိုင်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်သည် ဗဟိုကွင်းလယ်စစ်စစ်အဖြစ် ကစားနိုင်သလို တိုက်စစ်မှူးကို အဓိကပံ့ပို့ပေးရမယ့် Playmaker ကစားသမားတစ်ယောက်အဖြစ်လည်း အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဆိုးလ်ရှားအနေနဲ့ ဘရူနိုဖာနန်ဒက်စ်သာ ရောက်ရှိလာမယ်ဆိုပါက ၄-၂-၃-၁ ပုံစံကို ခင်းကျင်းအသုံးပြုဖွယ်ရှိပြီး Double Pivot နေရာ၌ တွမ်မီနေး၊ ဖရက်ဒ်တို့ နှစ်ဦးကို အထိုင်ချကာ ဘရူနိုဖာနန်ဒက်စ်ကို ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် အသုံးပြုဖွယ်ရှိပါတယ်။ လက်ရှိအချိန်၌ ဘရူနိုဖာနန်ဒက်စ်နဲ့ ယူနိုက်တက်တို့အကြား ပုဂ္ဂိုလ်ရေးဆွေးနွေးမှုများ အားလုံး သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ကလပ်နှစ်သင်းအကြား ညှိနှိုင်းဆွေးနွေးမှုများ အဆင်ပြေခဲ့ပါက ဘရူနိုဖာနန်ဒက်စ်တစ်ယောက် ယူနိုက်တက်အသင်းကို ချက်ချင်းပြောင်းရွှေ့လာနိုင်မည်ဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

- Advertisement -

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...