HomeEntertainmentခ်စ္သူေဟာင္း Justin Bieber ရဲ႕ ဇနီးသည္ Hailey Baldwin နဲ႕ သူငယ္ခ်င္းျဖစ္သူကို ကာကြယ္ေပးသြားသည့္ Selena Gomez

ခ်စ္သူေဟာင္း Justin Bieber ရဲ႕ ဇနီးသည္ Hailey Baldwin နဲ႕ သူငယ္ခ်င္းျဖစ္သူကို ကာကြယ္ေပးသြားသည့္ Selena Gomez

- Advertisement -

Selena Gomez နဲ႔ Hailey Baldwin တို႔ ႏွစ္ဦးသည္ ၿပီးခဲ့သည့္ ပိတ္ရက္၌ Craig’s စားေသာက္ဆိုင္အတြင္း အမွတ္မထင္ေတြ႕ဆံုမိခဲ့ၾကၿပီးေနာက္ Hailey နဲ႔အတူပါလာသည့္ Madison Beer ကို ပရိသတ္မ်ားက လူမႈကြန္ရက္ေပၚမွတစ္ဆင့္ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၾကပါတယ္။ Madison သည္ Hailey ရဲ႕ သူငယ္ခ်င္းလည္းျဖစ္သလို Selena ရဲ႕ သူငယ္ခ်င္းလည္းျဖစ္ေသာေၾကာင့္ ယခုျဖစ္ရပ္သည္ မေတာ္တဆျဖစ္ရပ္မဟုတ္ႏုိင္ေၾကာင္း ပရိသတ္ေတြက ယူဆေနၾကပါတယ္။

- Advertisement -

အသက္ (၂၀) အရြယ္ Madison အေနျဖင့္ ပရိသတ္မ်ားရဲ႕ အမုန္းစကားမ်ားကို ျပင္းျပင္းထန္ထန္ ခံစားခဲ့ရျခင္းေၾကာင့္ “သူတုိ႔ေျပာေနၾကတဲ့ ေကာလာဟလေတြက ထူးဆန္းပါတယ္။ ကြ်န္မနဲ႔ Hailey နဲ႔က (၁၀) ႏွစ္ၾကာ သူူငယ္ခ်င္းသံေယာစဥ္ရွိခဲ့ၿပီး အဲ့ဒီအတြက္လည္း  အတူတူညစာစားခဲ့တာပါ။ ကြ်န္မ ဘာအျပစ္က်ဴးလြန္ခဲ့လို႔လဲ။ Selena ကိုလည္း ကြ်န္မခ်စ္ျမတ္ႏိုးသလို ေနာက္ႏွစ္ေပါင္းမ်ားစြာၾကာတာေတာင္ သူ႔ကို စိတ္ပ်က္ေအာင္ လုပ္မွာမဟုတ္ပါဘူး။ ဒါက တကယ္ကို တိုက္ဆိုင္မႈျဖစ္ခဲ့ၿပီး ရွင္တုိ႔က ကြ်န္မကို ဘာအေၾကာင္းျပခ်က္မွမရွိဘဲ ေဝဖန္ေနၾကတာပါ။” ဟု Madison က ျပန္လည္တံု႔ျပန္ခဲ့ပါတယ္။

- Advertisement -

Madison နဲ႔ ပတ္သက္သည့္ မွတ္ခ်က္မ်ားကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ Selena Gomez ကလည္း “ဒီလိုမွတ္ခ်က္ေတြကို ဖတ္ရတာ စိတ္ပ်က္စရာပါ။ လူတစ္ေယာက္ကို ဒီလိုမ်ိဳးေျပာတတ္တဲ့သူေတြကိုလည္း ကြ်န္မ အရမ္းစိတ္ပ်က္မိပါတယ္။” ဟု ေရးသားတံု႔ျပန္ခဲ့ေၾကာင္းသိရွိရပါတယ္။

- Advertisement -

Justin Bieber နဲ႔ Selena Gomez တို႔ရဲ႕ တစ္ခ်ိန္ကခ်စ္ျခင္းေမတၱာဟာ တုႏိႈင္းမဲ့အျဖစ္ ပရိသတ္ေတြအၾကား နာမည္ႀကီးခဲ့ၿပီး Justin Bieber အေနျဖင့္ Hailey နဲ႔ အိမ္ေထာင္က်ၿပီးသည့္တိုင္ လက္ရွိအခ်ိန္၌ စိတ္က်ေရာဂါေဝဒနာကို ခံစားေနရျခင္းက Selena Gomez ကိုေမ့မရႏိုင္၍ ျဖစ္ေၾကာင္းလည္း ပရိသတ္အခ်ိဳ႕က မွတ္ခ်က္ျပဳခဲ့ၾကဖူးပါတယ္။

<Zawgyi Version>

 

Selena Gomez နဲ့ Hailey Baldwin တို့ နှစ်ဦးသည် ပြီးခဲ့သည့် ပိတ်ရက်၌ Craig’s စားသောက်ဆိုင်အတွင်း အမှတ်မထင်တွေ့ဆုံမိခဲ့ကြပြီးနောက် Hailey နဲ့အတူပါလာသည့် Madison Beer ကို ပရိသတ်များက လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ Madison သည် Hailey ရဲ့ သူငယ်ချင်းလည်းဖြစ်သလို Selena ရဲ့ သူငယ်ချင်းလည်းဖြစ်သောကြောင့် ယခုဖြစ်ရပ်သည် မတော်တဆဖြစ်ရပ်မဟုတ်နိုင်ကြောင်း ပရိသတ်တွေက ယူဆနေကြပါတယ်။

အသက် (၂၀) အရွယ် Madison အနေဖြင့် ပရိသတ်များရဲ့ အမုန်းစကားများကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရခြင်းကြောင့် “သူတို့ပြောနေကြတဲ့ ကောလာဟလတွေက ထူးဆန်းပါတယ်။ ကျွန်မနဲ့ Hailey နဲ့က (၁၀) နှစ်ကြာ သူူငယ်ချင်းသံယောစဉ်ရှိခဲ့ပြီး အဲ့ဒီအတွက်လည်း  အတူတူညစာစားခဲ့တာပါ။ ကျွန်မ ဘာအပြစ်ကျူးလွန်ခဲ့လို့လဲ။ Selena ကိုလည်း ကျွန်မချစ်မြတ်နိုးသလို နောက်နှစ်ပေါင်းများစွာကြာတာတောင် သူ့ကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး။ ဒါက တကယ်ကို တိုက်ဆိုင်မှုဖြစ်ခဲ့ပြီး ရှင်တို့က ကျွန်မကို ဘာအကြောင်းပြချက်မှမရှိဘဲ ဝေဖန်နေကြတာပါ။” ဟု Madison က ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Madison နဲ့ ပတ်သက်သည့် မှတ်ချက်များကို မြင်တွေ့ခဲ့ရပြီးနောက် Selena Gomez ကလည်း “ဒီလိုမှတ်ချက်တွေကို ဖတ်ရတာ စိတ်ပျက်စရာပါ။ လူတစ်ယောက်ကို ဒီလိုမျိုးပြောတတ်တဲ့သူတွေကိုလည်း ကျွန်မ အရမ်းစိတ်ပျက်မိပါတယ်။” ဟု ရေးသားတုံ့ပြန်ခဲ့ကြောင်းသိရှိရပါတယ်။

Justin Bieber နဲ့ Selena Gomez တို့ရဲ့ တစ်ချိန်ကချစ်ခြင်းမေတ္တာဟာ တုနှိုင်းမဲ့အဖြစ် ပရိသတ်တွေအကြား နာမည်ကြီးခဲ့ပြီး Justin Bieber အနေဖြင့် Hailey နဲ့ အိမ်ထောင်ကျပြီးသည့်တိုင် လက်ရှိအချိန်၌ စိတ်ကျရောဂါဝေဒနာကို ခံစားနေရခြင်းက Selena Gomez ကိုမေ့မရနိုင်၍ ဖြစ်ကြောင်းလည်း ပရိသတ်အချို့က မှတ်ချက်ပြုခဲ့ကြဖူးပါတယ်။

<Unicode Version>

 

Source ~ PEOPLE Magazine

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read