ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ထြက္ရွိခဲ့သည့္ Selena Gomez ရဲ႕ Rare အယ္လ္ဘမ္အတြင္း၌ ပါဝင္သည့္ သီခ်င္းစာသားမ်ားသည္ သူမရဲ႕အဆက္ေဟာင္း Justin Bieber ကိုရည္ရြယ္ေရးဖဲြ႕ထားသည့္ စာသားမ်ားျဖစ္ေၾကာင္း ပရိသတ္မ်ားက မွတ္ခ်က္ျပဳခဲ့ပါတယ္။ ယခုထြက္ရွိလာသည့္ Rare အယ္လ္ဘမ္သည္ ၿပီးခဲ့သည့္ (၂၀၁၅) ခုႏွစ္က ထြက္ရွိခဲ့သည့္ Revival အယ္လ္ဘမ္ေနာက္ပိုင္း Selena Gomez ရဲ႕ ပထမဆံုး တစ္ကိုယ္ေတာ္ အယ္လ္ဘမ္လည္းျဖစ္ခဲ့ပါတယ္။
https://www.instagram.com/p/B5_SsBYF9Ol/?utm_source=ig_embed
ဒါေပမယ့္ အဆိုပါ အယ္လ္ဘမ္အတြင္းမွ “Lose You to Love Me” နဲ႔ “Look at Her Now” သီခ်င္းႏွစ္ပုဒ္အတြင္းပါဝင္သည့္ “Saw us getting older/ Burning toast in the toaster/ My ambitions were too high/ Waiting up for you upstairs/ Why you act like I’m not there” ဆိုသည့္ သီခ်င္းစာသားမ်ားသည္ သူမရဲ႕ခ်စ္သူေဟာင္း Justin Bieber နဲ႔ပတ္သက္သည့္အေၾကာင္းအရာမ်ားကို ရည္စူးသီဆိုထားျခင္းျဖစ္သည္ဟု ပရိသတ္မ်ားက ယူဆေနၾကပါတယ္။
https://www.instagram.com/p/B7EWqpJhni9/?utm_source=ig_embed
Justin Bieber နဲ႔ Selena Gomez တို႔ႏွစ္ဦးရဲ႕ ခ်စ္ဇာတ္လမ္းသည္ ဆယ္စုႏွစ္တစ္ခုနီးပါး အဓြန္႔ရွည္ခဲ့ၿပီး ႏွစ္ေယာက္လံုးရဲ႕ ပရိသတ္မ်ားအတြက္ နိမ့္ျမင့္တက္က်မ်ားစြာ ေပးစြမ္းခဲ့သည့္ ဇာတ္လမ္းတစ္ပုဒ္လည္း ျဖစ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္၌ Justin Bieber အေနျဖင့္ Hailey Baldwin နဲ႔ မဂၤလာပဲြက်င္းပၿပီးစီးခဲ့ၿပီျဖစ္သလို ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္းကလည္း Selena Gomez က Justin Bieber မရွိေတာ့သည့္ သူမရဲ႕ဘဝက အရာအားလံုအဆင္ေျပေနေၾကာင္း US Weekly နဲ႔ အင္တာဗ်ဴးတစ္ခု၌ ေျပာၾကားခဲ့ဖူးပါတယ္။
<Zawgyi Version>
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထွက်ရှိခဲ့သည့် Selena Gomez ရဲ့ Rare အယ်လ်ဘမ်အတွင်း၌ ပါဝင်သည့် သီချင်းစာသားများသည် သူမရဲ့အဆက်ဟောင်း Justin Bieber ကိုရည်ရွယ်ရေးဖွဲ့ထားသည့် စာသားများဖြစ်ကြောင်း ပရိသတ်များက မှတ်ချက်ပြုခဲ့ပါတယ်။ ယခုထွက်ရှိလာသည့် Rare အယ်လ်ဘမ်သည် ပြီးခဲ့သည့် (၂၀၁၅) ခုနှစ်က ထွက်ရှိခဲ့သည့် Revival အယ်လ်ဘမ်နောက်ပိုင်း Selena Gomez ရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်လည်းဖြစ်ခဲ့ပါတယ်။
https://www.instagram.com/p/B5_SsBYF9Ol/?utm_source=ig_embed
ဒါပေမယ့် အဆိုပါ အယ်လ်ဘမ်အတွင်းမှ “Lose You to Love Me” နဲ့ “Look at Her Now” သီချင်းနှစ်ပုဒ်အတွင်းပါဝင်သည့် “Saw us getting older/ Burning toast in the toaster/ My ambitions were too high/ Waiting up for you upstairs/ Why you act like I’m not there” ဆိုသည့် သီချင်းစာသားများသည် သူမရဲ့ချစ်သူဟောင်း Justin Bieber နဲ့ပတ်သက်သည့်အကြောင်းအရာများကို ရည်စူးသီဆိုထားခြင်းဖြစ်သည်ဟု ပရိသတ်များက ယူဆနေကြပါတယ်။
https://www.instagram.com/p/B7EWqpJhni9/?utm_source=ig_embed
Justin Bieber နဲ့ Selena Gomez တို့နှစ်ဦးရဲ့ ချစ်ဇာတ်လမ်းသည် ဆယ်စုနှစ်တစ်ခုနီးပါး အဓွန့်ရှည်ခဲ့ပြီး နှစ်ယောက်လုံးရဲ့ ပရိသတ်များအတွက် နိမ့်မြင့်တက်ကျများစွာ ပေးစွမ်းခဲ့သည့် ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်၌ Justin Bieber အနေဖြင့် Hailey Baldwin နဲ့ မင်္ဂလာပွဲကျင်းပပြီးစီးခဲ့ပြီဖြစ်သလို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း Selena Gomez က Justin Bieber မရှိတော့သည့် သူမရဲ့ဘဝက အရာအားလုံအဆင်ပြေနေကြောင်း US Weekly နဲ့ အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့ဖူးပါတယ်။
<Unicode Version>
Source ~ Cosmopolitan
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share