၁။ The Grudge
ႏွစ္ဆန္းပိုင္းကာလျဖစ္သည့္ ဇန္နဝါရီလ (1209၃) ရက္ေန႔၌ပင္ ပရိသတ္မ်ားေရွ႕ေမွာက္သို႔ ေရာက္ရွိလာမည့္ အဆိုပါဇာတ္ကား၌ Andrea Riseborough၊ John Cho၊ Betty Gilpin၊ Lin Shaye နဲ႔ Demian Bichir တုိ႔ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ဇန္နဝါရီလ၌ ထြက္ရွိလာသည့္ ဇာတ္ကားမ်ားသည္ ပရိသတ္မ်ား ေမွ်ာ္လင့္ထားသေလာက္ ေကာင္းမြန္ျခင္းမရွိခဲ့သည့္ အစဥ္အလာမ်ားရွိခဲ့ၿပီး The Grudge အေနျဖင့္ အဆိုပါ အစဥ္အလာဆိုးႀကီးကို ခ်ိဳးျဖတ္ႏိုင္မလား ေစာင့္ၾကည့္ရမည္ျဖစ္ပါတယ္။
၂။ A Quiet Place Part II
(၂၀၂၀) ခုႏွစ္၊ မတ္လ (၂၀) ရက္ေန႔၌ ရံုတင္ျပသမည့္ ဇာတ္ကားျဖစ္ၿပီး Emily Blunt၊ Cillian Murphy နဲ႔ Noah Jupe တို႔ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ Blunt ရဲ႕ ခင္ပြန္းျဖစ္သူ John Krasinski က ဒါရိုက္တာအျဖစ္ ရိုက္ကူးထားသည့္ ဇာတ္လမ္းျဖစ္ၿပီး ၿပီးခဲ့သည့္ Part I ၌လည္း ပရိသတ္မ်ားကို အေကာင္းဆံုး ဆဲြေဆာင္ႏုိင္ခဲ့သည့္ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။
၃။ Mulan
ပရိသတ္အခိုင္အမာရရွိထားၿပီးသားျဖစ္သည့္ အဆိုပါဇာတ္ကားကို မတ္လ (၂၇) ရက္ေန႔၌ ရံုတင္ျပသမည္ျဖစ္ၿပီး Jet Li၊ Yifei Liu၊ Donnie Yen၊ Li Gong နဲ႔ Jason Scott Lee တို႔ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ Disney ရုပ္ရွင္မ်ားအနက္ သက္ရွိမ်ားျဖင့္ ရိုက္ကူးထားသည့္ ပထမဆံုးဇာတ္ကားတစ္ကားလည္းျဖစ္ပါတယ္။
၄။ The Lovebirds
ဧၿပီလ (၃) ရက္ေန႔၌ ပရိသတ္မ်ားေရွ႕ေမွာက္သို႔ ေရာက္ရွိလာမည့္ ဇာတ္ကားျဖစ္ၿပီး Kumail Nanjiani၊ Issa Rae နဲ႔ Anna Camp တို႔ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ Nanjiani နဲ႔ ဒါရိုက္တာ Michael Showalter တို႔ ျပန္လည္လက္တဲြျဖစ္ခဲ့သည့္ ဇာတ္ကားတစ္ကားလည္းျဖစ္ပါတယ္။
၅။ No Time to Die
နာမည္ေက်ာ္ ဂ်ိမ္းစ္ဘြန္းမင္းသားႀကီး ဦးေဆာင္လာမည့္ အဆိုပါဇာတ္ကားကို ဧၿပီလ (၈) ရက္ေန႔၌ ရံုတင္ျပသသြားမည္ျဖစ္ပါတယ္။ Daniel Craig အတြက္ ေနာက္ဆံုးေသာ ဂ်ိမ္းစ္ဘြန္းဇာတ္ကားလည္းျဖစ္လာႏိုင္ၿပီး သူ႔ရဲ႕အမာခံပရိသတ္မ်ားအတြက္ လက္လႊတ္မခံသင့္သည့္ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။
၆။ Black Widow
ပရိသတ္မ်ား အထူးေစာင့္ေမွ်ာ္ေနသည့္ ဇာတ္ကားတစ္ကားျဖစ္ၿပီး လာမည့္ ေမလ (1209၁) ရက္ေန႔၌ ရံုတင္ျပသသြားမည္ျဖစ္ပါတယ္။ Scarlett Johansson က အဓိက ဇာတ္ေဆာင္အျဖစ္ ဦးေဆာင္လာမည္ျဖစ္ၿပီး Marvel ခ်စ္သူမ်ားအတြက္ စိတ္ေက်နပ္စရာ ဇာတ္လမ္းေကာင္းတစ္ခု ျဖစ္လာႏုိင္ဖြယ္ရွိပါတယ္။
၇။ Wonder Woman 1984
ဇြန္လ (၅) ရက္ေန႔၌ ရံုတင္ျပသသြားမည့္ ဇာတ္ကားျဖစ္ၿပီး Gal Gadot၊ Kristen Wiig နဲ႔ Chris Pine တိုိ႔ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ Chris Pine ပါဝင္လာျခင္းက ပရိသတ္မ်ားအတြက္ စိတ္ဝင္စားစရာျဖစ္ေနၿပီး Kristen Wiig ကလည္း မည္ကဲ့သို႔ေသာ ဗီလိန္ဇာတ္ရုပ္နဲ႔ ပရိသတ္မ်ားကို ေဖ်ာ္ေျဖမည္လဲဆိုျခင္းကို ေစာင့္ၾကည့္ရမည့္ ဇာတ္ကားျဖစ္ပါတယ္။
၈။ Top Gun: Maverick
မင္းသားႀကီး Tom Cruise ဦးေဆာင္လာမည့္ အဆိုပါဇာတ္ကားကို ဇြန္လ (၂၆) ရက္ေန႔၌ ရံုတင္ျပသသြားမည္ျဖစ္ၿပီး ပရိသတ္မ်ားအတြက္ ေစာင့္ၾကည့္ရက်ိဳးနပ္ေစမည့္ ဇာတ္ကားတစ္ကားျဖစ္လာဖြယ္ရွိပါတယ္။
<Zawgyi Version>
၁။ The Grudge
နှစ်ဆန်းပိုင်းကာလဖြစ်သည့် ဇန်နဝါရီလ (1209၃) ရက်နေ့၌ပင် ပရိသတ်များရှေ့မှောက်သို့ ရောက်ရှိလာမည့် အဆိုပါဇာတ်ကား၌ Andrea Riseborough၊ John Cho၊ Betty Gilpin၊ Lin Shaye နဲ့ Demian Bichir တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇန်နဝါရီလ၌ ထွက်ရှိလာသည့် ဇာတ်ကားများသည် ပရိသတ်များ မျှော်လင့်ထားသလောက် ကောင်းမွန်ခြင်းမရှိခဲ့သည့် အစဉ်အလာများရှိခဲ့ပြီး The Grudge အနေဖြင့် အဆိုပါ အစဉ်အလာဆိုးကြီးကို ချိုးဖြတ်နိုင်မလား စောင့်ကြည့်ရမည်ဖြစ်ပါတယ်။
၂။ A Quiet Place Part II
(၂၀၂၀) ခုနှစ်၊ မတ်လ (၂၀) ရက်နေ့၌ ရုံတင်ပြသမည့် ဇာတ်ကားဖြစ်ပြီး Emily Blunt၊ Cillian Murphy နဲ့ Noah Jupe တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Blunt ရဲ့ ခင်ပွန်းဖြစ်သူ John Krasinski က ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်ပြီး ပြီးခဲ့သည့် Part I ၌လည်း ပရိသတ်များကို အကောင်းဆုံး ဆွဲဆောင်နိုင်ခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
၃။ Mulan
ပရိသတ်အခိုင်အမာရရှိထားပြီးသားဖြစ်သည့် အဆိုပါဇာတ်ကားကို မတ်လ (၂၇) ရက်နေ့၌ ရုံတင်ပြသမည်ဖြစ်ပြီး Jet Li၊ Yifei Liu၊ Donnie Yen၊ Li Gong နဲ့ Jason Scott Lee တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Disney ရုပ်ရှင်များအနက် သက်ရှိများဖြင့် ရိုက်ကူးထားသည့် ပထမဆုံးဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
၄။ The Lovebirds
ဧပြီလ (၃) ရက်နေ့၌ ပရိသတ်များရှေ့မှောက်သို့ ရောက်ရှိလာမည့် ဇာတ်ကားဖြစ်ပြီး Kumail Nanjiani၊ Issa Rae နဲ့ Anna Camp တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Nanjiani နဲ့ ဒါရိုက်တာ Michael Showalter တို့ ပြန်လည်လက်တွဲဖြစ်ခဲ့သည့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
၅။ No Time to Die
နာမည်ကျော် ဂျိမ်းစ်ဘွန်းမင်းသားကြီး ဦးဆောင်လာမည့် အဆိုပါဇာတ်ကားကို ဧပြီလ (၈) ရက်နေ့၌ ရုံတင်ပြသသွားမည်ဖြစ်ပါတယ်။ Daniel Craig အတွက် နောက်ဆုံးသော ဂျိမ်းစ်ဘွန်းဇာတ်ကားလည်းဖြစ်လာနိုင်ပြီး သူ့ရဲ့အမာခံပရိသတ်များအတွက် လက်လွှတ်မခံသင့်သည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
၆။ Black Widow
ပရိသတ်များ အထူးစောင့်မျှော်နေသည့် ဇာတ်ကားတစ်ကားဖြစ်ပြီး လာမည့် မေလ (၁) ရက်နေ့၌ ရုံတင်ပြသသွားမည်ဖြစ်ပါတယ်။ Scarlett Johansson က အဓိက ဇာတ်ဆောင်အဖြစ် ဦးဆောင်လာမည်ဖြစ်ပြီး Marvel ချစ်သူများအတွက် စိတ်ကျေနပ်စရာ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
၇။ Wonder Woman 1984
ဇွန်လ (၅) ရက်နေ့၌ ရုံတင်ပြသသွားမည့် ဇာတ်ကားဖြစ်ပြီး Gal Gadot၊ Kristen Wiig နဲ့ Chris Pine တိို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Chris Pine ပါဝင်လာခြင်းက ပရိသတ်များအတွက် စိတ်ဝင်စားစရာဖြစ်နေပြီး Kristen Wiig ကလည်း မည်ကဲ့သို့သော ဗီလိန်ဇာတ်ရုပ်နဲ့ ပရိသတ်များကို ဖျော်ဖြေမည်လဲဆိုခြင်းကို စောင့်ကြည့်ရမည့် ဇာတ်ကားဖြစ်ပါတယ်။
၈။ Top Gun: Maverick
မင်းသားကြီး Tom Cruise ဦးဆောင်လာမည့် အဆိုပါဇာတ်ကားကို ဇွန်လ (၂၆) ရက်နေ့၌ ရုံတင်ပြသသွားမည်ဖြစ်ပြီး ပရိသတ်များအတွက် စောင့်ကြည့်ရကျိုးနပ်စေမည့် ဇာတ်ကားတစ်ကားဖြစ်လာဖွယ်ရှိပါတယ်။
<Unicode Version>
Source ~ Marieclaire
#HM(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share