HomeEntertainmentကိုယ္အေလးခ်ိန္ကို သိသိသာသာ ေလွ်ာ႕ခ်လိုက္တ့ဲ ကမာၻေက်ာ္အဆိုေတာ္မေလး Adele

ကိုယ္အေလးခ်ိန္ကို သိသိသာသာ ေလွ်ာ႕ခ်လိုက္တ့ဲ ကမာၻေက်ာ္အဆိုေတာ္မေလး Adele

- Advertisement -

မၾကာေသးခင္က အသက္ ၃၁ ႏွစ္အရြယ္ ကမာၻေက်ာ္အဆိုေတာ္ Adele ကို James Corden ၊ Harry Styles တို႔နဲ႔အတူ Caribbean ကမ္းေျခမွာ လြတ္လပ္ေပါ့ပါးစြာ အပန္းေျခအနားယူေနတာကို ေတြ႔ခဲ့ၾကရပါတယ္။

Adele က သူ႔ရဲ႕ခင္ပြန္းေဟာင္းျဖစ္သူ Simon Konecki နဲ႔ ကြာရွင္းျပတ္ဆဲၿပီးတဲ့ေနာက္မွာ စိတ္ဖိစီးမႈျမင့္တက္လာခဲ့တာေၾကာင့္ ကိုယ္အေလးခ်ိန္သိသိသာသာ တက္လာခဲ့တာကို အားလံုးျမင္ေတြ႔ခဲ့ရၿပီး ျဖစ္မွာပါ။ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွာေတာ့ လူေတြက Adeleဟာ သူ႔ရဲ႕ခႏၶာကိုယ္အေလးခ်ိန္ကို ျပန္လည္ေလ်ာ့ခ်ေနၿပီး က်န္းမာတဲ့ဘဝသစ္ကို ေလွ်ာက္လွမ္းေနၿပီဆိုတာကို သိခြင့္ရခဲ့တာပဲျဖစ္ပါတယ္။

- Advertisement -

- Advertisement -

ကမ္းေျခမွာ Adele ကို ေတြ႔ရေတာ့ Adele ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားဟာ အရင္ကထက္ပိုၿပီး က်စ္လစ္လာတာက ပိုၿပီးသိသာထင္ရွားလာပါေတာ့တယ္။ အျဖဴနဲ႔အမဲစပ္ထားတဲ့ဂါဝန္ေလးကိုဝတ္ဆင္ၿပီး လြတ္လပ္ေပါ့ပါးစြာ ကမ္းေျခမွာအပန္းေျဖအနားယူေနတဲ့ Adeleကိုေတြ႔ရေတာ့ သူ႔ရဲ႕ပရိသတ္ေတြေရာ သီခ်င္းခ်စ္သူေတြကပါ အသံပါဝါေကာင္းေကာင္း နဲ႔ အႏွစ္သာရျပည့္ဝတဲ့ Adele ရဲ႕သီခ်င္းသစ္ေတြကို နားဆင္ခြင့္ရေတာ့မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးကို ျပန္လည္ျမင္ေယာင္ခြင့္ရလာၾကပါတယ္။

Adele ရဲ႕ ခႏၶာကိုယ္မွာ ေနာက္ထပ္ထူးျခားစြာေတြ႕ျမင္ရတဲ့အရာကေတာ့ သူ႔ရဲ႕ပုခံုးေပၚက ပ်ံလႊားငွက္ ၅ ေကာင္ပံု တက္တူးအသစ္ပဲျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ Adele ရဲ႕ ခႏၶာကိုယ္ေပၚမွာ တက္တူး ၈ ခု ရွိသြားပါၿပီ။ Adele ဟာ သူ႔ရဲ႕ညာဘက္လက္မွာေတာ့ သားေလး Angelo ရဲ႕နာမည္ကို တက္တူးေရးထိုးထားတာပဲျဖစ္ပါတယ္။

Adele ရဲ႕ ခႏၶာကိုယ္အေလးခ်ိန္က်သြားတဲ့အေပၚ သူ႔ကိုခ်စ္တဲ့ပရိသတ္ေတြက “ေနမေကာင္းလို႔မ်ား ပိန္သြားတာလား? စိတ္ပူဖို႔လိုလား?” စတဲ့ စိုးရိမ္ပူပန္တ့ဲအေၾကာင္းကို အခ်င္းခ်င္းေျပာဆိုေနၾကပါတယ္။ ေဝဖန္ေလကန္သူေတြကေတာ့ Adele ဝဝျပည့္ျပည့္ေလးျဖစ္ေနတုန္းကလည္း “အရမ္းဝလြန္းတာက က်န္းမာေရးကိုထိခိုက္ေစတယ္။ ခႏၶာကိုယ္အေလးခ်ိန္ေလးဘာေလးေလ်ာ့ပါဦး။” လို႔ဆိုၾကၿပီး ခုလိုပိန္ပါးသြယ္လ်လာေတာ့လည္း “အရမ္းပိန္ေနၿပီ။ အစားေလးဘာေလးစားပါဦး။” လို႔ဆိုၾကျပန္ပါတယ္။

<Zawgyi Version>

 

- Advertisement -

မကြာသေးခင်က အသက် ၃၁ နှစ်အရွယ် ကမ္ဘာကျော်အဆိုတော် Adele ကို James Corden ၊ Harry Styles တို့နဲ့အတူ Caribbean ကမ်းခြေမှာ လွတ်လပ်ပေါ့ပါးစွာ အပန်းခြေအနားယူနေတာကို တွေ့ခဲ့ကြရပါတယ်။

Adele က သူ့ရဲ့ခင်ပွန်းဟောင်းဖြစ်သူ Simon Konecki နဲ့ ကွာရှင်းပြတ်ဆဲပြီးတဲ့နောက်မှာ စိတ်ဖိစီးမှုမြင့်တက်လာခဲ့တာကြောင့် ကိုယ်အလေးချိန်သိသိသာသာ တက်လာခဲ့တာကို အားလုံးမြင်တွေ့ခဲ့ရပြီး ဖြစ်မှာပါ။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာတော့ လူတွေက Adeleဟာ သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ကို ပြန်လည်လျော့ချနေပြီး ကျန်းမာတဲ့ဘဝသစ်ကို လျှောက်လှမ်းနေပြီဆိုတာကို သိခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

ကမ်းခြေမှာ Adele ကို တွေ့ရတော့ Adele ရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ အရင်ကထက်ပိုပြီး ကျစ်လစ်လာတာက ပိုပြီးသိသာထင်ရှားလာပါတော့တယ်။ အဖြူနဲ့အမဲစပ်ထားတဲ့ဂါဝန်လေးကိုဝတ်ဆင်ပြီး လွတ်လပ်ပေါ့ပါးစွာ ကမ်းခြေမှာအပန်းဖြေအနားယူနေတဲ့ Adeleကိုတွေ့ရတော့ သူ့ရဲ့ပရိသတ်တွေရော သီချင်းချစ်သူတွေကပါ အသံပါဝါကောင်းကောင်း နဲ့ အနှစ်သာရပြည့်ဝတဲ့ Adele ရဲ့သီချင်းသစ်တွေကို နားဆင်ခွင့်ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးကို ပြန်လည်မြင်ယောင်ခွင့်ရလာကြပါတယ်။

Adele ရဲ့ ခန္ဓာကိုယ်မှာ နောက်ထပ်ထူးခြားစွာတွေ့မြင်ရတဲ့အရာကတော့ သူ့ရဲ့ပုခုံးပေါ်က ပျံလွှားငှက် ၅ ကောင်ပုံ တက်တူးအသစ်ပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ Adele ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်တူး ၈ ခု ရှိသွားပါပြီ။ Adele ဟာ သူ့ရဲ့ညာဘက်လက်မှာတော့ သားလေး Angelo ရဲ့နာမည်ကို တက်တူးရေးထိုးထားတာပဲဖြစ်ပါတယ်။

Adele ရဲ့ ခန္ဓာကိုယ်အလေးချိန်ကျသွားတဲ့အပေါ် သူ့ကိုချစ်တဲ့ပရိသတ်တွေက “နေမကောင်းလို့များ ပိန်သွားတာလား? စိတ်ပူဖို့လိုလား?” စတဲ့ စိုးရိမ်ပူပန်တဲ့အကြောင်းကို အချင်းချင်းပြောဆိုနေကြပါတယ်။ ဝေဖန်လေကန်သူတွေကတော့ Adele ဝဝပြည့်ပြည့်လေးဖြစ်နေတုန်းကလည်း “အရမ်းဝလွန်းတာက ကျန်းမာရေးကိုထိခိုက်စေတယ်။ ခန္ဓာကိုယ်အလေးချိန်လေးဘာလေးလျော့ပါဦး။” လို့ဆိုကြပြီး ခုလိုပိန်ပါးသွယ်လျလာတော့လည်း “အရမ်းပိန်နေပြီ။ အစားလေးဘာလေးစားပါဦး။” လို့ဆိုကြပြန်ပါတယ်။

<Unicode Version>

Source ~ Mirror News

#SY(1209Soswhe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 − 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...