Veronica Duque ဟု အမည်ရသည့် ဆရာမတစ်ဦးဟာ လူ့ခန္ဓာကိုယ်အတွင်းပိုင်း ဖွဲ့စည်းပုံများကို သူမရဲ့ကျောင်းသားများ လွယ်ကူစွာ နားလည်သဘောပေါက်စေရန်အတွက် ခန္ဓာကိုယ်ရဲ့ အတွင်းကလီစာများအတိုင်း ဒီဇိုင်းဆွဲချုပ်လုပ်ထားသည့် ဝတ်စုံကို ခန္ဓာကိုယ်အပြည့် ဝတ်ဆင်ရင်း စာသင်ကြားခဲ့ပါတယ်။ အသက် (၄၅) နှစ်အရွယ်ရှိပြီဖြစ်သည့် အဆိုပါ ဆရာမသည် စာသင်သက် (၁၅) နှစ်ရှိခဲ့ပြီဖြစ်ပြီး သူမအနေနဲ့ ယခုကဲ့သို့ ဝတ်ဆင်ပြီး စာသင်နေပုံကို ခင်ပွန်းသည်ဖြစ်သူက ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်ဝက်ဘ်ဆိုက်ပေါ် တင်လိုက်ရာမှတစ်ဆင့် ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ရပါတယ်။
Muy orgulloso de este volcán de ideas que tengo la suerte de tener como mujer😊😊
Hoy ha explicado el cuerpo humano a sus alumnos de una manera muy original👍🏻
Y los niños flipando🤣🤣
Grande Verónica!!!👏🏻👏🏻😍😍 pic.twitter.com/hAwqyuujzs— Michael (@mikemoratinos) December 16, 2019
စပိန်နိုင်ငံမြောက်ပိုင်းမှာနေထိုင်တဲ့ Veronica ရဲ့ခင်ပွန်းဖြစ်သူ Michael က “သူမရဲ့ တီထွင်ကြံဆနိုင်မှုအတွက် ကျွန်တော်အရမ်းကို ဂုဏ်ယူမိပြီး သူ့လိုအမျိုးသမီးကို ပိုင်ဆိုင်ခွင့်ရရှိတဲ့အတွက်လည်း ကျွန်တော်တကယ် ကံကောင်းပါတယ်။ ဒီနေ့မှာ သူက ကျောင်းသားတွေကို လူတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ ရှင်းပြပေးခဲ့ပြီး ကျောင်းသားတွေအတွက်လည်း တကယ်ကို မင်္ဂလာရှိတဲ့နေ့ဖြစ်ခဲ့ပါတယ်။ မင်းအရမ်းတော်တယ် Veronica . . .” ဆိုပြီး ရေးသားခဲ့ပါတယ်။
ရေကူးဝတ်စုံအတိုင်း ဝတ်ဆင်ရသည့် အဆိုပါဝတ်စုံ၌ ခန္ဓာကိုယ်အတွင်း ကလီစာများကိုပါ တစ်ပါတည်း ထည့်သွင်းပုံဖော်ထားခြင်းဖြစ်ပြီး ဆရာမဖြစ်သူ Veronica က သူမရဲ့ တပည့်များ သင်ခန်းစာအပေါ် စိတ်ဝင်စားစေရန် ယခုဝတ်စုံက အကောင်းဆုံးဆွဲဆောင်နိုင်မည်ဟု ယူဆခဲ့သလို ကျောင်းသားများကလည်း သဘောကျနှစ်သက်ခဲ့ကြပါတယ်။ ဒါ့အပြင် Veronica ရဲ့ ယခုလုပ်ရပ်ကိုလည်း လူမှုကွန်ရက်အသုံးပြုသူများက ဝိုင်းဝန်းချီးကျူးနေကြပြီး သူမကဲ့သို့ ဆရာမ အများအပြားထွက်ပေါ်လာရန် လိုအပ်ကြောင်း မှတ်ချက်ပြု ရေးသားခဲ့ကြပါတယ်။
<Unicode Version>
#soshwe
#soshwelifestyle
#soshweforyourdailylife
#likeandshare