HomeEntertainmentZayn Malik နဲ့ Gigi Hadid တို့ နှစ်ဦး ပြန်လည်တွဲခုတ်နေကြပြီလား ? ? ?
Zayn Malik နဲ့ Gigi Hadid တို့ နှစ်ဦး ပြန်လည်တွဲခုတ်နေကြပြီလား ? ? ?
- Advertisement -
- Advertisement -
- Advertisement -
<Zawgyi Version>
ပြီးခဲ့သည့် တနင်္ဂနွေနေ့က နာမည်ကျော်နှစ်ဦးဖြစ်သည့် Zayn Malik နဲ့ Gigi Hadid တို့နှစ်ဦး ပြန်လည်တွဲခုတ်နေကြသည့် ပုံရိပ်များကို နယူးယော့ခ်မြို့တွင်း၌ မြင်တွေ့ခဲ့ရကြောင်း မီဒီယာများက ဓာတ်ပုံမှတ်တမ်းများဖြင့် အခိုင်အမာဖော်ပြခဲ့ကြပါတယ်။ အဆိုပါစုံတွဲသည် ဖိနပ်အဖြူကိုယ်စီ ဝတ်ဆင်ထားကြပြီး Zayn က ကာလာစုံကုတ်အင်္ကျီကို အပြာနုရောင်ဂျင်းဘောင်းဘီဖြင့် တွဲဖက်ဝတ်ဆင်ထားသလို Gigi ကလည်း အဖြူရောင်အင်္ကျီကို အောက်ခံထားကာ စိမ်းနုရောင်ဝမ်းဆက် ကုတ်အင်္ကျီနဲ့ ဘောင်းဘီတို့ကို ဝတ်ဆင်ထားခဲ့ကြပါတယ်။
သူတို့နှစ်ဦးသည် Gigi Hadid ရဲ့ မိခင်ဖြစ်သူ Yolanda Hadid ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ညစာစားပွဲကိုတက်ရောက်ခဲ့ကြပြီး အဆိုပါညစာစားပွဲကို Gigi ရဲ့ ညီအစ်မတော်စပ်သူ Bella Hadid လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။ အသက် (၂၇) နှစ်အရွယ် Zayn နဲ့ အသက် (၂၄) နှစ်အရွယ် Gigi တို့ နှစ်ဦးသည် ပြီးခဲ့သည့် (၂၀၁၅) ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ စတင်တွေ့ဆုံခဲ့ကြပြီး (၂၀၁၈) ခုနှစ်၊ မတ်လအတွင်း၌ ခေတ္တခဏဆက်ဆံရေး ပြတ်တောက်သွားခဲ့ပါသေးတယ်။
https://www.instagram.com/p/B7NMOTmAYJM/?utm_source=ig_embed
- Advertisement -
ဒါပေမယ့် ချက်ချင်းပြန်လည်အဆင်ပြေခဲ့သည့် သူတို့စုံတွဲအနေဖြင့် ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ထပ်မံပြတ်စဲခဲ့ကြပြန်ပါတယ်။ ပြီးခဲ့သည့်လအတွင်း၌လည်း Gigi အနေဖြင့် Zayn မိခင်ရဲ့ ဟင်းချက်နည်းအတိုင်း ချက်ပြုတ်နေသည်ကို သူမရဲ့ အင်စတာဂရမ် Story ၌ တင်ထားခဲ့ပြီး Zayn ရဲ့ မိခင်ကလည်း  အဆိုပါ Story ကို ပရိသတ်များထံ ပြန်လည်မျှဝေခဲ့ပါတယ်။ လက်ရှိအချိ်န်၌လည်း Zayn နဲ့ Gigi တို့ နှစ်ဦးကို တပူးပူးတတွဲတွဲ ပြန်လည်မြင်တွေ့နေရပြီဖြစ်သဖြင့် နှစ်ယောက်ကြား ဆက်ဆံရေး  ပြန်လည်ကောင်းမွန်သွားပြီလားဆိုခြင်းက ပရိသတ်များက အထူးပင်စိတ်ဝင်စားနေပြီဖြစ်ပါတယ်။
<Unicode Version>
Source ~ PEOPLE Magazine
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
one × two =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...