HomeSportမက္ဆီတစ္ေယာက္ ဘယ္အခ်ိန္မွာ အနားယူမလဲ ?

မက္ဆီတစ္ေယာက္ ဘယ္အခ်ိန္မွာ အနားယူမလဲ ?

- Advertisement -

ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီရဲ႕ အသက္အရြယ္ဟာ လက္ရွိအခ်ိန္၌ (၃၂) ႏွစ္ကို  ေက်ာ္လြန္လာခဲ့ၿပီျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ေယာက္ရဲ႕ ေနဝင္ခ်ိန္ကို ခ်ဥ္းနင္းဝင္ေရာက္လာခဲ့ၿပီလည္းျဖစ္ပါတယ္။ ၿပီးခဲ့သည့္ ဒီဇင္ဘာလက (၂၀၁၉) ခုႏွစ္အတြက္ Ballon d’Or ဆုကို ပူပူေႏြးေႏြးရရွိခဲ့သည့္ မက္ဆီအေနျဖင့္ လာမည့္ (၂၀၂၀) ခုႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕၌ ဘာစီလိုနာအသင္းက ထြက္ခြာႏိုင္ေၾကာင္းစာခ်ဳပ္ကိုလည္း ခ်ဳပ္ဆိုထားေၾကာင္း သတင္းေတြက  ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ စပိန္ေဘာလံုးကြ်မ္းက်င္သူတစ္ေယာက္ျဖစ္သူ Balague က “မက္ဆီတစ္ေယာက္ ဒီအခ်က္ကို လိုက္လုပ္မွာမဟုတ္ပါဘူး။ သူ႔ရဲ႕လက္ရွိစာခ်ဳပ္က တစ္ႏွစ္သက္တမ္း က်န္ရွိေနၿပီး အဲ့ဒီေနာက္ပိုင္းလည္း စာခ်ဳပ္သစ္ဆက္ခ်ဳပ္ဦးမွာပါ။ ကြ်န္ေတာ့္စိတ္ထင္ သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး  ထုတ္ေဖာ္ေျပာျပမွာမဟုတ္ဘဲ သူ႔စိတ္ထဲမွာပဲ ထားပါလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူဘာဆက္လုပ္ရမလဲဆိုတာကို သူကုိယ္တိုင္ေတာင္ မသိေသးလုိ႔ပါ။” ဟု သံုးသပ္ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာဥကၠဌ ဘာတိုမူသည္ မက္ဆီကို တစ္သက္တာစာခ်ဳပ္ခ်ဳပ္ဆိုရန္ ႀကိဳးပမ္းေနၿပီး လက္ရွိအခ်ိန္အထိ အၿပီးျပည့္စံုဆံုး ကစားသမားတစ္ဦးျဖစ္ေနဆဲ မက္ဆီရဲ႕အနာဂတ္အေပၚ ေနာက္ထပ္ စပိန္ေဘာလံုးကြ်မ္းက်င္သူတစ္ေယာက္ျဖစ္သည့္ Graham Hunter ကလည္း သံုးသပ္ေပးခဲ့ပါေသးတယ္။ Hunter က “သူက အသင္းေျပာင္းဖို႔ စဥ္းစားမယ့္လူမ်ိဳးမဟုတ္ပါဘူး။ မက္ဆီရဲ႕ ပါးစပ္ကေန ကြ်န္ေတာ္  ေနာက္ထပ္ (၂) ႏွစ္ စာခ်ဳပ္ခ်ဳပ္ခ်င္တယ္။ အဲ့ဒီအတြက္ ေနာက္ထပ္ ယူရိုသန္း (၉၀) ထပ္လိုခ်င္တယ္လို႔  ေျပာမွာမဟုတ္ပါဘူး။ ေဘာလံုးအေပၚ သူ႔ရဲ႕ခ်စ္ျမတ္ႏိုးမႈက အတိုင္းအဆမရွိ ႀကီးမားၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္မႈက မက္ဆီကို အဓိက ေမာင္းႏွင္ေနတာပါ။ ဒါေပမယ့္ မက္ဆီတစ္ေယာက္ ကစားသမားဘဝက အနားယူၿပီးသြားရင္ေတာ့ နည္းျပေလာကထဲ ဝင္ေရာက္လာမယ္လို႔ ကြ်န္ေတာ္မထင္ပါဘူး။” ဟု  ေျပာၾကားသြားခဲ့ပါတယ္။

- Advertisement -

ဒါေပမယ့္ လက္ရွိဘာစီလိုနာအသင္းရဲ႕ အေျခအေနက မက္ဆီအတြက္ စိတ္ပ်က္စရာျဖစ္ေနဖြယ္ရွိၿပီး အသင္းအေနနဲ႔ မက္ဆီကို ဦးတည္ရင္း အသင္းကို အေကာင္းဆံုး တည္ေဆာက္သင့္တယ္လို႔လည္း Hunter က သံုးသပ္ခဲ့ပါတယ္။ Viva La Liga ရုပ္သံအစီအစဥ္ရဲ႕ အစီအစဥ္တင္ဆက္သူ တစ္ဦးျဖစ္သည့္ Simon Hanley က “မက္ဆီက ေနရာစံုကစားႏုိင္တဲ့ ကစားသမားတစ္ဦးပါ။ ခင္ဗ်ားအခု သူ႔ကိုၾကည့္လိုက္မယ္ဆိုရင္ သူက ကမာၻ႕အေကာင္းဆံုး ေက်ာနံပါတ္ (၉) ကစားသမားတစ္ဦးျဖစ္ေနပါလိမ့္မယ္။ ေနာက္ၿပီး အေကာင္းဆံုး ေက်ာနံပါတ္ (၁၀)၊ (၈)၊ (၇) ဆိုလည္း ဟုတ္ပါတယ္။ သူက ညာေနာက္ခံလူေကာင္းတစ္ေယာက္ေတာင္ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ မက္ဆီသာ ေနာက္ထပ္ (၆) ႏွစ္ေလာက္ ထပ္ကစားၿပီး ခ်န္ပီယံလိဂ္ဖလား (၅) လံုးေလာက္ ယူခ်င္တယ္၊ ေအာင္ပဲြေတြကို ဆာေလာင္ေနတယ္၊ စိတ္ဓာတ္တက္ၾကြေနဦးမယ္ဆိုရင္ ဘယ္နည္းျပက သူ႔ကို ခ်န္လွပ္ႏိုင္မွာလဲ။” ဟု သံုးသပ္ေပးသြားခဲ့ပါတယ္။

- Advertisement -

မက္ဆီအေနျဖင့္ သူ႔ရဲ႕ အေကာင္းဆံုးပံုစံကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဦးမလားဆိုသည့္  ေမးခြန္းအေပၚ၌လည္း Hanley က “ခင္ဗ်ားတို႔ သူကစားတာကို ေစာင့္ၾကည့္လိုက္ပါ။ သူက မိနစ္ (၉၀) လံုးလံုး ေျပးလႊားမေနဘဲ သူ႔ရဲ႕ခြန္အားကို ေခြ်တာဖို႔ ဘယ္အခ်ိန္မွာ လႈပ္ရွားရမယ္၊ ဘယ္အခ်ိန္မွာ  ေျပးရမလဲဆိုတာကို တြက္ဆၿပီးသားပါ။” ဟု သံုးသပ္ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

မက္ဆီရဲ႕ မဟာၿပိဳင္ဘက္ ေရာ္နယ္ဒိုသည္လည္း လက္ရွိအခ်ိန္၌ အသက္ (၃၄) ႏွစ္အရြယ္  ေက်ာ္လြန္လာခဲ့သည့္တိုင္ အေကာင္းဆံုးပံုစံမ်ား ျပသႏိုင္ရန္ ႀကိဳးစားေနဆဲျဖစ္ၿပီး မက္ဆီလည္း   ေရာ္နယ္ဒိုနည္းတူ ကစားသမားဘဝေနာက္ဆံုးအခ်ိန္အထိ အေကာင္းဆံုးေျခစြမ္းမ်ား ျပသသြားႏိုင္မလား စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ရမည္ျဖစ္ပါတယ္။

<Zawgyi Version>

 

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီရဲ့ အသက်အရွယ်ဟာ လက်ရှိအချိန်၌ (၃၂) နှစ်ကို  ကျော်လွန်လာခဲ့ပြီဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ရဲ့ နေဝင်ချိန်ကို ချဉ်းနင်းဝင်ရောက်လာခဲ့ပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့သည့် ဒီဇင်ဘာလက (၂၀၁၉) ခုနှစ်အတွက် Ballon d’Or ဆုကို ပူပူနွေးနွေးရရှိခဲ့သည့် မက်ဆီအနေဖြင့် လာမည့် (၂၀၂၀) ခုနှစ် နွေရာသီအပြောင်းအရွှေ့၌ ဘာစီလိုနာအသင်းက ထွက်ခွာနိုင်ကြောင်းစာချုပ်ကိုလည်း ချုပ်ဆိုထားကြောင်း သတင်းတွေက  ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် စပိန်ဘောလုံးကျွမ်းကျင်သူတစ်ယောက်ဖြစ်သူ Balague က “မက်ဆီတစ်ယောက် ဒီအချက်ကို လိုက်လုပ်မှာမဟုတ်ပါဘူး။ သူ့ရဲ့လက်ရှိစာချုပ်က တစ်နှစ်သက်တမ်း ကျန်ရှိနေပြီး အဲ့ဒီနောက်ပိုင်းလည်း စာချုပ်သစ်ဆက်ချုပ်ဦးမှာပါ။ ကျွန်တော့်စိတ်ထင် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး  ထုတ်ဖော်ပြောပြမှာမဟုတ်ဘဲ သူ့စိတ်ထဲမှာပဲ ထားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဘာဆက်လုပ်ရမလဲဆိုတာကို သူကိုယ်တိုင်တောင် မသိသေးလို့ပါ။” ဟု သုံးသပ်ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဌ ဘာတိုမူသည် မက်ဆီကို တစ်သက်တာစာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေပြီး လက်ရှိအချိန်အထိ အပြီးပြည့်စုံဆုံး ကစားသမားတစ်ဦးဖြစ်နေဆဲ မက်ဆီရဲ့အနာဂတ်အပေါ် နောက်ထပ် စပိန်ဘောလုံးကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့် Graham Hunter ကလည်း သုံးသပ်ပေးခဲ့ပါသေးတယ်။ Hunter က “သူက အသင်းပြောင်းဖို့ စဉ်းစားမယ့်လူမျိုးမဟုတ်ပါဘူး။ မက်ဆီရဲ့ ပါးစပ်ကနေ ကျွန်တော်  နောက်ထပ် (၂) နှစ် စာချုပ်ချုပ်ချင်တယ်။ အဲ့ဒီအတွက် နောက်ထပ် ယူရိုသန်း (၉၀) ထပ်လိုချင်တယ်လို့  ပြောမှာမဟုတ်ပါဘူး။ ဘောလုံးအပေါ် သူ့ရဲ့ချစ်မြတ်နိုးမှုက အတိုင်းအဆမရှိ ကြီးမားပြီး ပြိုင်ဆိုင်မှု ပြင်းထန်မှုက မက်ဆီကို အဓိက မောင်းနှင်နေတာပါ။ ဒါပေမယ့် မက်ဆီတစ်ယောက် ကစားသမားဘဝက အနားယူပြီးသွားရင်တော့ နည်းပြလောကထဲ ဝင်ရောက်လာမယ်လို့ ကျွန်တော်မထင်ပါဘူး။” ဟု  ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိဘာစီလိုနာအသင်းရဲ့ အခြေအနေက မက်ဆီအတွက် စိတ်ပျက်စရာဖြစ်နေဖွယ်ရှိပြီး အသင်းအနေနဲ့ မက်ဆီကို ဦးတည်ရင်း အသင်းကို အကောင်းဆုံး တည်ဆောက်သင့်တယ်လို့လည်း Hunter က သုံးသပ်ခဲ့ပါတယ်။ Viva La Liga ရုပ်သံအစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ တစ်ဦးဖြစ်သည့် Simon Hanley က “မက်ဆီက နေရာစုံကစားနိုင်တဲ့ ကစားသမားတစ်ဦးပါ။ ခင်ဗျားအခု သူ့ကိုကြည့်လိုက်မယ်ဆိုရင် သူက ကမ္ဘာ့အကောင်းဆုံး ကျောနံပါတ် (၉) ကစားသမားတစ်ဦးဖြစ်နေပါလိမ့်မယ်။ နောက်ပြီး အကောင်းဆုံး ကျောနံပါတ် (၁၀)၊ (၈)၊ (၇) ဆိုလည်း ဟုတ်ပါတယ်။ သူက ညာနောက်ခံလူကောင်းတစ်ယောက်တောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မက်ဆီသာ နောက်ထပ် (၆) နှစ်လောက် ထပ်ကစားပြီး ချန်ပီယံလိဂ်ဖလား (၅) လုံးလောက် ယူချင်တယ်၊ အောင်ပွဲတွေကို ဆာလောင်နေတယ်၊ စိတ်ဓာတ်တက်ကြွနေဦးမယ်ဆိုရင် ဘယ်နည်းပြက သူ့ကို ချန်လှပ်နိုင်မှာလဲ။” ဟု သုံးသပ်ပေးသွားခဲ့ပါတယ်။

- Advertisement -

မက်ဆီအနေဖြင့် သူ့ရဲ့ အကောင်းဆုံးပုံစံကို ဆက်လက်ထိန်းသိမ်းထားနိုင်ဦးမလားဆိုသည့်  မေးခွန်းအပေါ်၌လည်း Hanley က “ခင်ဗျားတို့ သူကစားတာကို စောင့်ကြည့်လိုက်ပါ။ သူက မိနစ် (၉၀) လုံးလုံး ပြေးလွှားမနေဘဲ သူ့ရဲ့ခွန်အားကို ချွေတာဖို့ ဘယ်အချိန်မှာ လှုပ်ရှားရမယ်၊ ဘယ်အချိန်မှာ  ပြေးရမလဲဆိုတာကို တွက်ဆပြီးသားပါ။” ဟု သုံးသပ်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

မက်ဆီရဲ့ မဟာပြိုင်ဘက် ရော်နယ်ဒိုသည်လည်း လက်ရှိအချိန်၌ အသက် (၃၄) နှစ်အရွယ်  ကျော်လွန်လာခဲ့သည့်တိုင် အကောင်းဆုံးပုံစံများ ပြသနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး မက်ဆီလည်း   ရော်နယ်ဒိုနည်းတူ ကစားသမားဘဝနောက်ဆုံးအချိန်အထိ အကောင်းဆုံးခြေစွမ်းများ ပြသသွားနိုင်မလား စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဖြစ်ပါတယ်။

<Unicode Version>

 

Source ~ FourFourTwo

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

15 − nine =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...