ယူႏိုက္တက္အသင္းသည္ လက္ရွိအခ်ိန္၌ စပို႔တင္းလစၥဘြန္းအသင္းရဲ႕ ကြင္းလယ္ကစားသမား ဘရူႏိုဖာနန္ဒက္စ္ကို ေခၚယူႏိုင္ရန္ ေသခ်ာသေလာက္ရွိသြားၿပီး လက္ရွိေဆာင္းရာသီအေျပာင္းအေရႊ႕ မကုန္ခင္ ယူႏိုက္တက္အသင္း ထပ္မံေခၚယူဖြယ္ရွိသည့္ ကစားသမား (၅) ေယာက္စာရင္းကို ေဖာ္ျပလိုက္ပါတယ္။
၁။ အဲရစ္ဆင္ (စပါး)၊ ျဖစ္ႏိုင္ဖြယ္ေျပာင္းေရႊ႕ေၾကး- ေပါင္သန္း (၂၀)။
စပါးအသင္းရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းဆန္ပယ္ခ်ထားသည့္ အဲရစ္ဆင္အေနျဖင့္ လက္ရွိေဆာင္းရာသီအေျပာင္းအေရႊ႕၌ပင္ အျခားအသင္းတစ္သင္းနဲ႔ အႀကိဳသေဘာတူညီမႈ ရယူႏိုင္ၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ကာလရွည္ပစ္မွတ္ကစားသမားတစ္ဦးျဖစ္သည့္ ဒိန္းမတ္ကြင္းလယ္လူ အဲရစ္ဆင္သည္ လက္ရွိအခ်ိန္၌ အီတလီကလပ္ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕ရန္ သတင္းမ်ားထြက္ေပၚေနေပမယ့္ အေျပာင္းအေရႊ႕က အၿပီးမသတ္ေသးသည့္ အေျခအေနေၾကာင့္ ယူႏိုက္တက္အတြက္ ေမွ်ာ္လင့္လ်က္ရွိေနဆဲျဖစ္ပါတယ္။
၂။ ဖာဘီယန္ရုဇ္ (နာပိုလီ)၊ ျဖစ္ႏိုင္ဖြယ္ေျပာင္းေရႊ႕ေၾကး- ေပါင္သန္း (၈၀)။
ဘာစီလိုနာကြင္းလယ္လူ ဘတ္စ္ကြက္စ္ေနာက္ပိုင္း ကမာၻ႕အေကာင္းဆံုး ကြင္းလယ္ကစားသမားမ်ားထဲမွ တစ္ေယာက္ျဖစ္လာႏိုင္သည့္ ဖာဘီယန္ရုဇ္သည္လည္း ယူႏိုက္တက္အသင္းရဲ႕ ပစ္မွတ္ကစားသမားစာရင္းထဲ၌ ပါဝင္ေနပါတယ္။ မာတစ္၊ ေပါ့ဘာတို႔ရဲ႕ အနာဂတ္မေသခ်ာသည့္ အေနအထားေၾကာင့္လည္း ဖာဘီယန္ရုဇ္က ယူႏိုက္တက္အသင္းအတြက္ အေကာင္းဆံုးပစ္မွတ္ ျဖစ္လာႏိုင္ဖြယ္ရွိေပမယ့္ ဘာစီလိုနာ၊ ရီးရဲယ္မက္ဒရစ္အသင္းတို႔ကပါ အလိုရွိေနသည့္ အေနအထားေၾကာင့္ ဖာဘီယန္ရုဇ္ကို အရေခၚယူရန္ ခက္ခဲႏိုင္ပါတယ္။
၃။ ဂရီလစ္ရွ္ (အက္စတြန္ဗီလာ)၊ ျဖစ္ႏိုင္ဖြယ္ေျပာင္းေရႊ႕ေၾကး- ေပါင္သန္း (၆၀)။
အက္စတြန္ဗီလာအသင္းရဲ႕ အသင္းေခါင္းေဆာင္တစ္ဦးျဖစ္သူ ဂရီလစ္ရွ္အေနျဖင့္ ယူရို- ၂၀၂၀ ၿပိဳင္ပဲြဝင္ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ လူစာရင္း၌ ပါဝင္ခြင့္ရရွိရန္ ပစ္မွတ္ထားေနျခင္းေၾကာင့္ လက္ရွိ ေဆာင္းရာသီအေျပာင္းအေရႊ႕၌ပင္ ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းႀကီးတစ္သင္းကို ေျပာင္းေရႊ႕ရန္ စိတ္ဝင္စားေနပါတယ္။ ၄-၃-၃ ကစားကြက္၌ ကြင္းလယ္ (1209၃) ေယာက္ေနရာအျပင္ တိုက္စစ္တန္း (1209၃) ေယာက္ ေနရာစံု၌ပါ ကစားႏိုင္သည့္ အရည္အခ်င္းမ်ားေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕ ေစာင့္ၾကည့္ျခင္းကို ခံေနရသည့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။
၄။ ရစ္ခ်ာလီဆန္ (အဲဗာတန္)၊ ျဖစ္ႏိုင္ဖြယ္ေျပာင္းေရႊ႕ေၾကး- ေပါင္သန္း (၇၀)။
ဝက္ဖို႔ဒ္အသင္း၌ ကစားေနစဥ္တည္းက ယူႏိုက္တက္အသင္းရဲ႕ စိတ္ဝင္စားမႈကို ခံခဲ့ရသည့္ ကစားသမားျဖစ္ၿပီး လူကာကူ၊ ဆန္းခ်က္ဇ္တို႔ ထြက္ခြာသြားၿပီးေနာက္ပိုင္း အားနည္းေနသည့္ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ပိုင္းအတြက္ အေကာင္းဆံုး ကုစားမႈတစ္ခုျဖစ္လာႏိုင္ပါတယ္။ ဟာလန္းကိုေခၚယူရန္ လက္ေလွ်ာ့ခဲ့ရသည့္ ယူႏိုက္တက္အသင္း၌ ေက်ာနံပါတ္ (၇) လစ္လပ္ေနသည့္ အခ်က္ကလည္း ရစ္ခ်ာလီဆန္အတြက္ အဓိကဆဲြေဆာင္မႈတစ္ရပ္ျဖစ္ေနပါတယ္။
၅။ ကာမာဗင္ဂါ (ရန္းနက္စ္)၊ ျဖစ္ႏိုင္ဖြယ္ေျပာင္းေရႊ႕ေၾကး- ေပါင္သန္း (၅၀)။
အသက္ (၁၆) ႏွစ္အရြယ္သာရွိေသးသည့္ ကာမာဗင္ဂါအေနျဖင့္ ရန္းနက္စ္အသင္းနဲ႔အတူ အေကာင္းဆံုးေတာက္ပေနၿပီး ဥေရာပထိပ္တန္းအသင္းႀကီးမ်ားရဲ႕ အဓိကပစ္မွတ္ကစားသမားအျဖစ္လည္း ေစာင့္ၾကည့္ခံေနရပါတယ္။ တန္ဖိုးအႀကီးမားဆံုး ဆယ္ေက်ာ္သက္ကစားသမားမ်ား စာရင္းရဲ႕ ထိပ္ဆံုး (၁၀) ေယာက္စာရင္း၌ ပါဝင္ေနသည့္ ကာမာဗင္ဂါအေနျဖင့္ ယူႏိုက္တက္အသင္းရဲ႕ ေနာက္ထပ္ဆယ္စုႏွစ္စီမံကိန္းအတြက္ အဓိကအေရးပါသည့္ ကစားသမားအျဖစ္ ပစ္မွတ္ထားခံရဖြယ္ရွိပါတယ္။
<Zawgyi Version>
ယူနိုက်တက်အသင်းသည် လက်ရှိအချိန်၌ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ရန် သေချာသလောက်ရှိသွားပြီး လက်ရှိဆောင်းရာသီအပြောင်းအရွှေ့ မကုန်ခင် ယူနိုက်တက်အသင်း ထပ်မံခေါ်ယူဖွယ်ရှိသည့် ကစားသမား (၅) ယောက်စာရင်းကို ဖော်ပြလိုက်ပါတယ်။
၁။ အဲရစ်ဆင် (စပါး)၊ ဖြစ်နိုင်ဖွယ်ပြောင်းရွှေ့ကြေး- ပေါင်သန်း (၂၀)။
စပါးအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချထားသည့် အဲရစ်ဆင်အနေဖြင့် လက်ရှိဆောင်းရာသီအပြောင်းအရွှေ့၌ပင် အခြားအသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှု ရယူနိုင်ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကာလရှည်ပစ်မှတ်ကစားသမားတစ်ဦးဖြစ်သည့် ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်သည် လက်ရှိအချိန်၌ အီတလီကလပ် အင်တာမီလန်အသင်းကို ပြောင်းရွှေ့ရန် သတင်းများထွက်ပေါ်နေပေမယ့် အပြောင်းအရွှေ့က အပြီးမသတ်သေးသည့် အခြေအနေကြောင့် ယူနိုက်တက်အတွက် မျှော်လင့်လျက်ရှိနေဆဲဖြစ်ပါတယ်။
၂။ ဖာဘီယန်ရုဇ် (နာပိုလီ)၊ ဖြစ်နိုင်ဖွယ်ပြောင်းရွှေ့ကြေး- ပေါင်သန်း (၈၀)။
ဘာစီလိုနာကွင်းလယ်လူ ဘတ်စ်ကွက်စ်နောက်ပိုင်း ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားများထဲမှ တစ်ယောက်ဖြစ်လာနိုင်သည့် ဖာဘီယန်ရုဇ်သည်လည်း ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲ၌ ပါဝင်နေပါတယ်။ မာတစ်၊ ပေါ့ဘာတို့ရဲ့ အနာဂတ်မသေချာသည့် အနေအထားကြောင့်လည်း ဖာဘီယန်ရုဇ်က ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးပစ်မှတ် ဖြစ်လာနိုင်ဖွယ်ရှိပေမယ့် ဘာစီလိုနာ၊ ရီးရဲယ်မက်ဒရစ်အသင်းတို့ကပါ အလိုရှိနေသည့် အနေအထားကြောင့် ဖာဘီယန်ရုဇ်ကို အရခေါ်ယူရန် ခက်ခဲနိုင်ပါတယ်။
၃။ ဂရီလစ်ရှ် (အက်စတွန်ဗီလာ)၊ ဖြစ်နိုင်ဖွယ်ပြောင်းရွှေ့ကြေး- ပေါင်သန်း (၆၀)။
အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဂရီလစ်ရှ်အနေဖြင့် ယူရို- ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်း၌ ပါဝင်ခွင့်ရရှိရန် ပစ်မှတ်ထားနေခြင်းကြောင့် လက်ရှိ ဆောင်းရာသီအပြောင်းအရွှေ့၌ပင် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ရန် စိတ်ဝင်စားနေပါတယ်။ ၄-၃-၃ ကစားကွက်၌ ကွင်းလယ် (၃) ယောက်နေရာအပြင် တိုက်စစ်တန်း (၃) ယောက် နေရာစုံ၌ပါ ကစားနိုင်သည့် အရည်အချင်းများကြောင့် ယူနိုက်တက်အသင်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရသည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။
၄။ ရစ်ချာလီဆန် (အဲဗာတန်)၊ ဖြစ်နိုင်ဖွယ်ပြောင်းရွှေ့ကြေး- ပေါင်သန်း (၇၀)။
ဝက်ဖို့ဒ်အသင်း၌ ကစားနေစဉ်တည်းက ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသည့် ကစားသမားဖြစ်ပြီး လူကာကူ၊ ဆန်းချက်ဇ်တို့ ထွက်ခွာသွားပြီးနောက်ပိုင်း အားနည်းနေသည့် ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အကောင်းဆုံး ကုစားမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ဟာလန်းကိုခေါ်ယူရန် လက်လျှော့ခဲ့ရသည့် ယူနိုက်တက်အသင်း၌ ကျောနံပါတ် (၇) လစ်လပ်နေသည့် အချက်ကလည်း ရစ်ချာလီဆန်အတွက် အဓိကဆွဲဆောင်မှုတစ်ရပ်ဖြစ်နေပါတယ်။
၅။ ကာမာဗင်ဂါ (ရန်းနက်စ်)၊ ဖြစ်နိုင်ဖွယ်ပြောင်းရွှေ့ကြေး- ပေါင်သန်း (၅၀)။
အသက် (၁၆) နှစ်အရွယ်သာရှိသေးသည့် ကာမာဗင်ဂါအနေဖြင့် ရန်းနက်စ်အသင်းနဲ့အတူ အကောင်းဆုံးတောက်ပနေပြီး ဥရောပထိပ်တန်းအသင်းကြီးများရဲ့ အဓိကပစ်မှတ်ကစားသမားအဖြစ်လည်း စောင့်ကြည့်ခံနေရပါတယ်။ တန်ဖိုးအကြီးမားဆုံး ဆယ်ကျော်သက်ကစားသမားများ စာရင်းရဲ့ ထိပ်ဆုံး (၁၀) ယောက်စာရင်း၌ ပါဝင်နေသည့် ကာမာဗင်ဂါအနေဖြင့် ယူနိုက်တက်အသင်းရဲ့ နောက်ထပ်ဆယ်စုနှစ်စီမံကိန်းအတွက် အဓိကအရေးပါသည့် ကစားသမားအဖြစ် ပစ်မှတ်ထားခံရဖွယ်ရှိပါတယ်။
<Unicode Version>
Source ~ FourFourTwo
#HM(Soshwe)
#SoshweSport
#SoshweForYourDailyLife
#Like&Share