HomeOtherဘဏ္ဓားျပတိုက္ၿပီး ထူးထူးဆန္းဆန္း ျပဳလုပ္ခ့ဲတ့ဲအမ်ိဳးသား။

ဘဏ္ဓားျပတိုက္ၿပီး ထူးထူးဆန္းဆန္း ျပဳလုပ္ခ့ဲတ့ဲအမ်ိဳးသား။

- Advertisement -

ေကာ္လိုရာဒိုေဒသ၌ ၂၀၁၉၊ ဒီဇင္ဘာ (၂၃) ရက္ေန႔က ထူးဆန္းသည့္ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရွိရပါတယ္။ အသက္ (၆၅) ႏွစ္အရြယ္ရွိ David Wayne Oliver သည္ ေန႔လယ္ (၁၂) နာရီခဲြအခ်ိန္၌ Academy ဘဏ္အတြင္းသို႔ ေသနတ္တစ္လက္ကိုင္ကာ ေအးေဆးစြာ ဝင္လာခဲ့ၿပီး ပိုက္ဆံမ်ားကို ဓားျပတိုက္ခဲ့ပါတယ္။

- Advertisement -

သူဓားျပတိုက္ယူခဲ့သည့္ ေငြပမာဏကို အတိအက်မသိရွိရေပမယ့္ Oliver အေနျဖင့္ ဘဏ္ကို ေအာင္ျမင္စြာ ဓားျပတိုက္ၿပီးေနာက္ ဘဏ္အျပင္ လမ္းမေပၚကိုထြက္ကာ အိတ္ထဲမွ ပိုက္ဆံမ်ားကို ထုတ္ၿပီး ေလထဲက်ဲပစ္ရင္းျဖင့္ ပါးစပ္မွလည္း Merry Christmas ဟုေအာ္ဟစ္ခဲ့ေၾကာင္း သိရွိရပါတယ္။ ထို႔ေနာက္တြင္မူ Oliver အေနျဖင့္ ေအးေဆးတည္ၿငိမ္စြာျဖင့္ပင္ Starbucks ဆိုင္အတြင္း သြားထိုင္ေနကာ ရဲတပ္ဖဲြ႕ရဲ႕ လာေရာက္ဖမ္းဆီးျခင္းကို ေစာင့္ဆိုင္းေနခဲ့သည္ဟု မ်က္ျမင္သက္ေသမ်ားက ဆိုပါတယ္။

- Advertisement -

- Advertisement -

မၾကာခင္၌ပင္ ရဲတပ္ဖဲြ႕ဝင္မ်ား ေရာက္ရွိလာခဲ့ၿပီး Oliver ကိုဖမ္းဆီးခဲ့ပါတယ္။ ဒါ့အျပင္ Oliver အေနျဖင့္ ယခင္ကလည္း ဘဏ္ဓားျပတိုက္မႈျဖင့္ပင္ El Paso Country ထိန္းသိမ္းေရးစခန္း၌ အက်ဥ္းခ်ခံရဖူးေၾကာင္း   ေကာ္လိုရာဒိုရဲတပ္ဖဲြ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

<Zawgyi Version>

 

ကော်လိုရာဒိုဒေသ၌ ၂၀၁၉ ဒီဇင်ဘာ (၂၃) ရက်နေ့က ထူးဆန်းသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ အသက် (၆၅) နှစ်အရွယ်ရှိ David Wayne Oliver သည် နေ့လယ် (၁၂) နာရီခွဲအချိန်၌ Academy ဘဏ်အတွင်းသို့ သေနတ်တစ်လက်ကိုင်ကာ အေးဆေးစွာ ဝင်လာခဲ့ပြီး ပိုက်ဆံများကို ဓားပြတိုက်ခဲ့ပါတယ်။

သူဓားပြတိုက်ယူခဲ့သည့် ငွေပမာဏကို အတိအကျမသိရှိရပေမယ့် Oliver အနေဖြင့် ဘဏ်ကို အောင်မြင်စွာ ဓားပြတိုက်ပြီးနောက် ဘဏ်အပြင် လမ်းမပေါ်ကိုထွက်ကာ အိတ်ထဲမှ ပိုက်ဆံများကို ထုတ်ပြီး လေထဲကျဲပစ်ရင်းဖြင့် ပါးစပ်မှလည်း Merry Christmas ဟုအော်ဟစ်ခဲ့ကြောင်း သိရှိရပါတယ်။ ထို့နောက်တွင်မူ Oliver အနေဖြင့် အေးဆေးတည်ငြိမ်စွာဖြင့်ပင် Starbucks ဆိုင်အတွင်း သွားထိုင်နေကာ ရဲတပ်ဖွဲ့ရဲ့ လာရောက်ဖမ်းဆီးခြင်းကို စောင့်ဆိုင်းနေခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုပါတယ်။

မကြာခင်၌ပင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီး Oliver ကိုဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် Oliver အနေဖြင့် ယခင်ကလည်း ဘဏ်ဓားပြတိုက်မှုဖြင့်ပင် El Paso Country ထိန်းသိမ်းရေးစခန်း၌ အကျဉ်းချခံရဖူးကြောင်း   ကော်လိုရာဒိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

<Unicode Version>

 

Source ~ Unilad

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read