Breaking News

Singapore နိုင်ငံရှိ လူကြိုက်များထင်ရှားတဲ့ ဗိသုကာလက်ရာမြောက် အဆောက်အအုံများ။

ဒီဆောင်းပါးကို ဖတ်ရှုနေသူဟာ ဗိသုကာလက်ရာတွေကို သဘောကျနှစ်သက်သူဖြစ်ပြီး အနုပညာစိတ်ကူးစိတ်သန်းတွေကို စိတ်ဝင်စား၊ သဘောကျနှစ်သက်သူဆိုရင်တော့ ဒီဆောင်းပါက သင့်အတွက်ပဲဖြစ်ပါတယ်။ Singapore ဗိသုကာပညာရှင်တွေရဲ့ ခမ်းနားလှပသေသပ်တဲ့ အနုပညာလက်ရာတွေကို Singapore နိုင်ငံရဲ့ အဆောက်အအုံတွေကို ကြည့်ရင်း လေ့လာကြည့်ရအောင်နော်။

Singapore နိုင်ငံမှာရှိတဲ့ နာမည်ကြီးအထင်ကရအဆောက်အအုံတွေမှာ အာရှသားတွေရဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာနိုင်ရုံသာမက နိုင်ငံတကာအဆင့်မီပြီး ခေတ်ဆန်တဲ့လက်ရာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဗိသုကာပညာရှင်တစ်ဦးဖြစ်တဲ့ Cong Keng Hua ဆိုသူဟာ “Singapore နိုင်ငံက အဆောက်အအုံတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ ဗိသုကာလက်ရာတွေကို ကြည့်မယ်ဆိုရင် အခြားသော ဖွံ့ဖြိုးပြီးအာရှနိုင်ငံတွေက အဆောက်အအုံလက်ရာတွေနဲ့ ကွဲပြားနေတာကို တွေ့ရမှာပဲဖြစ်တယ်။” လို့ဆိုခဲ့ပါတယ်။

၁။ Raffles Hotel – ၁၈၈၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခန််း ၁၀ ခန်းနဲ့ စတင်ခဲ့ရာကနေ ၂၀၁၉ ရောက်တဲ့အခါမှာတော့ အခန်းတွေကို ထပ်မံတိုးချဲ့လိုက်ပြီး ဇိမ်ခံဟိုတယ်အဖြစ် နာမည်ကြီးလာတာပဲဖြစ်ပါတယ်။

 

၂။ Jewel Changi Airport – ဗိသုကာပညာရှင် Moshe Safdie ရဲ့လက်ရာဖြစ်ပြီး တောအုပ်ထဲမှာရှိတဲ့ လေဆိပ်ထဲရောက်နေတဲ့အတိုင်းပါပဲ။ အဆိုပါလေဆိပ်ကြီးရဲ့အပြင်ပိုင်းက ခမ်းနားရုံတင်မကပဲ အတွင်းပိုင်းမှာလည်း သဘာဝတရားနဲ့နှီးနှောပြီး ဗိသုကာလက်ရာမြောက်စွာ ဖန်တီးတည်ဆောက်ထားတာပဲဖြစ်ပါတယ်။

 

၃။ ပင်လယ်ကမ်းခြေဘေးက Esplanade Theatres – Esplanade Theatres ရဲ့ ခေါင်မိုးကို တြိဂံပုံ အလူမီနီယံနေကာ ၇,၀၀၀ ကျော်ကို အသုံးပြုပြီး တည်းဆောက်ထားတာဖြစ်တဲ့အတွက် “The Durian” လို့ အများက တင်စားခေါ်ဝေါ်ကြပါတယ်။ Esplanade Theatres အဆောက်အအုံဟာ နာမည်ကြီးပေမယ့် နိုင်ငံတကာက ခရီးသွားတိုင်းကိုတော့ ဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။

 

၄။ Maria Bay Sands – ဗိသုကာပညာရှင် Moshe Safie ရဲ့ အနုပညာမြောက်လက်ရာတွေထဲက တစ်ခုလို့ဆိုရပါမယ်။ အဆိုပါအဆောက်အအုံထဲမှာဆိုရင် ဟိုတယ် ၊ စျေးဝယ်စင်တာနဲ့ ကာစီနိုတို့ကို  တွေ့မြင်နိုင်မှာဖြစ်ပြီး အကြီးမားဆုံးသော ခေါင်မိုးပေါ်ကရေကူးကန်ရှိရာ နေရာလည်းဖြစ်ပါတယ်။

 

၅။ National Gallery Singapore – အဆိုပါအဆောက်အအုံဟာ အနုပညာလက်ရာပြခန်းမဖြစ်ခင်က မြို့တော်စည်ပင်သာယာရုံးနဲ့ နိုင်ငံတော်တရားရုံးချုပ် ဖြစ်ခဲ့ဖူးပါတယ်။ အဆိုပါ အနုပညာလက်ရာပြခန်းမှာဆိုရင်  ရှေးဟောင်းပန်းချီပညာရှင်တို့ရဲ့ အနုပညာလက်ရာနဲ့ ခေတ်သစ်ပန်းချီပညာရှင်တို့ရဲ့ အနုပညာလက်ရာတွေကိုပါ ယှဉ်တွဲတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

 

၆။ Sri Mariamman Temple – ရှေးအကျဆုံးသော Sri Mariamman Temple ဟာ ဟိန္ဒူသာသနာဝင်တို့ အလေးထားရာ ဘုရားကျောင်းပဲဖြစ်ပါတယ်။ ၁၈၂၇ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဘုရားကျောင်းထဲက အနုပညာလက်ရာများကတော့ ၁၈၆၀ ခုနှစ်က ဗိသုလက်ရာတွေနဲ့ ပိုပြီးအလားသဏ္ဍန်တူနေပါတယ်။

 

၇။ Chijmes – ဗိသုကာပညာရှင် George Drumgoole Coleman ရဲ့ မဟာဗိသုကာလက်ရာဖြစ်ပြီး အလယ်ပိုင်းခေတ် ဂျာမန်ဗိသုကာလက်ရာအများအပြားကို အဆိုပါခရစ်ယာန်ဘုရားကျောင်းမှာ  တွေ့မြင်နိုင်တာပဲဖြစ်ပါတယ်။ အဆိုပါအဆောက်အအုံကို သွားရောက်မလည်ပတ်ဖြစ်ခဲ့ရင်တောင် ၂၀၁၈ ခုနှစ်က ထွက်ရှိထားတဲ့ “Crazy Rich Asian” ဇာတ်ကားထဲက လက်ထပ်ထိမ်းမြားတဲ့ ဇာတ်ဝင်ခန်းမှာ  တွေ့မြင်နိုင်ပါသေးတယ်။

 

၈။ Fullerton Hotel Singapore – ဗိသုကာပညာရှင် Major Percy Hubert Keys နဲ့ Frank Dowdeswell တို့ရဲ့ လက်ရာဖြစ်ပြီး ၁၉၂၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၀၁ ခုနှစ်ရောက်မှ ဟိုတယ်အဖြစ် ပြန်လည်ပြောင်းလဲ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

 

၉။ Victoria Theatre & Concert Hall – ဗိသုကာပညာရှင် John Bennett  က ၁၈၆၂ ခုနှစ်မှာ Victoria Theatre အဆောက်အအုံကိုတီထွင်ခဲ့ပြီး John Bidwell of Swan နဲ့ Maclaren တို့က ၁၉၀၅ ခုနှစ်ရောက်တဲ့အခါမှာ Concert Hall အဖြစ် ပြန်လည်တီထွင်ဆန်းသစ်ခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ အဆောက်အအုံကြီးတစ်ခုလုံးကို ခေတ်မှီဗိသုကာလက်ရာတွေနဲ့ ပြန်လည်မွမ်းမံပြီး ၂၀၁၄ ခုနှစ်မှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

 

၁၀။ The Interlace – တိုက်ခန်းတွေ အများကြီးထည့်သွင်းတည်ဆောက်ထားတဲ့ အဆိုပါအဆောက်အအုံကို ဗိသုကာပညာရှင်ပေါင်းမြောက်များစွာ ပူးပေါင်းပြီး ဖန်တီးပေးထားတာဖြစ်ပါတယ်။ အဆိုပါအဆောက်အအုံဒီဇိုင်းကို ရေးဆွဲခဲ့တဲ့ ဗိသုကာပညာရှင်တစ်ဦးဖြစ်တဲ့ Eric Chang က ကျေးလက်အငွေ့အသက်ပါဝင်နေတဲ့ မြို့ပြနေထိုင်မှုအဆင့်အတန်းကို ပုံဖော်ထားခြင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

<Uniocde Version>

 

 

Singapore ႏိုင္ငံရွိ လူႀကိဳက္မ်ားထင္ရွားတ့ဲ ဗိသုကာလက္ရာေျမာက္ အေဆာက္အအံုမ်ား။

ဒီေဆာင္းပါးကို ဖတ္႐ႈေနသူဟာ ဗိသုကာလက္ရာေတြကို သေဘာက်ႏွစ္သက္သူျဖစ္ၿပီး အႏုပညာစိတ္ကူးစိတ္သန္းေတြကို စိတ္ဝင္စား၊ သေဘာက်ႏွစ္သက္သူဆိုရင္ေတာ့ ဒီေဆာင္းပါက သင့္အတြက္ပဲျဖစ္ပါတယ္။ Singapore ဗိသုကာပညာရွင္ေတြရဲ႕ ခမ္းနားလွပေသသပ္တဲ့ အႏုပညာလက္ရာေတြကို Singapore  ႏိုင္ငံရဲ႕ အေဆာက္အအံုေတြကို ၾကည့္ရင္း  ေလ့လာၾကည့္ရေအာင္ေနာ္။

Singapore ႏိုင္ငံမွာရွိတဲ့ နာမည္ႀကီးအထင္ကရအေဆာက္အအံုေတြမွာ အာရွသားေတြရဲ႕ ဓေလ့ထံုးတမ္းေတြကို  ေလ့လာႏိုင္ရုံသာမက ႏိုင္ငံတကာအဆင့္မီၿပီး ေခတ္ဆန္တဲ့လက္ရာေတြကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္။ ဗိသုကာပညာရွင္တစ္ဦးျဖစ္တဲ့ Cong Keng Hua ဆုိသူဟာ “Singapore ႏိုင္ငံက အေဆာက္အအံုေတြမွာ  ေတြ႔ျမင္ရေလ့ရွိတဲ့ ဗိသုကာလက္ရာေတြကို ၾကည့္မယ္ဆိုရင္ အျခားေသာ ဖြံ႔ၿဖိဳးၿပီးအာရွႏိုင္ငံေတြက အေဆာက္အအံုလက္ရာေတြနဲ႔ ကြဲျပားေနတာကို ေတြ႔ရမွာပဲျဖစ္တယ္။” လို႔ဆုိခဲ့ပါတယ္။

၁။ Raffles Hotel – ၁၈၈၇ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ၿပီး အခန္္း ၁၀ ခန္းနဲ႔ စတင္ခဲ့ရာကေန ၂၀၁၉  ေရာက္တဲ့အခါမွာေတာ့ အခန္းေတြကို ထပ္မံတိုးခ်ဲ႕လိုက္ၿပီး ဇိမ္ခံဟိုတယ္အျဖစ္ နာမည္ႀကီးလာတာပဲျဖစ္ပါတယ္။

 

၂။ Jewel Changi Airport – ဗိသုကာပညာရွင္ Moshe Safdie ရဲ႕လက္ရာျဖစ္ၿပီး ေတာအုပ္ထဲမွာရွိတဲ့ ေလဆိပ္ထဲေရာက္ေနတဲ့အတိုင္းပါပဲ။ အဆုိပါေလဆိပ္ႀကီးရဲ႕အျပင္ပိုင္းက ခမ္းနား႐ံုတင္မကပဲ အတြင္းပိုင္းမွာလည္း သဘာဝတရားနဲ႔ႏွီးေႏွာၿပီး ဗိသုကာလက္ရာေျမာက္စြာ ဖန္တီးတည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။

 

၃။ ပင္လယ္ကမ္းေျခေဘးက Esplanade Theatres – Esplanade Theatres ရဲ႕ ေခါင္မိုးကို ႀတိဂံပံု အလူမီနီယံေနကာ ၇,၀၀၀ ေက်ာ္ကို အသံုးျပဳၿပီး တည္းေဆာက္ထားတာျဖစ္တဲ့အတြက္ “The Durian” လို႔ အမ်ားက တင္စားေခၚေဝၚၾကပါတယ္။ Esplanade Theatres အေဆာက္အအံုဟာ နာမည္ႀကီးေပမယ့္ ႏုိင္ငံတကာက ခရီးသြားတိုင္းကိုေတာ့ ဆြဲေဆာင္ႏိုင္ျခင္းမရွိခ့ဲပါဘူး။

 

၄။ Maria Bay Sands – ဗိသုကာပညာရွင္ Moshe Safie ရဲ႕ အႏုပညာေျမာက္လက္ရာေတြထဲက တစ္ခုလို႔ဆိုရပါမယ္။ အဆိုပါအေဆာက္အအံုထဲမွာဆိုရင္ ဟိုတယ္ ၊ ေစ်းဝယ္စင္တာနဲ႔ ကာစီႏိုတို႔ကို  ေတြ႔ျမင္ႏိုင္မွာျဖစ္ၿပီး အႀကီးမားဆံုးေသာ ေခါင္မိုးေပၚကေရကူးကန္ရွိရာ ေနရာလည္းျဖစ္ပါတယ္။

 

၅။ National Gallery Singapore – အဆိုပါအေဆာက္အအံုဟာ အႏုပညာလက္ရာျပခန္းမျဖစ္ခင္က ၿမိဳ႕ေတာ္စည္ပင္သာယာ႐ံုးနဲ႔ ႏိုင္ငံေတာ္တရား႐ံုးခ်ဳပ္ ျဖစ္ခဲ့ဖူးပါတယ္။ အဆိုပါ အႏုပညာလက္ရာျပခန္းမွာဆိုရင္ ေရွးေဟာင္းပန္းခ်ီပညာရွင္တို႔ရဲ႕ အႏုပညာလက္ရာနဲ႔ ေခတ္သစ္ပန္းခ်ီပညာရွင္တို႔ရဲ႕ အႏုပညာလက္ရာေတြကိုပါ ယွဥ္တြဲေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။

 

၆။ Sri Mariamman Temple – ေရွးအက်ဆံုးေသာ Sri Mariamman Temple ဟာ ဟိႏၵဴသာသနာဝင္တို႔ အေလးထားရာ ဘုရားေက်ာင္းပဲျဖစ္ပါတယ္။ ၁၈၂၇ ခုႏွစ္ကတည္းက ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ဘုရားေက်ာင္းထဲက အႏုပညာလက္ရာမ်ားကေတာ့ ၁၈၆၀ ခုႏွစ္က ဗိသုလက္ရာေတြနဲ႔ ပိုၿပီးအလားသ႑န္တူေနပါတယ္။

 

၇။ Chijmes – ဗိသုကာပညာရွင္ George Drumgoole Coleman ရဲ႕ မဟာဗိသုကာလက္ရာျဖစ္ၿပီး အလယ္ပိုင္းေခတ္ ဂ်ာမန္ဗိသုကာလက္ရာအမ်ားအျပားကို အဆိုပါခရစ္ယာန္ဘုရားေက်ာင္းမွာ  ေတြ႔ျမင္ႏိုင္တာပဲျဖစ္ပါတယ္။ အဆိုပါအေဆာက္အအံုကို သြားေရာက္မလည္ပတ္ျဖစ္ခဲ့ရင္ေတာင္ ၂၀၁၈ ခုႏွစ္က ထြက္ရွိထားတဲ့ “Crazy Rich Asian” ဇာတ္ကားထဲက လက္ထပ္ထိမ္းျမားတဲ့ ဇာတ္ဝင္ခန္းမွာ  ေတြ႔ျမင္ႏိုင္ပါေသးတယ္။

 

၈။ Fullerton Hotel Singapore – ဗိသုကာပညာရွင္ Major Percy Hubert Keys နဲ႔ Frank Dowdeswell တို႔ရဲ႕ လက္ရာျဖစ္ၿပီး ၁၉၂၈ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ကာ ၂၀၀၁ ခုႏွစ္ေရာက္မွ ဟိုတယ္အျဖစ္ ျပန္လည္ေျပာင္းလဲ ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

 

၉။ Victoria Theatre & Concert Hall – ဗိသုကာပညာရွင္ John Bennett  က ၁၈၆၂ ခုႏွစ္မွာ Victoria Theatre အေဆာက္အအံုကိုတီထြင္ခဲ့ၿပီး John Bidwell of Swan နဲ႔ Maclaren တို႔က ၁၉၀၅ ခုႏွစ္ေရာက္တဲ့အခါမွာ Concert Hall အျဖစ္ ျပန္လည္တီထြင္ဆန္းသစ္ခဲ့ၾကပါတယ္။ ၂၀၁၀ ခုႏွစ္မွာေတာ့ အေဆာက္အအံုႀကီးတစ္ခုလံုးကို ေခတ္မွီဗိသုကာလက္ရာေတြနဲ႔ ျပန္လည္မြမ္းမံၿပီး ၂၀၁၄ ခုႏွစ္မွာ ျပန္လည္ဖြင့္လွစ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

 

၁၀။ The Interlace – တိုက္ခန္းေတြ အမ်ားႀကီးထည့္သြင္းတည္ေဆာက္ထားတဲ့ အဆိုပါအေဆာက္အအံုကို ဗိသုကာပညာရွင္ေပါင္းေျမာက္မ်ားစြာ ပူးေပါင္းၿပီး ဖန္တီးေပးထားတာျဖစ္ပါတယ္။ အဆိုပါအေဆာက္အအံုဒီဇိုင္းကို ေရးဆြဲခဲ့တဲ့ ဗိသုကာပညာရွင္တစ္ဦးျဖစ္တဲ့ Eric Chang က ေက်းလက္အေငြ႔အသက္ပါဝင္ေနတဲ့ ၿမိဳ႕ျပေနထိုင္မႈအဆင့္အတန္းကို ပံုေဖာ္ထားျခင္းျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

#soshwehomeandproperty

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro